ချင်းပြည်နယ်အတွင်း ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းများ အရှိန်မြှင့် တင်ဆောင်ရွက်သွားမည် - Property News in Myanmar from iMyanmarHouse.com
802 Views

ချင်းပြည်နယ်အတွင်း ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းများ အရှိန်မြှင့် တင်ဆောင်ရွက်သွားမည်

ချင်းပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ခရီးသွားလည်ပတ်သူ ပိုမိုများလာစေရန် ရည်ရွယ်၍ ၂ဝ၁၆ ခုနှစ် ပွင့်လင်းရာသီကာလမှ စတင်ဆောင် ရွက်ခဲ့သော သဘာဝအခြေခံခရီးစဉ်ဒေသများဖြစ်သည့် တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်မြို့နယ်များအတွင်း ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းများကို လာမည့်ပွင့်လင်းရာသီတွင် အရှိန် မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

''ခရီးသွားလုပ်ငန်း အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့မှုကြောင့် အခုလာမယ့် ပွင့်လင်းရာသီဖြစ်တဲ့ ခရီးသွားရာသီမှာဆိုရင် ချင်းပြည်နယ်ရဲ့ အထင်ကရ၊ အမှတ်တရဖြစ်တဲ့ နေရာ၊ သဘာဝ တောတောင်တွေကို ခံစားအနားယူနိုင် တဲ့ နေရာတွေအပြင် ကျေးလက်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ ရိုးရာအစားအစာ တွေ၊ ရိုးရာလက်မှုအနုပညာ ထုတ်ကုန်တွေ၊ လူနေမှုစနစ်နဲ့  မိရိုးဖလာနေထိုင်မှုတွေကို လေ့လာနိုင်ဖို့ အရှိန်မြှင့် တင် ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီလုပ်ငန်းအတွက် လည်း ပြည်တွင်း ပြည်ပ ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားပြီးပါပြီ။ လာမယ့် ခရီးသွားရာသီမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ အဓိက လိုအပ်လာပါမယ်''ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ချင်းပြည်နယ်သည် အခြားသော ခရီးစဉ်ဒေသများနှင့် မတူ သော ထူးခြားသည့် သဘာဝအလှအပများ ပိုင်ဆိုင်ထားပြီး ပျမ်းမျှအမြင့်ပေ ၅ဝဝဝ နှင့် ၈ဝဝဝ ကြားရှိ တောင်တန်းများဖြင့် ဖွဲ့စည်းထား သည့် တောင်တန်းဒေသတစ်ခုဖြစ်သည်။ ဘင်္ဂလား ဒေ့ရှ်၊ အိန္ဒိယနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရှားပါးငှက်မျိုးစိတ်များ၊ သဘာဝပေါက်ပင်နှင့် သစ်ပင်ပန်းမန် များ၊ သဘာဝရေကန်များ၊ လိပ်ပြာများနှင့် တောရိုင်းတိရ္ဆာန် များကို လေ့လာနိုင်သည့်အပြင် ဒေသခံ တိုင်းရင်းသားမျိုးနွယ် စုများ၏ ဓလေ့စရိုက်များနှင့် နေထိုင်မှုပုံစံများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ဝတ်စားဆင်ယင်ပုံများကို ပါ လေ့လာနိုင် သောဒေသ ဖြစ်သည်။

ထို့ကြောင့် အနာဂတ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကိုပါ ဆွဲဆောင် နိုင်သည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်လာစေရန် နိုင်ငံတော်မှ ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးစဉ်ဒေသ ရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် ဧည့်သည်များလာရောက်လည်ပတ်ခြင်းတို့ ကြောင့် ယင်းခရီးစဉ်ဒေသကို ထိခိုက်မှု နည်းနိုင်သမျှ နည်းစေ ရေးတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က နေပြည်တော်ရှိံHotel Max ၌ သြဂုတ် ၁၂ ရက်က ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ သည်။

ချင်းပြည်နယ်သို့ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များမှာ တစ်နှစ်ထက်တစ်နှစ် အရေအတွက် တိုးလာလျက်ရှိရာ ၂ဝ၁၄ ခုနှစ်တွင် ပြည်တွင်းဧည့်သည် ၁၁၄၁၄ ဦး၊ ပြည်ပဧည့်သည် ၃၄၉၇ ဦး စုစုပေါင်း ၁၄၉၁၁ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ပြည်တွင်းဧည့်သည် ၁၂၈၅၄ ဦး၊ ပြည်ပဧည့်သည် ၃၆၃၂ ဦး စုစုပေါင်း ၁၆၄၈၆ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် သင်္ကြန်ရာသီ အပြီး ဧပြီလကုန်အထိ ပြည်တွင်းပြည်ပဧည့်သည် စုစုပေါင်း ၆ဝဝဝ ဝန်းကျင် ဝင်ရောက်ခဲ့ကြကြောင်း ချင်းပြည်နယ် ဟိုတယ် နှင့် ခရီးသွားလာရေးဦးစီးဌာနမှ သိရသည်။

Credit: MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service