စင်္ကာပူ၏ ထိပ်တန်း developer ဖြစ်သည့် Ascendas-singbridge က ဆစ်ဒနီမြို့အထင်ကရ အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
613 Views

စင်္ကာပူ၏ ထိပ်တန်း developer ဖြစ်သည့် Ascendas-singbridge က ဆစ်ဒနီမြို့အထင်ကရ အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူ

စင်္ကာပူ၏ ထိပ်တန်း developer ဖြစ်သည့် Ascendas-singbridge သည် သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၏ အထင်ကရ အဆောက်အအုံကြီးတစ်ခုကို သြစတေးလျဒေါ်လာ ၂၅၂ သန်း (ကန်ဒေါ်လာ သန်း ၂၀၀) ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Ascendas-singbridge ကို Temasek holdings နှင့် JTC ကော်ပိုရေးရှင်းတို့က ၅၁း ၄၉ အချိုးဖြင့် ပိုင်ဆိုင်ထားကြပြီး အဓိကအားဖြင့် မြို့ပြအသွင်ကူးပြောင်းရေးစီမံကိန်းများ၊ ဘက်စုံသုံးစီမံကိန်းများ၊ စီးပွားရေးနှင့် စက်မှုဇုန်များ ဆောက်လုပ်ခြင်းတို့ဖြင့် နာမည်ကျော်သည်။

စင်္ကာပူတွင် အခြေစိုက်ပြီး လက်ရှိအားဖြင့် အာရှတစ်လွှားရှိ နိုင်ငံ ၉ နိုင်ငံရှိ မြို့ကြီးပေါင်း ၂၈ မြို့တွင် စီမံကိန်းများ အကောင်အထည် ဖော်လျက်ရှိရာ သြစတေးလျ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ စင်္ကာပူနှင့် တောင်ကိုရီးယားတို့ အပါအဝင်ဖြစ်သည်။

ယခုဝယ်ယူလိုက်သည့် အဆောက်အအုံမှာ လက်လီနှင့်ရုံးခန်းဘက်စုံသုံးအဆောက်အအုံတစ်ခုဖြစ်ပြီး စီဗစ်တာဝါဟု အမည်ပေးထားသည်။

ဆစ်ဒနီမြို့၊ ဂိုးလ်ဘန်းလမ်း ၊ အမှတ် ၆၆ တွင် တည်ရှိကာ ၂၄ ထပ် အဆောက်အအုံဖြစ်ပြီး ၂၀၀၄ ခုနှစ်အတွင်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
မြေညီထပ်ကို လက်လီအရောင်းဆိုင်နေရာအဖြစ် အသုံးပြုထားပြီး ရုံးခန်းအတွက် အသုံးပြုနိုင်သည့် ဧရိယာမှာ စတုရန်းပေ ၂၂၉၂၉ ခန့် ရှိသည်။
ကြမ်းပြင်မှ မျက်နှာကြက်အထိ မြင့်မားသည့် မှန်များဖြင့် အလှဆင်ထားခြင်းကြောင့် ဟိုက်ပါ့ခ်ပန်းခြံ၊ ဆစ်ဒနီဆိပ်ကမ်းနှင့် ဒါလင်ဆိပ်ကမ်းတို့၏ မြင်ကွင်းကို ၃၆၀ ဒီဂရီ ကြည့်ရှုနိုင်သည်။

ဆစ်ဒနီသည် ရုံးခန်းဈေးကွက် အလွန်အားကောင်းလျက်ရှိပြီး ငှားလိုအားသာ မြင့်တက်လျက်ရှိနေပြီး လစ်လပ်အခန်း နည်းပါးလှသည်။
အနီးဝန်းကျင်တွင် လက်လီအရောင်းဆိုင်များ၊ ဖျော်ဖြေရေးကဏ္ဍ၊ အစားအသောက်နှင့် အဖျော်ယမကာ၊ ပြတိုက်အစရှိသည်တို့ တည်ရှိပြီး ဘူတာရုံများနှင့်လည်း မဝေးလှချေ။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
စင်္ကာပူ၏ ထိပ်တန်း developer ဖြစ်သည့် Ascendas-singbridge က ဆစ်ဒနီမြို့အထင်ကရ အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
စင်္ကာပူ၏ ထိပ်တန်း developer ဖြစ်သည့် Ascendas-singbridge က ဆစ်ဒနီမြို့အထင်ကရ အဆောက်အအုံကြီးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service