အိမ်ရှင်က အိမ်ငှားကို ပိုက်ဆံပြန်ပေးရတဲ့ နေပြည်တော် - Property News in Myanmar from iMyanmarHouse.com
5242 Views

အိမ်ရှင်က အိမ်ငှားကို ပိုက်ဆံပြန်ပေးရတဲ့ နေပြည်တော်

အပြာရောင်တိုက်အိမ်လုံးချင်းလေးထဲမှာ  လူ ငါးယောက်သာရှိတဲ့ မိသားစုေ လးဟာ   ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသလို အိမ်ရှင် ကတောင် သူတို့မိသားစုလေးကို ငွေကြေး  ပြန်လည်ထောက်ပံ့ပေးထားပါေ သးတယ်။

လူလတ်တန်းစား အဆင့်လောက်နေထိုင်နိုင်တဲ့ ပေ ၆၀  x ပေ ၈၀ ပတ် လည် ခြံ ထဲမှာ တစ် ထပ်တိုက် လုံးချင်း အိမ်လေးက မမာချိုတို့  မိသားစု အပိုင်မဟုတ်ဘဲ အိမ်စောင့်အဖြစ် အိမ်ရှင်က သူတို့ မိသားစုကို နေခိုင်းပြီး  တစ်ခါတစ်ရံမှာ ထောက်ပံ့ငွေပါ ပေးနေတာ ဖြစ်ပါတယ်။

နေပြည်တော်မှာ  လူမနေတဲ့ အိမ်အလွတ်တွေ အများအပြား ရှိနေတာေ ကြာင့် နေပြည်တော် တည်ဆောက်တဲ့ အချိန်က လာရောက်ကြတဲ့ ရွှေ့ြေ ပာင်းလုပ်သားတွေဟာ လုပ်ငန်းခွင် ပြီးစီးပေမဲ့လည်း  နေရပ်ကို မပြန်ဘဲ  အိမ်အလွတ်တွေပေါ်တက်နေကြသလို မြေကွက်လပ် အလွတ်တွေ မှာ  တစ်ဖက်ရပ်တဲလေးတွေ ထိုးပြီး ကျပန်းလုပ်ကိုင်စားနေကြတာ ဖြစ်ပါတယ်။

မမာချိုတို့ မိသားစု ငါးယောက်ဟာ  နေပြည်တော် ကောင်စီနယ်မြေ အတွင်း က ပုဗ္ဗသီရီမြို့ နယ်  ဇဝန  သီရိရပ်ကွက် ၊ ခွါညို  ၁ လမ်းမှာ နေ ထိုင်လာတာ ခုနစ်နှစ်ကြာခဲ့ပြီး  အိမ်ရှင်ကိုယ်တိုင်က အိမ်ကို စောင့်ရှောက်ေ ပးလို့ ဆိုပြီး  အသွားအလာ အဆင်ပြေစေအောင် ဆိုင်ကယ်အသစ်တစ်စီးပါ ဝယ်ပေးထားပါတယ်။

မမာချိုက “အစ်မတို့နေတာ ခုနစ်နှစ်ရှိပြီ၊ အိမ်ရှင်တွေက ခဏခဏ လာ ကြည့်တာမျိုးလဲ မရှိဘူး၊ သူတို့ တစ်ခါတလေ  လာကြည့်ရင်  မုန်ဖိုးဆိုပြီး ပိုက် ဆံတောင်ပေးသွားသေးတယ်”လို့ ပြောပါတယ်။

ပိုင်ရှင်ရှိပြီး  နေသူမဲ့နေတဲ့ အိမ်အများစုဟာ နေပြည်တော် မြို့အသစ်မှာပဲ အများအပြားရှိနေတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အထူးအခွင့်အေ ရးတစ်ရပ်လည်း ဖြစ်နေပါ တယ်။

အဲသည်  ရွှေ့ပြောင်း လုပ်သားအများစုဟာ အသက်မွေးဝမ်းကျောင်း လုပ်ငန်း အနေနဲ့  ပန်းရန်လုပ်ငန်းနဲ့ ဆိုင်ကယ် ကယ်ရီဆွဲပြီး ဝင်ငွေရမယ့် ကျပန်း လုပ်ငန်းမှန်သမျှ  လုပ်ကိုင်စား သောက်နေကြတာ ဖြစ်ပါတယ်။

မြို့နယ်ပေါင်း ရှစ်မြို့နယ် ရှိတဲ့ နေပြည် တော်မှာ အိမ်ဆောက်ထားပြီး လူမေ နတဲ့ မြို့ နယ်ကတော့  ဥတ္တရသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့ နယ်တွေပဲ ဖြစ်ပါ တယ်။  ပုဗ္ဗသီရိမြို့နယ်ထဲမှာ ဆိုရင် အစိုးရပုဗ္ဗနဲ့ အရပ်ပုဗ္ဗဆိုပြီး ဝန်ထမ်းေ တွကို ရာထူး အဆင့်အလိုက်   သတ်မှတ်ပြီး မြေကွက်နဲ့ အိမ်တွေချပေးထား တာ ဖြစ်ပါတယ်။

၂၀ဝ၈ ခုနှစ်ကတည်းက   ပုဗ္ဗသီရိ မြို့နယ်အတွင်းမှာ တပ်မ တော်မှာ တာ ဝန်ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေ၊ ဝန်ကြီးဌာနရုံးမှ ရုံးဝန်ထမ်း တွေနဲ့ ပင် စင်စားဝန်ထမ်းတွေကို ဦးစားပေးစနစ်နဲ့ မြေကွက်တွေကို စတင်ချပေးခဲ့ တာ ဖြစ်ပါတယ်။

အဲသည်လို မြေကွက်တွေ ချပေးတုန်းက လူနေအိမ်တွေပါ ဆောက်ပြီးသား ပါ ဝင်သလို မြေကွက်လပ်ပဲပေးပြီး ကိုယ်တိုင်အိမ်ဆောက် ရတာမျိုးတွေလည်း ရှိပါတယ်။

နေခပေးမယ်

ပုဗ္ဗသီရိမြို့နယ် တံခွန်အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ  ဦးသိန်းထိုက်ဦးက “နေပြည်တော်က အခြား မြို့တွေနဲ့ မတူ ဘူး၊  အိမ်ရှင်က အိမ်ငှားကို ပိုက် ဆံပြန်ပေးရတာတွေ အများကြီး ပဲ၊ အထူးသဖြင့် ပုဗ္ဗမြို့နယ်မှာ ပိုများတယ်” လို့ ပြောပါတယ်။

အခြား လူနေထူထပ်တဲ့ မြို့ကြီးတွေမှာဆိုရင် ကျောတစ်ခင်းစာနေရာရ ဖို့  မြေနေရာ ရှားပါးလွန်းပေမဲ့ နေပြည်တော်မှာတော့ အိမ် ဆောက်ပြီး လူမနေတဲ့ အိမ်တွေ အများအပြား  ရှိနေတာကြောင့်  အခြား မြို့ ကြီးတွေ နဲ့တော့ ဆန့်ကျင်ဘက်   ဖြစ်ပါတယ်။

လူမနေတဲ့ အိမ်အလွတ်တွေမှာ  ရွှေ့ ပြောင်းလုပ်သားအများစုဟာ ဘယ်သူ့ ဆီမှ ခွင့်ပြုချက် မယူဘဲ သည်အတိုင်းတက်နေတာတွေလည်း အများအပြား ရှိနေပါ တယ်။ အဲသည်လို  တက်နေတာကို အိမ်ရှင်က သိပြီး လာကြည့်တဲ့အ ခါမှာ စည်းကမ်းရှိရှိ နဲ့ သန့်သန့်ရှင်းရှင်းနေဖို့ မှာပြီး တချို့ အိမ်ရှင်တွေဆိုရင် သူတို့ အိမ်တွေမှာ နေပေးလို့ ငွေကြေးထောက်ပံ့မှုတွေ ပေးသွားပါသေးတယ်။

နေထိုင်ခဲ့တဲ့ သက်တမ်းခုနစ်နှစ် ကာလအတွင်းမှာ အိမ်ရှင်လာရောက် ကြည့် ရှုတဲ့ အခြေအနေကို ကိုမဲကြီးက “အဲဒီလို သန့်သန့်ပြန့်ပြန့် လေး နေမယ်ဆို ရင်နေ ပေါ့ဆိုပြီး ပြောသွားတည်းက မလာတော့တာ အခုထိပဲ” လို့ ပြောပါ တယ်။

ကိုမဲကြီးတို့  မိသားစုဟာ နေပြည် တော် ဆောက်လုပ်ရေး  တည်ဆောက်ပြီး အလုပ်သိမ်း ချိန်မှာ ဇာတိမြို့ဖြစ်တဲ့ ဒိုက်ဦးကို မပြန်တော့ဘဲ  လွတ်နေတဲ့ အိမ်ကို တက်နေပြီး အိမ်ရှင်ကလာ နှင်ချမှ  ပြန်မယ်၊ လာမပြောခင်အထိေ တာ့ နေလို့  ရသ လောက်နေမယ်ဆိုတဲ့  စိတ်မျိုးနဲ့ နေထိုင်  လာခဲ့တာ အခု ဆိုရင် ခုနှစ်နစ် ရှိနေပါပြီ။

ကိုမဲ ကြီးရဲ့ ဇနီးဖြစ်သူက “အိမ်လခ မပေးဘဲနေရတော့ ရှာလို့ရတဲ့ ပိုက် ဆံက ကလေးတွေ ပညာရေး၊ ကျန်းမာရေးအတွက် သုံးရတယ်၊ တစ်ခုတော့ စိုးရိမ်ရတာပေါ့၊ သူတို့ဘယ်တော့ နှင်ချမလဲ ဆိုတာကိုလေ”လို့ သူတို့မိသား စုရဲ့ အခြေအနေကို ပြောပါတယ်။

ကိုမဲကြီးတို့ မိသားစု တက်နေတဲ့အိမ်မှာ ပုဗ္ဗသီရိမြို့နယ်ထဲက အချက်အချာ ကျတဲ့ နေရာရှိပါတယ်။   အဲသည်နေရာတွေက လူမနေရင် ပေါင်းပင်တွေက အိမ်ကို ဖုံးတဲ့အထိ ပေါက်နေတာကိုလည်း တွေ့ရပါတယ်။

“အိမ်က လူမနေရင် ခြတက်တယ်၊ ပစ္စည်းတွေ ခိုးခံရတယ်၊သူတို့ နေပေးေ တာ့ အဆင်ပြေတယ်လေ၊   တစ်ခါတလေ အိမ်ဘက်ရောက်လို့ ဝင်ကြည့်ရင်း သူတို့တွေ ဈေးဖိုးပေးတာမျိုး ဘာမျိုးတော့ရှိတယ်” လို့ နေပြည်တော် သပြေ ကုန်းရပ် ကွက်မှာ နေထိုင်တဲ့ အိမ်ရှင်ဖြစ်သူ မညိုညိုလဲ့သင်းက ပြောပါတယ်။

ပိုင်ရှင်

အဲသည်လို နေပြည်တော်မှာ အိမ်တွေပိုင်ဆိုင်ပြီး နေထိုင်ခြင်းမရှိတဲ့ ပိုင်ရှင် အများစု ဟာ အစိုးရဝန်ထမ်းထဲက အများစု ဖြစ်ကြတယ်လို့လည်း နေပြည်ေ တ်ာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ အဖွဲ့ဝင်တချို့က သုံးသပ် ပြောကြား ပါတယ်။

အိမ်အလွတ်တွေမှာ ဝင်ရောက်နေထိုင်တဲ့သူတွေဟာ တစ်ဦးစ နှစ်ဦးစ မဟုတ်ဘဲ ပုဗ္ဗသီရိ မြို့နယ်အတွင်းမှာ အများအပြားရှိတယ်လို့လည်း တံခွန် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသိန်းထိုက်ဦးက ပြောတယ်။

နှစ်အတော်ကြာ လူမနေတဲ့ အိမ်တွေမှာ ဆိုရင် အိမ်ရဲ့ တံခါးရွက်တွေက အစ ဖြုတ်ယူပြီး ခိုးယူနေတာကြောင့် အိမ်ရှင်အ များစုက အိမ်လခမယူတဲ့ အပြင် ထောက်ပံ့မှု တချို့ပါပေးပြီး နေခိုင်းနေကြတာ ဖြစ်ပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service