ရန်ကုန်မြို့လယ်တွင် ၂၅ ထပ်အမြင့်ရှိ ကြယ်ငါးပွင့်ဟိုတယ်ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
3081 Views

ရန်ကုန်မြို့လယ်တွင် ၂၅ ထပ်အမြင့်ရှိ ကြယ်ငါးပွင့်ဟိုတယ်ဖွင့်လှစ်မည်

စင်ကာပူအခြေစိုက် Pan Pacific ဟိုတယ်လုပ်ငန်းစု က ရန်ကုန်မြို့ Junction City ၌ ၂၅ ထပ်ရှိသည့် ကြယ်ငါးပွင့်ဟိုတယ်ကို လာမည့် နိုဝင်ဘာတွင်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ထုတ်ပြန်ကြေ ညာသည်။

ကြယ်ငါးပွင့်အဆင့်ရှိ အဆို ပါဟိုတယ်သည် ရန်ကုန်မြို့ အ ချက်အချာကျသည့် ဗိုလ်ချုပ်ဈေး၊ဆူးလေစေတီနှင့် ရွှေတိဂုံစေတီ အနီးတစ်ဝိုက်တွင် ဖွင့်လှစ်ခြင်း ကြောင့် ဈေးကွက်အလားအလာ ကောင်းသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

‘‘အခုလို ဟိုတယ်ဖွင့်လှစ် ခြင်းက အာရှ-ပစိဖိတ်ဒေသမှာ ခြေလှမ်းသစ် ထပ်မံလှမ်းယူတာ ပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ခရီး သွားလုပ်ငန်းနဲ့ ဟိုတယ်ကဏ္ဍ တွေ တိုးတက်ဖို့လည်း အထောက် အကူပြုသွားမှာပါ’’ဟု Pan Pacific ဟိုတယ်အုပ်စု အမှု ဆောင်အရာရှိချုပ် မစ္စတာလိုသာ နက်စ်မန်းက ပြောသည်။

ယခုဖွင့်လှစ်သည့် ဟိုတယ် သည် စီးပွားရေးလုပ်ငန်းရှင်ကြီး များနှင့် ဇိမ်ခံအနားယူလိုသည့် ခရီးသွားများကို ဦးတည်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ Pan Pacific ဟိုတယ် အုပ်စုသည် မြန်မာနိုင်ငံတွင် ParkRoyal အမည်ဖြင့် ရန်ကုန်နှင့် နေပြည်တော်၌ ဟိုတယ်နှစ်လုံး ဖွင့်လှစ်ထားသည်။

‘‘သူတို့က ကြယ်ငါးပွင့်အ ဆင့်ဆောက်ထားလို့ သတ်မှတ် လိုက်တာဖြစ်မယ်။ အခုနောက် ပိုင်း ကြယ်တွေနဲ့ ဟိုတယ်တွေ ကို သတ်မှတ်လေ့မရှိတော့ဘူး’’ ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ပြုံးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ရှစ်လုံးခန့်သာ ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဟိုတယ် ၁,၄၃၂ လုံးဖွင့်လှစ်ထားပြီး ရန်ကုန်၌ ၃၅၄ လုံး ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ၁၀ နိုင်ငံက ဟိုတယ်လုပ်ငန်း ၅၆ ခုလာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင် နေသည်။ ယင်းတို့အနက်စင်ကာပူနိုင်ငံက ဟိုတယ်လုပ်ငန်း ၂၆ ခုဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီးထိုင်းနိုင်ငံက ဒုတိယအများဆုံး ဖြစ်သည်။ ထို့နောက် ဟောင် ကောင်နှင့် ဂျပန်တို့က အဆင့် လိုက် အများဆုံးရင်းနှီးမြှုပ်နှံထား သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service