သီလဝါအထူးစီးပွားရေးဇုန်ကုမ္ပဏီ ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
7168 Views

သီလဝါအထူးစီးပွားရေးဇုန်ကုမ္ပဏီ ရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်း

အမြတ်ဝေစုရရှိနိုင်သည့် သတ်မှတ်ရက်နောက်ပိုင်း MTSH ရှယ်ယာဈေးနှုန်း ထိုးကျလာပြီး၊ ရန်ကုန်စတော့ဈေးကွက် အမြတ်ဝေစုကိုသာ အဓိကထားေ ရာင်းဝယ်နေကြပါတယ်။

မြန်မာသီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ (MTSH) သည် အမြတ်ေ ဝစုခွဲဝေပေးရန် ရှယ်ယာပိုင်ရှင်သတ်မှတ်ခြင်းကို သြဂုတ် ၁၁ ရက် နောက် ဆုံးထားရန် ကြေညာခဲ့သည်။ သြဂုလ် ၈ ရက်တွင် ရှယ်ယာတန်ဖိုးသည် တစ်စုလျှင် ကျပ် ၄,၂ဝဝ အထိ ဈေးပေါက်ခဲ့သော်လည်း သြဂုတ် ၉ ရက်တွင် ကျပ် ၃,၇ဝဝ သို့ ပြန်လည်ကျဆင်းခဲ့ပြီး၊ ယခုလ ၄ ရက်တွင် ရှယ်ယာတန်ဖိုး မှာ တစ်စုလျှင် ကျပ် ၃,၄ဝဝ အထိ ဈေးကျဆင်းနေသည်။

ရှယ်ယာဈေးနှုန်းများကျဆင်းနေခြင်းသည် MTSH ဥက္ကဌ ဦးဝင်းအောင်က ၎င်းပိုင်အစုရှယ်ယာများကို ထုတ်ရောင်းလိုက်သောကြောင့်ဖြစ်သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အစုရှယ်ယာ ရောင်းချခြင်း လုံးဝမရှိဟု ဦးဝင်းအောင်က ယခုလ ၅ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။

''ကျွန်တော်ရဲ့ ကိုယ်ပိုင်အစုရှယ်ယာတွေနဲ့ပတ်သက်လို့ ထုတ်ရောင်းထားတာ လုံးဝမရှိပါဘူး။ နှစ်ပတ်လည် အစည်းအဝေးမှာလည်း ကုမ္ပဏီစည်းမျဉ်း လုပ် ထုံးလုပ်နည်းအတိုင်း ဒါရိုက်တာဘုတ်အဖွဲ့ထဲက နုတ်ထွက်ပေးရမှာ ဖြစ်ပါ တယ်။ အများရဲ့ဆန္ဒအရ အရွေးခံရရင်တော့ ပြန်လည် တာဝန်ထမ်းဆောင် သွားဖို့ ရှိပါတယ်'' ဟု ၎င်းက ပြောသည်။

မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် လာမည့် စနေနေ့ တွင် ကျင်းပမည့် လေးကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ မူလ ရှယ် ယာတစ်စု (ကျပ်တစ်ထောင်) တန်ဖိုး၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့် ကျပ် ၂၆ဝ ကို အမြတ်ဝေစု ခွဲဝေပေးရန် ဒါရိုက်တာအဖွဲ့မှ သဘောတူညီထားသည်။

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်အတွင်း အစုရှယ်ယာရောင်းဝယ်နေသူ များသည် အမြတ်ဝေစုအပေါ်တွင်သာ အဓိကထားအရောင်းအဝယ် လုပ် ကိုင်နေသည့် အခြေအနေကို ဖော်ညွှန်းနေသည်ဟုလည်း MTSH ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းဟန်က ပြောသည်။

''ကုမ္ပဏီရဲ့ရှယ်ယာအမြတ်ကို ခံစားခွင့်ရှိတဲ့သူကို သြဂုတ် ၁၁ ရက်နေ့ေ နာက်ဆုံးထားသတ်မှတ်လိုက်တယ်၊ ၉ ရက်နေ့နောက်ပိုင်းဝယ်တဲ့ သူကေ နာက်နှစ်ကျမှ အမြတ်ခံစားခွင့် ပြန်ရတော့မှာ ဖြစ်တယ်။ အဲဒီတော့ ရှယ် ယာတန်ဖိုးထိုးတက်သွားခဲ့တယ်။ နောက်ပိုင်းပြန်အေးပြီး ခုတော့ ၃,၄ဝဝ နဲ့ ငြိမ်နေတယ်။ အဓိကကတော့ အမြတ်ဝေစုကို အဓိကထားပြီး အရောင်းအ ဝယ်လုပ်ကြတာက များတဲ့အခြေအနေဖြစ်နေတယ်''ဟု ၎င်းက ပြောသည်။

MTSH ကုမ္ပဏီသည် ၂ဝ၁၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်အ တွင်း အများပြည်သူသို့ အစုရှယ်ယာပေါင်း ၂ ဒသမ ၁ သန်းကျော် ထုတ်ေ ရာင်းခဲ့သည်။ ထိုစဉ်က တစ်စုလျှင်ကျပ် ၁ဝ,ဝဝဝ နှုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ် သည်။ ၂ဝ၁၆ ခုနှစ်၊ မေလတွင် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပ ဏီ ဖြစ်လာပြီး ရှယ်ယာတစ်စုလျှင် ကျပ် ၇ဝ,ဝဝဝ ဝန်ကျင်အထိ ဈေးပေါက်ခဲ့ သည်။

၂ဝ၁၆ ခုနှစ် စက်တင်ဘာလတွင် MTSH ၏မူလရှယ်ယာတစ်စုကို ဆယ်စုအဖြစ် ခွဲထုတ်ခဲ့ရာ မူလရှယ်ယာတစ်စုတန်ဖိုးကျပ် ၁ဝ,ဝဝဝ မှ ကျပ် ၁,ဝဝဝ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရှယ်ယာတစ်စုတန်ဖိုး သည် ကျပ် ၄,၆ဝဝ အထိ ဈေးပေါက်ခဲ့သော်လည်း ယခုလ ၄ ရက်တွင် ကျပ် ၃,၄ဝဝ အထိ ဈေးကျဆင်းလျက်ရှိသည်။

မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များဖြစ်သည့် ဦးဝင်းအောင်၊ ဦးသိမ်းဝေ၊ ဦးခင်မောင်အေး နှင့် ဦးသိန်းဟန်တို့က MTSH ကုမ္ပဏီတွင် ဘုတ်အဖွဲ့ဒါရိုက်တာများအဖြစ် တာဝန်ထမ်းဆောင်နေသည်။ MTSH ကုမ္ပဏီသည် မြန်မာ−ဂျပန်သီလဝါဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (MJTD) ၏ အစုစပ်ကုမ္ပဏီလည်းဖြစ်သည်။

၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအထိ စာရင်းများအရ MTSH ကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သည့် ဦးဝင်းအောင်သည် အစုရှယ်ယာပေါင်း နှစ်သန်းကျော်၊ ဦးသိမ်းဝေသည် သုည ဒသမ ၆၄ သန်းကျော်၊ ဦးခင်မောင်အေးသည် ၁ ဒသမ ၉ သန်းကျော်၊ ဦးသိန်းဟန်သည် ၁ ဒသမ ၈ သန်းကျော်၊ ဦးထွန်း လွင်သည် ၁ ဒသမ ၉ သန်းကျော်၊ ဦးတင်မောင်လှိုင် ၁ ဒသမ ၉ သန်းကျော်၊ ဦးÓဏ်သစ်လှိုင်သည် ၁ ဒသမ ၇ သန်းကျော်၊ ဦးအောင်စိုးသာသည် ၁ ဒသမ ၈ သန်းကျော်၊ ဦးသူရိန်အောင်သည် ဝ ဒသမ ၁၄ သန်းကျော် ပိုင်ဆိုင်ထားသည်။

သီလဝါအထူးစီးပွားရေးဇုန်အေတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၄ ခုအ တွက် မြေငှားရမ်းထားပြီး ၇၉ ခုကို ဝင်ရောက်မြှုပ်နှံလုပ်ကိုင်ခွင့်ပြုထားသည်။ ယင်းအနက် လုပ်ငန်း ၃၅ ခုက စက်ရုံတည်ဆောက်ကာ စတင်လည်ပတ်ေ နပြီဖြစ်သည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service