အိမ်ရောင်းသူမှာ လက်ချည်းဗလာ၊ မြေပါမစ်က ငွေရှင်လက်ထဲမှာ - Property News in Myanmar from iMyanmarHouse.com
2974 Views

အိမ်ရောင်းသူမှာ လက်ချည်းဗလာ၊ မြေပါမစ်က ငွေရှင်လက်ထဲမှာ

ယနေ့မနက် ၁၁ နာရီမှာ ကိုးရီးယား+မြန်မာဖက်စပ် စီးပွားရေးလုပ်ကိုင်နေ တဲ့ မန်နေးဂျင်းဒါရိုက်တာ MD မခိုင်ခိုင်ကျော် နဲ့ စာချုပ်တစ်ခု ချုပ်ဆိုပေးဖို့ ကိစ္စချိန်းထားတာမို့ နံနက် ၆ နာရီမှာ အိမ်ရာမှထကာ ကြိုတင်ပြင်ဆင်မှုေ တွ ပြုလုပ်တဲ့အချိန်မှာပဲ၊ ဖုန်းမြည်သံကြားလို့ ယူပြီး နားထောင်ကြည့်လိုက် တဲ့အခါ “ဆရာ...ကျွန်မ နွယ်နီပါ” “အေး..သမီးပြောပါ” လို့ ကျွန်ုပ်က နှုတ် ဆက်လိုက်တာနဲ့ “စောစောစီးစီး၊ ဆရာ့ကို ဒုက္ခပေးသလိုများဖြစ်သွားလား မသိဘူးနော်” “အမလေး နွယ်နီရယ်၊ နိဒါန်းတွေ ပျိုးနေရသေးတယ်၊ ကဲ ကဲ.. ဆရာ ဘာကူညီရမလဲသာ ပြောပါ”လို့ ဆိုတော့မှ “အဟိ...ကျွန်မာရဲ့ မမက ဒဂုံဆိပ်ကမ်း (၈၈)ရပ်ကွက်မှာ အိမ်ဝယ်ချင်လို့တဲ့၊ ဒီမနက် ၈ နာရီခွဲမှာ စာ ချုပ်မှာလို့ ပြောတယ်။ ရှေ့နေနဲ့ စာချုပ်ချင်တယ်ပြောလို့ ဆရာ့ကို သတိရလို့ အကူအညီ တောင်းတာပါ” “ဟုတ်လား၊ လိုက်ချုပ်ပေးရမှာပေါ့၊ စာချုပ်ဖြစ် ရင် ရှေ့နေဥာဏ်ပူဇော်ခ ရမယ့်ကိစ္စ၊ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ မင်္ဂလာရှိသော နံနက်ခင်းပါ နွယ်နီရေ”

ဟန်တွေ ပန်တွေ မလိုပါသနော် ပွဲဖြစ်ဖို့က အဓိကနော်

“အဟိ....ဆရာသိပ်လိုက်ချင်ပုံမပေါ်ဘူးနော်” “ဘယ့်နှယ့် ပြောလိုက်တာ လဲနွယ်နီရယ်၊ မိုးတွင်းကာလ အိမ်ခြံမြေ ဝယ်သူတွေ ရှားပါးနေတဲ့ အချိန်မှာ ဝယ်ချင်သူက စာချုပ်ဖို့ လာခေါ်တာ၊ မလိုက်ချင်ဘဲ ဘယ်နေပါ့မလဲ လိုက်ချင် တာပေါ့၊ စောတာတွေ ဘာတွေ ဆင်ခြေပေးနေလို့ မဖြစ်ဘူးလေ၊ ရှေ့နေ လည်း ငွေလိုနေတာပဲ ပွဲဖြစ်ပါစေ ဆုတောင်းပေးရမှာပေါ့၊ ရောင်းသူ ဝယ် သူတွေ အိုကေမှ ရှေ့နေလည်း စိုပြေမှာလေ မဟုတ်ဘူးလား နွယ်နီရဲ့”

“အိုး...ဆရာကလည်း ဟန်မဆောင်တတ်ဘူးနော်၊ ဒါဆို အိမ်ကသာ စောင့်ေ နပေတော့။ မကြာခင် မမနဲ့ သူရဲ့ သူဌေးကားနဲ့ ရောက်လာလိမ့်မယ်” ဟု ဆိုကာ ကျွန်ုပ်အိမ်ကို သွားပုံသွားနည်း တစ်ခါတည်း လမ်းညွှန်နေတာကို ဖုန်းထဲက ကြားနေရပါတယ်။ နွယ်နီရဲ့ လမ်းညွှန်ချက်အတိုင်း နာရီဝက်ေ လာက်အကြာမှာ နွယ်နီရဲ့ မမနဲ့ သူရဲ့ သူဌေးကလေးတို့ ရောက်လာပါတယ်။

ဝယ်သူကို ကြိုဆိုပါတယ်၊ ငွေလိုသူတွေ အိမ်ရောင်းချင်တယ်

ရောက်တာနဲ့ ကားပေါ်က မဆင်းတော့ဘူးလို့ ပြောတာနဲ့ ကျွန်ုပ်လည်း သူတို့ ကားပေါ်တတ်လိုက်ခဲ့ပြီး (၈၈) ရပ်ကွက်ဘက်ကို ခရီးနှင်ခဲ့တယ်။ (၈၈) ရပ် ကွက် ရောက်တဲ့အခါ အတွင်းလမ်းသွယ်ထဲ ဝင်သွားရပါတယ်။ လမ်းသွယ် ဆိုပေမယ့် ကွန်ကရစ်လမ်းဆိုတော့ ကားဝင်ရတာ အဆင်ပြေပါတယ်။ လမ်း ဆုံးဆုံးကာနီး အစွန်ဆုံး မြေကွက်ရှေ့မှာ ကားကို ရပ်လိုက်တယ်ဆိုရင်ပဲ အိမ် ထဲက အမျိုးသမီး (၄)ဦးနဲ့ အမျိုးသားနှစ်ဦးတို့က ပြုံးပြုံးရွှင်ရွှင်ဆီးကြိုနေကြ ပါတယ်။ ဝယ်သူတွေလာပြီဆိုတော့ ပွဲဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ။

ပါမစ်ဖြစ်သော်ငြား၊ ဝယ်သူအဆင်ဆင့် လက်ပြောင်းသွား

အိမ်ထဲရောက်တာနဲ့ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ကြည့်ပါရစေလို့ ကျွန်ုပ်က တောင်းလိုက်တယ်။ ရောင်းသူရဲ့ ဇနီးက မြေချပါမစ်စာရွက် စာ တမ်းတွေ ထုတ်ပြပါတယ်။ ပထမ ပါမစ်အမည်ပေါက်သူက (၁၀)နှစ်ေ လာက်နေသွားပြီးမှ အဆင့်ဆင့်ပြန်ရောင်းသွားတဲ့ အရောင်းအဝယ်စာ ချုပ်တွေကို တွေ့ရလို့ ယခုနောက်ဆုံး ရောင်းသူတွေက လက်ရှိပိုင်ဆိုင်ပြီး အမှန်တကယ် ငွေလိုအပ်လို့ ပြန်ရောင်းတယ်ဆိုတာ သိရပါတယ်။

ရေမီးအစုံ နေရန်အသင့်၊ ပါမစ်ဖြစ်လို့ သတိထားစစ်

ဈေးနှုန်းအနေနဲ့လည်း (20’x60’) ပါမစ်မြေတစ်ကွက် သိန်း (၁၆၀) နဲ့ေ ရာင်းတာတွေ့ရပါတယ်။ မြေကွက်သက်သက်မဟုတ်ဘဲ လုံးချင်းတိုက်ကေ လး ဆောက်ထားတယ်။ ရေမီးအပြည့်အစုံရှိတယ်ဆိုတော့ ဝယ်သင့်တယ်လို့ ဝယ်သူကို ကျွန်ုပ်အကြံပေးလိုက်တယ်။ အဲ...ဒါပေမယ့် မြေချပါမစ်ဖြစ်နေတဲ့ အတွက် ရန်ကုန်မြို့တော်ခမ်းမ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ပါ မစ်မြေအမည်ပေါက် မှန်ကန်မှု ရှိမရှိရယ်၊ ကန့်ကွက်ချက် ရှင်းမရှင်းရယ်၊ ပါမ စ်အမည်ပေါက်သူက ပါမစ်ပျောက်တယ်လို့ လိမ်ညာပြီး ဂရန်သစ်လျှောက် ထားတာများ ရှိမလားဆိုတဲ့ အချက်တွေ ရှိမရှိ စုံစမ်းစစ်ဆေးဖို့ လိုသေးတဲ့ အတွက် စရန်ငွေပေးကတိစာချုပ်လို့ပဲ ရမယ်။ အပြီးအပိုင် ငွေချေတဲ့ စာချုပ် ချုပ်ဆိုပေးလို့ မဖြစ်သေးဘူးလို့ ရှင်းပြလိုက်တယ်။

ရောင်းသူမှာ လက်ချည်းဗလာ၊ ပါမစ်မူရင်းက ငွေရှင်လက်ထဲမှာ

ဝယ်သူ သူဌေးလေးက ဆရာပြောသလိုဆိုရင် စည်ပင်သွားစစ်ရဦးမှာဖြစ်လို့ စရန်ငွေ (၁၀) သိန်းလောက်ပဲ ချခဲ့မယ်လို့ ပြောလိုက်တဲ့အခါ ရောင်းသူတွေ မှာ မျက်စိမျက်နှာပျက်သွားပြီး “အိမ်လာကြည့်တဲ့နေ့က ဘောစိရဲ့ အဖေအေ မတွေက နေရာကြိုက်တယ်၊ ဒီနေ့အပြီး ငွေချေမယ်ပြောလို့ ကျွန်မတို့ဘက် ကလည်း ပါမစ်မူရင်းကိုင်ထားသူကိုခေါ်ပြီး စောင့်နေတာပါ၊ အနည်းဆုံး စ ရန်ငွေ သိန်း(၆၀) လောက်ချေမှ ပါမစ်မူရင်းက ကျွန်မပြန်ယူထားလို့ရမှာ (၁၀)သိန်းနဲ့ဆိုရင်တော့ အရမ်းနည်းတယ်။”

“ဘောစိရယ်၊ ဒီမြေနဲ့အိမ်က အမှန်အကန် ရောင်းတာပါ။ အရှုပ်အရှင်း မရှိ ပါဘူး” လို့ ပြောတော့ သူဌေးလေးက“အမတို့ကလည်း အရှုပ်အရှင်း မရှိဘူး သာပြောတယ်၊ ပါမစ်မူရင်းကိုင်ထားသူက တစ်ယောက်ဖြစ်နေတယ်ဆိုတော့ ကျွန်တော်က ဘယ်စကားကို ယုံရမှာလဲ” “အင်း....မပြောမပြီး ၊ မတီးမြ မည် ပြောမှ ပြီးမှာပဲ”ဆိုတော့ ဇာတ်လမ်းစုံရှင်းပြချင်ပါတယ်။

ကတိမတည် သစ္စာမရှိ၊ ငွေတိုးပေးစားသူများ သတိရှိပါ

ဒီလိုပါ။ ပါမစ်မူရင်းကိုတော့ သူက ကျွန်မရဲ့ ငွေရှင်ပါ။ ကျွန်မက လက်ဆော့၊ ပါးစပ်ဆော့ပြီး ငွေတိုးပေးစားရရင် ကောင်းမှာပဲစိတ်ကူးမိတာနဲ့ ငွေရှင်ဆီက သိန်း(၆၀)လောက်ငွေချေးပြီး၊ ရပ်ကွက်ထဲမှာ ၁၀ % အတိုးနဲ့ ပေးစားတယ်။ ပထမ (၆)လလောက်အထိတော့ အဆင်ပြေပါတယ်။အတိုးတွေပေးကြတယ်။ (၆)လ နောက်ပိုင်းလည်း ရောက်ရော၊ ပေးသူက တစ်ဦးနှစ်ဦး မပေးသူက အများဆိုတော့ ကျွန်မလည်း အကြွေးတွေတင်တော့တာပေါ့။ အခုမိုးတွင်း မှာ ယောက်ျားကလည်း အလုပ်မရှိလို့ ထိုင်စားဖြစ်နေတယ်။ ဒါပေမယ့် တစ် လတစ်လ အတိုးက သတ်နေရပါတယ်။ ကြာရင် လုံးပါးပါးပြီး ငွေရှင် ထံမှာ အပ်ထားတဲ့ ပါမစ်မူရင်းတောင် ပြန်ရွေးနိုင်ဖို့ မမြင်တော့တာနဲ့ အခုလို အရှုံး ခံပြီး ရောင်းရတာပါ။ အခုဘောစိတို့မြင်တဲ့အတိုင်း လုံးချင်းတိုက်ကလေးေ ဆာက်တာက သိန်း (၅၀)လောက်ကုန်ပါတယ်။ အဝိစိတွင်းတူးတာကလည်း (၁၂)သိန်းလောက် ကုန်ပါတယ်။

အရောင်းအဝယ် အဆင်ပြေရင် အိမ်သော့အပ်ဖို့ အသင့်ပြင်

“အဲ့ဒါ ဒီနေ့ အရောင်းအဝယ်တည့်သွားရင် ပါမစ်မူင်း ပြန်ရွေးမယ်။ ပြီးတော့ ဘောစိတို့ လက်ထဲထည့် လိုက်မယ်တွက်ထားတာ ငွေအားလုံးေ ချတာနဲ့ ပါမစ်မူရင်းပေးပြီး ကျွန်မတို့ မိသားစုကတော့ အမေအိမ် ခေတ္တ တတ်နေမယ်စိတ်ကူးထားတယ်။ အခုပစ္စည်းတွေ အားလုံးသိမ်းပြီးပြီ၊ ငွေချေ တာနဲ့ သော့အပ်မယ်၊ ဆင်းသွားဖို့ အဆင်သင့်ပဲ” လို့ ပြောတာနဲ့ ကျွန်ုပ် လည်း အတွင်းအပြင်ကို လေ့လာကြည့်လိုက်တဲ့အခါ အဝတ်အစားနဲ့ အိမ် တွင်းပစ္စည်းတွေ အမှန်တကယ် ထုတ်ပိုးထားတာကို တွေ့ရပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ် အငိုလွယ်လို့ အရှိုက်ခက်တယ်

သို့ပေမယ့် အိမ်ခြံမြေ အရောင်းအဝယ်လုပ်တယ်ဆိုတော့က “အခုရေတွင်း တူး၊ အခုရေကြည်သောက်” ဆိုသလို ပြီးစလွယ် လုပ်လို့ရတယ်လို့ ရောင်းသူ ဘက်က ထင်နေပေမယ့် ဝယ်သူဆိုတာမျိုးက စေ့စပ်သေချာစွာ စုံစမ်းစစ်ေ ဆးပြီးမှ ဝယ်ယူကြတာလေ။ အခုတော့ ဒီထက်သေချာအောင် ရှေ့နေေ တာင်ခေါ်လာခဲ့ပြီ။ ဒါပေမယ့် စဉ်းစားချိန်မပေးနိုင် မြို့တော်စည်ပင်မှာ မစုံးစ မ်းရသေးမီ ၊ ပါမစ်ပြန်ရွေးဖို့ စရန်ငွေ သိန်း(၆၀)ချခဲ့ပါလို့ အတင်းပြောနေေ တာ့ ဝယ်သူ သူဌေးလေးမှာ စိတ်ညစ်သွားပုံရတယ်။

ပညာရှိပီပီ စဉ်းစားပြီးတော့ စရန်မချတော့ဘူး ဝယ်ရင် အပြီးငွေချေမယ် အခုတော့ မြို့တော်ခန်းမမှာ သွားရောက်စုံစမ်းချင်သေးတယ်။ ဒီနေ့ မဝယ်ေ သးဘူးဗျာ လို့ ယတိပြတ်ပြောလိုက်ပြီး ရှေ့နေကြီးရေ ပြန်ကြမယ်၊ ကားေ ပ်ါတတ် ဆိုတာနဲ့ ကျွန်ုပ်လည်း စာရွက်စာတမ်းတွေ ပိုင်ရှင်ကို အကုန်ပြန်ေ ပးပြီး ကမန်းကတမ်း ကားပေါ်တတ်ပြီး ပြန်လာခဲ့ရပါတော့တယ်။

အော်...ဒီနေ့လည်း ရှေ့နေကြီး “မှန်းချက်နဲ့နှမ်းထွက် မကိုက်” ဖြစ်ရပြန် ပြီပေါ့နော်၊ အဆင်မပြေတဲ့လောကကြီးမှာ ဖုတွေ ထစ်တွေနဲ့ပါလားလို့။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service