ယနေ့ဈေးကွက်အခြေအနေအရ ပုံမှန်ဈေးတန်းမှာရှိနေတဲ့အိမ် ခြံ မြေ ပုံမှန်ရှေ့ဆက်နေဆဲ - Property News in Myanmar from iMyanmarHouse.com
1066 Views

ယနေ့ဈေးကွက်အခြေအနေအရ ပုံမှန်ဈေးတန်းမှာရှိနေတဲ့အိမ် ခြံ မြေ ပုံမှန်ရှေ့ဆက်နေဆဲ

ပြည်တွင်းအိမ် ခြံ မြေ ဈေးကွက်မှာ တစ်လတာ နှိုင်းယှဉ်မှုများအရ ကုန်လွန်ခဲ့သော ဇူလိုင်လထက် အရောင်းအဝယ်နှင့် အငှားပိုင်းတွင် အရောင်းက ပိုအားသာလာကြောင်းစုံစမ်းသိရသည်။

"""ဈေးကွက်က တော့အရင်ကထက် ပိုကောင်းလာတယ်။ပိုအားသာလာတယ်ပြောရမှာ ပေါ့ ။ အရင်လကတော့ အိမ် ခြံ မြေ က အငှားဘက်မှာ ဦးဆောင်တယ်။အရောင်းအဝယ် မဖြစ်ခဲ့ဘူး။ဒီလကြတော့ အရောင်းအဝယ်အငှား က ဈေးကွက်ပြန်မျှတယ်။ အရမ်းကောင်းတာမျိုး ပြောတာမဟုတ်ဘူး။ဒါပေမယ့် မေးလိုက်ပြီဆိုရင် ဖြစ်သွားကြတာကိုများလာတာ။ပြောရရင် ဈေးကွက်က တက်ရိပ်ပြန်ပြလာတယ်။""ဟု ရန်ကုန် အခြေစိုက်အကျိုးဆောင်တစ်ဦးမှ ပြောပြခဲ့သည်။

လက်ရှိပြည်တွင်း အိမ် ခြံ မြေ ဈေးမှာ ယခင်ထက် အနည်းငယ်ဈေးဆင်းခဲ့သည်။ယင်းသိုကျဆင်းသည်ဆိုသော်လည်း ဈေးကွက်၏သဘောတရားအရယခငွအခြေအနေကို မမှီခြင်းသာဖြစ်ပြီး တည်ငြိမ်သည်ဟုပြောဆိုနိုင်ကြောင်းလည်း အက်ျုးဆောင်များကသုံးသပ်ကြသည် ။ဇုန်မြေအပါအဝင် အခြားမြို့နယ်များ၏ ဈေးကွက်အခြေအနေကို ယခုကဲ့သို့ပင်စုံစမ်းသိရှိရသည်။

""ကျောက်တံတားနှင့် မြို့တွင်း ခြောက်မြို့နယ်""

Downtown Area ၏ အဓိက ဈေးကွက်မှာ အငှားဈေးကွက်ပင်ဖြစ်သည်။ မြေနေရာရှားပါးသော မြို့နယ်များဖြစ်ပြီး တိုက်ခန်း၊ အထပ်မြင့်များမှာလည်း အလွယ်တကူ လွှဲပြောင်း ဝယ်ယူ ရောင်းချမှုနည်းပါးလှသည်။လက်ရှိတွင် အငှားဈေးကွက်အတန်ငယ်ဖြစ်ထွန်းနေဆဲဖြစ်ကြောင်းသိရသည်။
""အရင်လနဲ့သိပ်မကွာဘူး။ဘာကြောင့်လဲဆိုရင် အရင်လကလည်း အငှားပဲဖြစ်တာ။ဒီလကြတော့နည်းနည်းလေးပိုသွက်လာတယ်ပေါ့။အငှားအားက ပိုသွက် ပိုကောင်းလာတယ်။အရောင်းအဝယ်ဈေးဆင်းပေမယ့် အငှားဈေးကတော့ပုံမှန်ပါပဲ။ စီးပွားရေးလုပ်မယ့်သူတွေအတွက် သီးသန့်ကိုအငှာေးဈးကွက်ဖြစ်ထွန်းနေတဲ့သဘောပါ။"""ဟု အကျိုးဆောင်တစ်ဦးကဆိုသည်။

""ဇုန်မြေများ""

စက်မှုဇုန်မြေဈေးကွက်မှာယခင်လထက်အရောင်းအဝယ်အားပိုလာသည်
ကိုတွေ့ရသည်။အဓိက အရောင်းအဝယ်ဖြစ်သော ဇုန်မြေများမှာ တောင်ဒဂုံ ၊ရွှေလင်ဗန်း နှင့် မင်္ဂလာဒုံ စက်မှုဇုန်မြေများဖြစ်ကာ သိန်း ၃၀၀၀ နှင့် ၅၀၀၀ တစ်ပတ်လည်အကွက်များ အရောင်းအဝယ်ဖြစ်လာကြောင်းသိရသည်။

သီလဝါဆိပ်ကမ်းအနီး မြေနေရာများမှာ ဈေးကွက်အရ အမြင့်ဆုံးဖြစ်နေပြီး သိန်း ထောင်ဂဏန်းမှ သောင်းဂဏန်းဝန်းကျင်အထိ ပေါက်ဈေးရှိသော်လည်း အရောင်းအဝယ်မှာ အခြားမြို့နယ်များနည်းတူ အေးစက်နေဆဲဖြစ်ကြောင်းသိရှိရသည်။ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးသည်နှင့်အမျှ သီလဝါစက်မှုဇုန်ရှိ မြေကွက်များမှာ တစ် ဧကလျှင်ကျပ်သိန်းတစ်ထောင်ခန့်အထိပင်ဈေးကျဆင်းလာကြောင်းစုံစမ်းသိရှိရသည်။

""ဗဟန်းမြို့နယ်""

ဗဟန်းမြို့နယ်မြေဈေးကွက်မှာမူ မြေပေါများသည့် မြို့နယ်ဖြစ်ခြင်း ၊ ဆိတ်ငြိမ်မှုရှိခြင်းအစရှိသည်တို့ကြောင့် အရောင်းအဝယ်ပိုင်းတွင် ဈေးအဖြင့်သာ ရှေ့ဆက်နေကြောင်းသိရသည်။အရောင်းအဝယ်မှမူ ယခင်လအတွင်း ငြိမ်သက်နေခဲ့ရာမှ ပြန်လည် လှုပ်ရှား အသက်ဝင်လာကြောင်းလည်းသိရသည်။

""နေရာကောင်းပေမယ့် ဈေးတောင့်မထားနိုင်တဲ လူတွေကချရောင်းကြတယ်။လူတိုင်းတော့မဟုတ်ဘူး။ဆိုကြပါစို့ တစ်ထောင်တန်တယ်ဆိုပေမယ့် တောင့်မထားနိုင်တဲ့လူက ၅၀၀ နဲ့ ချရောင်းချင်ရောင်းတာမျိုးပေါ့။အဲဒါမျိုးတွေကြောင့်ပဲ ဈေးနည်းတာရှိတယ်။ဝယ်သူကလည်း ပုံမှန်အချိန် ဒီဈေးမရဘူးဆိုတာသိတော့ ကောက်ဝယ်ထားလိုက်တာမျိုး။အရောင်းအဝယ်ကတော့ မေးပြီးရင်ဖြစ်တဲ့နေရာပါ""ဟု ရန်ကုတ်အခြေစိုက်အကျိုးဆောင်မှ ဆိုသည်။

""မြောက်ဒဂုံ""

ရင်းနှီးမြုပ်နှံရန် မြေကွက်လိုက်လံကောက်ယူသူများကြောင့် အရောင်းအဝယ်မဆိုးသည့်မြို့နယ်တစ်ခုဖြစ်သည်။လတ်တလောတွသ် သိန်း ၇၀၀ မှ သိန်း ၁၅၀၀ ကြားမြေကွက်များအရောင်းအဝယ်ဖြစ်သည်။အငှားဈေးမှာ လမ်းမတန်းမြေနေရာများ၌သိန်း၂၀ဝန်းကျင်အထိငှားရမ်းကြသူရှိကြောင်း
သိရသည်။

"""ရန်ကင်း""

ရန်ကင်းနှင့်တောင်ဥက္ကလာမြို့နယ်များသည် အရောင်းအဝယ်အားမျှ
သည့် မြို့နယ်များဖြစ်ပြီး ဈေးကွက်ပြန်လည် ကောင်းမွန်နေကြကြောင်းလည်းသိရသည်။ရန်ကင်းမြို့နယ်၏ တစ်ပေပတ်လည် စံနှုန်းများမှာ လက်ရှိတွင် နှစ်သိန်းမှ ခုနစ်သိန်းကြားရှိကြောင်းသိရသည်။တောင်ဥက္ကလာမှာမူ အခြားမြို့နယ်များဖြစ်သည့် မြောက်ဥက္ကလာ ၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့နယ်များနည်းတူတစ်ပေပတ်လည်လျှင်တစ်သိန်းမှလေးသိန်းကြားပေါက်ဈေးရှိကြောင်းသိရှိရသည်။

မင်းချို မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service