ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
1396 Views

ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည်

ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီးကို ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

နေအိမ်တည်ရှိရာမှာ နယူးယောက်မြို့အရှေ့ဘက် လောင်းအိုင်းလန်းအရပ်တွင် ဖြစ်ပြီး ခြံအကျယ်အဝန်းမှာ ၄၂ ဧကခန့်အထိ ကျယ်ဝန်းသည်။

ခြံဝန်းဧရိယာတွင် ပင်လယ်ကမ်းခြေနှင့် ထိစပ်နေသည့်အကျယ်အဝန်းမှာ တစ်မိုင်၏ လေးပုံတစ်ပုံခန့်ရှိသည်။
မကြာသေးမီကာလအတွင်း လော့စ်အိန်ဂျလိနှင့် နယူးယောက်တို့တွင် ဂဏန်းကိုးလုံး ဈေးပေါက်ခဲ့သည့် နေအိမ်ဟူ၍ တစ်လုံးသာရှိခဲ့ဖူးသေးပြီး La La Land တွင် ဖြစ်သည်။

ဖို့မော်တော်ကားကုမ္ပဏီတည်ထောင်သူ ဟင်နရီဖို့ဒ်၏ မြေးဖြစ်သူ Henry Ford II က ဥရောပဗိသုကာဟန်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ နယူးယောက်အိမ်ခြံမြေဈေးကွက်တွင် ဈေးအကြီးဆုံးနေအိမ်ကြီး ဖြစ်လာသည်။

လက်ရှိပိုင်ရှင်မှာ ဘရန်ဒါ အားလ်အမည်ရှိ အမျိုးသမီးဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ကန်ဒေါ်လာ ၂၂ သန်းခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ပင်မနေအိမ်မှာ စတုရန်းပေ ၂၀၀၀၀ ခန့် ကျယ်ဝန်းပြီး အိပ်ခန်း ၁၂ ခန်း ရေချိုးခန်း ၁၂ ခန်းပါဝင်ကာ အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းနှင့် ထိစပ်လျက်ရှိသည်။

ခြံဝန်းအတွင်း အလျား ပေ ၆၀ ရှိ ရေကူးကန်၊ အားကစားလေ့ကျင့်ရေးနေရာ၊ တင်းနစ်ကွင်း၊ ဘတ်စကက်ဘောကွင်းနှင့် လဟာပြင် မီးဖိုဆောင်တို့ ပါဝင်သည်။

၂၀၀၈ ခုနှစ်တွင် အကြီးစားပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့ရာ မျက်နှာကျက်များ၊ မီးဆိုင်းများ၊ အီတလီဟန် မီးလင်းဖိုများ၊ ရှေးဟောင်းရေချိုးခန်း အပြင်အဆင်များ အပါအဝင်ဖြစ်သည်။ဧည့်ခန်းမှာ ၄၈ ပေ အကျယ်အဝန်းရှိပြီး စာကြည့်ခန်းနှင့် ဝန်ထမ်းအဆောင်တို့လည်း ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ဖို့ဒ်မော်တော်ကားကုမ္ပဏီပိုင်ရှင် ဟင်နရီဖို့ဒ်မိသားစုနေထိုင်ခဲ့သည့် ခြံဝန်းကြီး ကန်ဒေါ်လာ ၁၇၅ သန်းဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service