ကုမ္ပဏီအက်ဥပဒေသစ် ထွက်ပါက စတော့အိတ်ချိန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
5981 Views

ကုမ္ပဏီအက်ဥပဒေသစ် ထွက်ပါက စတော့အိတ်ချိန်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမည်

အသစ်ပြန်လည်ရေးဆွဲနေသော မြန်မာနိုင်ငံ ကုမ္ပဏီအက်ဥပဒေ ထွက်ရှိလာပါက ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM) ထံမှ သိရသည်။

ယင်းဥပဒေတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ရာခိုင်နှုန်းတစ်ခုအထိ ခွင့်ပြုထားခြင်းကြောင့် လက်ရှိအချိန်တွင်လည်း စတော့အိတ်ချိန်းနှင့် ပတ်သက်သည့် ဥပဒေများတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုနိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း SECM မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကုမ္ပဏီအက်ဥပဒေက ဒီနှစ်ထဲမှာ ထွက်လာမယ်ဆိုတော့ ရန်ကုန်စတော့ အိတ်ချိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်နိုင်ဖို့ နည်းဥပဒေတွေ ပြင်ဆင်နေတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိသော ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများနှင့် အရောင်းအဝယ်များ ကျဆင်းလျက်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာပါက ဈေးကွက် အနည်းငယ် ပြန်တက်လာနိုင်ကြောင်း စတော့ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

“အရင်းအနှီး ဈေးကွက်ဆိုတာ နိုင်ငံစီးပွားရေးနဲ့ တိုက်ရိုက် သက်ဆိုင်တာ။ အခုက နိုင်ငံစီးပွားရေး နှေးနေတော့ လူတွေ ကိုယ့်ဘာသာ လုံလောက်အောင် သုံးနေရတာ။ ဘယ်က အပိုပိုက်ဆံနဲ့ ဒီဈေးကွက်မှာ ရင်းနှီးမြှုပ်နှံနိုင်မှာလဲ”ဟု ၎င်းကပြောဆိုသည်။

လတ်တလောတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ FMI ၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံ သားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့က ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိသည်။

Credit: The Voice

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service