ရွှေတူးဖော်ရေး ခက်ခဲမှုကြောင့် ရွှေအသား ရှားနေ - Property News in Myanmar from iMyanmarHouse.com
1762 Views

ရွှေတူးဖော်ရေး ခက်ခဲမှုကြောင့် ရွှေအသား ရှားနေ

မိုးတွင်းကာလ ဖြစ်သောကြောင့် ရွှေလုပ်ကွက်များမှာ ကျောက်များအတွင်းမှ တူးဖော်ရခြင်းဖြစ်၍ ရေမစုပ်ယူနိုင်သည့် အခက်အခဲများ ဖြစ်ပေါ်နေသကဲ့သို့ တနိုင်တပိုင် ထွက်ရှိသည့် ရွှေများမှာလည်း ဖမ်းဆီး စစ်ဆေးခံရသဖြင့် ရွှေအ သား ရှားပါးလာကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ မိုးထိ၊ မိုးမိဒေသမှ ရွှေများ ကို ကျောက်များကြားမှ ထုတ်ယူကြခြင်း ဖြစ်ပြီး ယင်းသို့ ထုတ်ယူရာတွင် လည်း တနှစ်ထက်တနှစ် တူးယူနေကြသောကြောင့် ပေပေါင်း ရာချီ၊ ထောင် ချီ နက်လာသဖြင့် ရေမစုပ်ယူနိုင်တော့ဘဲ ရွှေတူးဖော်ရန် ခက်ခဲလာခြင်းဖြစ်ေ ကြာင်း သိရသည်။

အောင်သမာဓိ စိန်၊ ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်ရေး စက်ရုံပိုင်ရှင် ဦးေ အာင်ဆန်းဝင်းက ‘‘ဟုမ္မလင်း၊ ခန္တီးနဲ့ နန့်တောတို့ ဘက်က ရွှေတွေ သယ် ရင် မော်တော်တို့၊ ကားတို့နဲ့ လာရင် အနည်းဆုံး ၂ ရက်လောက် ကြာတယ်။ အဲဒီတော့ သူတို့က လေယာဉ်နဲ့ သယ်ကြတယ်။ ဟိုတလောက ခန္တီးတို့ဘက် က သယ်လာတဲ့ လေယာဉ်ပေါ်မှာရွှေ ၇ ပိဿာ လောက်ကို မန္တလေးမှာ ဖမ်းဆီး စစ်ဆေးလိုက်တယ်။ အဲဒီတော့ ပုံမှန်လာနေကျက ရပ်သွားတော့ ရှားသွားတာ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဒေသများမှ ထွက်ရှိသော ရွှေများမှာ တရားဝင် ရွှေလုပ်ကွက်များမှ ထွက်ရှိခြင်း မဟုတ်ဘဲ သာမန် လက်လုပ် လက်စားနှင့် တနိုင်တပိုင် လုပ် ကိုင်သူများထံမှ ထွက်ရှိခြင်းဖြစ်ကြောင်း၊ ရွှေလုပ်ကွက်များ ရေနစ်မြုပ်သဖြင့် ထိုရေများကို မစုပ်ထုတ်နိုင်ဘဲ ဖြစ်နေပြီး အင်းများမှာလည်း ပေထောင်ချီ နက်ကုန်၍ တူးဖော်ရာတွင် ခက်ခဲခြင်းတို့ကြောင့် ရွှေအသား ရှားပါးလြာ ခင်းဖြစ်ကြောင်း ၎င်းကပြောသည်။

လေကြောင်းခရီးဖြင့် သယ်ယူခွင့် ခက်ခဲလာသောကြောင့် ကုန်းလမ်း၊ ရေ လမ်းတို့ဖြင့် သယ်ဆောင်ရသဖြင့် အချိန် ကြန့်ကြာရခြင်းသည် လည်း ရွှေရှား ပါးမှုထဲတွင် တခုအပါအဝင်ဖြစ်နေပြီး လက်ရှိ ရွှေဈေးသည် အခေါက်ရွှေ တကျပ်သားလျှင် ၉၀၈၄၀၀ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ အခု ကျပ် ၇၀၀၀ လောက် ပြန် ကျတယ်။ ရွှေဈေးက အတက်အကျ မမှန်ဘူး။ အခုက ရွှေအသားတော့ ဝယ်လို့ရတယ်။ ဒါပေမယ့် ရှေ့ရက်တွေက ဝယ်လို့မရဘူး။ ဈေးက မမှန်တော့ ထုတ်မရောင်း တာ လည်း ပါတယ်။ အခုက ဈေးက မှန်းလို့မရဘူး” ဟု ပြော သည်။

ရွှေဈေးအတက်အကျဖြစ်ခြင်းမှာ ကမ္ဘာ့ရွှေဈေးပေါ်တွင် ၈၀ ရာခိုင်နှုန်း မူတည်နေပြီး ပြည်တွင်းရွှေပေါ်တွင် ၂၀ ရာခိုင်နူန်း မူတည်နေသောေ ကြာင့် ရွှေဈေးတက်ခြင်းဖြစ်ကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

လက်ရှိတွင် ပြည်တွင်း ရွှေဈေးကွက်သို့ တရုတ်နိုင်ငံမှ ရွှေပြား၊ ရွှေ အေ ခါက်များ ဝင်ရောက်နေပြီး အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံမှ ၉၅ ရာခိုင်နှုန်းေ သာ ရွှေရည်မပြည့်မီသည့် ရွှေများကို ဝယ်ယူမှုများ ရှိနေပြီး မြန်မာနိုင် ငံ၏ ရွှေအထွက်ဆုံး ဒေသ များမှာ မန္တလေးတိုင်းရှိ မိုးထိ၊ မိုးမိ ဒေသများဖြစ်ြ ပီး ဒုတိယအများဆုံး ထွက်ရှိသည့် ဒေသမှာ စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းနှင့် ခန္တီးတို့ ဖြစ်ကြသည်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာအရ တရားဝင်သတ္တုတူးဖော်ရေး ကုမ္ပဏီ ၈၀၀ ကျော်ရှိကာ ရွှေအဝင်အထွက်စာရင်း အတိအကျမရှိသောကြောင့် ရွှေ ပိဿာချိန် မည်မျှထွက်ရှိသည် ပြောဆို၍ မရဘဲ ရန်ကုန်တိုင်း နှင့် မန္တလေး တိုင်း ဒေသ ကြီးသို့ နေ့စဉ် ရွှေပိဿာချိန် ၂၀ သားခန့် အဝင်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း စာရင်း များအရ သိရသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service