SME လုပ်ငန်းများ အတွက် ငွေ ဘီလီယံနှင့်ချီ၍ ချေးငွေထုတ်ပေးရန် စီစဉ်နေ - Property News in Myanmar from iMyanmarHouse.com
6237 Views

SME လုပ်ငန်းများ အတွက် ငွေ ဘီလီယံနှင့်ချီ၍ ချေးငွေထုတ်ပေးရန် စီစဉ်နေ

မြန်မာနိုင်ငံအတွင်းရှိ SME အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရန်အတွက် နှစ်ဆင့်ခံ ချေးငွေရရှိနိုင်ရန် နိုင်ငံတော်အစီအစဉ်ဖြင့် တိုက်ရိုက် ကူညီပေးမှုအနေဖြင့် ကျပ် ဘီလီယံနှင့် ချီ၍ ငွေထုတ်ချေးကာ ကူညီထောက်ပံ့ရန် စီစဉ်နေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ်လကုန်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် အဆိုပါ အစီအစဉ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍတိုးတက်ရန်၊ အသေးစားနှ င့် အလတ်စားလုပ်ငန်း ဧရိယာဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်းဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရက ပြုလုပ်မည့် နှစ်ဆင့်ခံ ချေးငွေ အစီအစဉ်ဆိုသည်မှာ အစိုးရပိုင်း က ပြည်ပချေးငွေ အကူအညီများ ဦးစွာရယူပြီးနောက် ပြည်တွင်း SME လုပ် ငန်းများကို တဆင့်ပြန်လည် ချေးပေးမည့် အစီအစဉ်ပုံစံမျိုးဖြစ်သည်။

“SME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် မလာခြင်းက လိုအပ်သလောက် ချေးငွေ မရရှိတာက အဓိက ကျတယ်၊ အခြေခံ အားဖြင့် မရှိမဖြစ် လိုတာက ချေးငွေ အပြင် နောက်ထပ် ထည့်တွက်ရမယ့် ကိစ္စတွေကလည်း အများကြီး ရှိနေပေ မယ့် အရင်းအနှီးရှိရင် နည်းပညာပိုင်းအတွက် အဆင်ပြေနိုင်တယ်၊ ပြည်တွင်း လုပ်ငန်းတွေရဲ့ အခက်အခဲက အရင်းအနှီး လိုအပ်ချက် ကြီးမားနေတဲ့အ ချက် ဖြစ်တယ်၊ ဒါကို အကူအညီပေးမယ်ဆိုတော့ SME လုပ်ငန်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာ မယ်”ဟု မန္တလေးစက်မှုဇုန်မှ အသေးစားလုပ်ငန်းရှင် ဦးကျော်မင်း က ပြောသည်။

အစိုးရသည် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု လုပ်ငန်းများ၊ အိမ်တွင်းမှု လုပ် ငန်းများ၊ ဒေသအလိုက် ထုတ်ကုန်လုပ်ငန်းများ သာမက ပြည်ပသွင်းကုန် အစားထိုးနိုင်မည့် ထုတ်ကုန်လုပ်ငန်းများနှင့် ပို့ကုန်ဆောင်ရွက်နိုင်မည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထား ကူညီပံ့ပေးရန် ဆောင်ရွက်ထားေ ကြာင်း သိရသည်။

“SME လုပ်ငန်းတွေအတွက် ချေးငွေအပြင် နည်းပညာပိုင်းကိုလည်း အစိုးရ က ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ရှာဖွေတင် သွင်းပေးနိုင်ဖို့ လိုတယ်၊ သင်တန်းတွေ အများအပြား လိုအပ်တယ်၊ နည်းပ ညာ ကောင်းမှသာ အရည်အသွေး ကောင်းမွန်တဲ့ ပစ္စည်းများကို ထုတ် လုပ်နိုင်မှာ ဖြစ်တယ်၊ နောက်ပြီး ဈေးကွက်ရှာဖွေပေးနိုင်ဖို့လည်း လိုအပ် တယ်၊ အသေးစား အလတ်စားလုပ်ငန်းရှင်များက ကိုယ်တိုင် ဈေးကွက် လိုက်ရှာဖို့ဆိုတာ ခက်ခဲပါတယ်” ဟု မန္တလေးစက်မှုဇုန်များ စီမံခန့်ခွဲမှုကော် မတီမှ အတွင်းရေးမှူး ကိုမောင်မောင်ဦးက ရှင်းပြသည်။

စိုက်ပျိုးရေးကဏ္ဍတွင်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သီးနှံစိုက်ပျိုးစ ရိတ် ချေးငွေသာ ထုတ်ချေးပေးနိုင်သေးပြီး အနာဂတ်ကာလတွင် စိုက်ပျိုးခြင်း၊ သွင်းအားစု ထည့်သွင်းခြင်း၊ လယ်ယာသုံး စက်ကိရိယာဝယ်ယူခြင်း၊ ကြိတ် ခွဲရောင်း ချခြင်းနှင့် နိုင်ငံခြားပို့ကုန်ဈေးကွက်ရှာဖွေခြင်းစသည့် အပိုင်းများ အတွက်အထိ ချေးငွေထောက်ပံ့ကူညီရန် စီစဉ်ထား ကြောင်း သိရသည်။

ဆောက်လုပ်ရေးကဏ္ဍတွင်လည်း ဈေးကွက်အေးစက်နေမှုကြောင့် အခက် အခဲရှိနေသည့် လုပ်ငန်းများနှင့် ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းအဆုံး သတ်ရန် ခက်ခဲနေသည့် လုပ်ငန်းများအနက် အလားအလာကောင်းသော လုပ်ငန်းများကို ငွေပင်ငွေရင်း ဖြည့်တင်းပေးသွားရန် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

ပြည်တွင်း SME အသေးစား၊ အလတ်စားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရန်အတွက် ဖွံ့ဖြိုးရေးဘဏ်တခု ထူထောင် ရန်လိုအပ်ပြီး အစိုးရ က ငွေထုတ်ချေးမည့်အစီအစဉ်အတွက် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တခုကိုပါ ထူထောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service