မြန်မာနိုင်ငံတွင် နေအိမ်သုံးသန်းကျော် လိုအပ်နေကြောင်း ကုလထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
792 Views

မြန်မာနိုင်ငံတွင် နေအိမ်သုံးသန်းကျော် လိုအပ်နေကြောင်း ကုလထုတ်ပြန်

မြန်မာနိုင်ငံ၏ အိုးအိမ်လို အပ်ချက်များကို ဖြည့်ဆည်းရေး တွင် ၂၀၁၄ သန်းေ ခါင်စာရင်းအ ရ လူဦးရေ ၁၃ ဒသမ ၅ သန်းအ တွက် အိမ် ၃ ဒသမ ၈ သန်း ခန့် အရေးတကြီးလိုအပ်နေကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့ (UNFPA) က သြဂုတ် ၁၁ ရက်၌ ထုတ်ပြန်သည်။

ပြည်သူ့အင်အားဦးစီးဌာန နှင့် UNFPA တို့ပူးပေါင်းပြုစုသည့် သန်းခေါင်စာ ရင်း အချက်အလက်များကို အခြေခံ၍ ထုတ်ပြန်သော အိမ်အကြောင်းအ ရာနှင့် အိမ်အ သုံးအဆောင်ပစ္စည်းများ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပိုမို ကောင်းမွန်သည့် နေထိုင်မှု အခြေ အနေများ တည်ဆောက်ရန် လိုအပ် ချက်များ ရှိနေကြောင်း UNFPA ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂျက် နက်ဂျက် ဆန်၏ ပြောကြားချက်ကို ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ၁၉၈၃ တွင် အိမ်ထောင်စုခြောက်သန်းကျော် ရှိခဲ့ရာ နှစ် ၃၀ အကြာ လူဦးရေ ၅၁ ဒသမ ၄၉ သန်းကျော်အထိ တိုး တက် လာပြီး အိမ်ေ ထာင်စု ၁၀ သန်းကျော်ရှိလာသည်။

မြန်မာနိုင်ငံ၏ လူဦးရေသည်၂၀၅၀ တွင် ၆၅ သန်းခန့်ရှိလာမည်ဖြစ်ရာ အိမ်ထောင်စု ပိုမိုတိုးပွားလာနိုင်ကြောင်း ပြည်သူ့အင်အားဦးစီးဌာနက ခန့် မှန်းထားသည်။

ထို့ကြောင့် ကျေးရွာနှင့် မြို့ပြလူဦးရေ သိပ်သည်းမှု မမျှတခြင်း၊ ရွှေ့ပြောင်း အခြေချနေထိုင်သူ များ၊ ကျူးကျော်နေအိမ်များနှင့် ထပ်မံတိုးပွားလာမည့် လူဦးရေ အခြေအနေတို့ကြောင့် အိုးအိမ် ပြဿနာများသည် အစိုးရက ဦး စားပေးဖြေရှင်းရမည့် ကဏ္ဍ တစ်ခု အဖြစ် ရှိလာနိုင်ကြောင်း မြို့ ပြဆိုင်ရာ ပညာရှင်များက ဆို သည်။

အိမ်အကြောင်းအရာနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ သုံးစွဲနိုင်မှု အချက် အလက်အရ အိမ်ပိုင်ဆိုင်မှုသည် ၈၆ ရာခိုင်နှုန်း ရှိပြီး အိမ်ငှားနေထိုင်သည့် အိမ် ထောင်စု ၇ ရာခိုင်နှုန်းဖြစ်ကာ အစိုးရဝန်ထမ်း အိမ်ရာတွင် နေ ထိုင်ေ သာ အိမ်ထောင်စု ၃ ရာခိုင်နှုန်းရှိသည်။

အိမ်တစ်အိမ်တွင် ပျမ်းမျှလေးဦးနေထိုင်နေရပြီး အိမ် ထောင်စုများ၏ ၄၀ ရာခိုင်နှုန်း သည် ကလေးများနှင့်အတူ နေ ထိုင်နေရကာ ၁၇ ရာခိုင်နှုန်း သည် ဆွေမျိုးများ၊ ကလေးများအပါအဝင် လေးဦးနှင့် အထက်နေ ထိုင် နေရကြောင်း ယင်းသုတေသန အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် လက်ရှိနေအိမ် များ၏ ၇၀ ရာခိုင်နှုန်းသည် သန့် ရှင်းသော ရေနှင့် မိလ္လာစနစ်များ ပိုင်ဆိုင်ထားသော်လည်း ပြည် နယ်အချို့တွင် ယင်းကဏ္ဍ၌ အ လွန်နိမ့်ကျမှုများ ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစီရင်ခံစာပါ သတင်းအ ချက်အလက်များနှင့် အကြံပြု ချက်များသည် မူဝါ ဒရေးဆွဲသူများ နှင့် မြန်မာနိုင်ငံ၏ နေထိုင်မှုဘဝ အခြေအနေများ တိုးတက်ေ ကာင်း မွန်လာစေရန် ဦးတည်သည့် စီမံ ကိန်း ရေးဆွဲမှုများအတွက် အေ ထာက်အပံ့ ဖြစ်နိုင်မည်ဟု မျှော် လင့်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနက သြဂုတ် ၈ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

အိမ်ရာကဏ္ဍဖွံ့ဖြိုးခြင်း သည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးရေး အတွက် အရေးကြီး ကဏ္ဍတစ်ခု ဖြစ်ပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း ၄၉ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ သည်။ ၂၀၁၁ တွင် အိမ်ရာကဏ္ဍ၌် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံကျော်ရှိပြီး ၂၀၁၅တွင် ကန်ဒေါ်လာ ငါးဘီလီယံခန့် ရှိခဲ့ သည်။ ၂၀၁၇ တွင် ကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံဖိုးရှိလာမည်ဖြစ်ေ ကြာင်း Oxford Business Group က ၂၀၁၇ အစီရင်ခံစာ၌ ခန့်မှန်းထား သည်။

၂၀၃၀ အထိ နှစ်စဉ် အိမ်ရာအခန်းပေါင်း ၄၀,၀၀၀ ကျော်လိုအပ်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍက အဓိကပါဝင်ရမည်ဖြစ်ပြီး အစိုးရ၏ တန်ဖိုးနည်းအိမ်ရာ စီမံ ကိန်း များသည် လက်တွေ့မကျကြောင်း OBG ကလည်း ခန့်မှန်း ထားသည်။

‘‘မြန်မာနိုင်ငံရဲ့ အိမ်ရာ ကဏ္ဍဖွံဖြိုးဖို့ အဓိကအဟန့်အတား က မြေယာေ ဈးကြီးမှုကြောင့်ပါ’’ဟု စင်ကာပူအခြေစိုက် ဆောက်လုပ်ရေးအကြံပေး Meinhardt Group ၏ အမှုဆောင်အရာရှိချုပ် မစ္စတာအိုမာရှာဇက် က ပြောသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service