လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
1391 Views

လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန်

လန်ဒန်တွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်က ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်းနေရာပေါင်း ၄ နေရာရှိ အဆောက်အအုံများတွင် အက်ကြောင်းများ တွေ့ရှိမှုကြောင့် နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန်လိုက်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြောင်းရွှေ့ရန် ညွှန်ကြားထားသည့် လေးနေရာမှာ Peterchurch၊ Bromyard၊ Skenfirth နှင့် Sarnsfield ဘလောက်များဖြစ်ပြီး ဓာတ်ငွေ့လုံခြုံရေးဆိုင်ရာ စိုးရိမ်ရသည့်အခြေအနေများရှိခြင်းကြောင်း ပြောင်းရွှေ့စေခြင်းဖြစ်သည်ဟု ဆိုသည်။

လန်ဒန်အရှေ့တောင်ပိုင်းရှိ အဆိုပါလေးနေရာတွင် နေထိုင်သူများမှာ ရာပေါင်းများစွာရှိပြီး လာမည့်ရက်သတ္တပတ်များအတွင်း ပြောင်းရွှေ့ရမည်ဖြစ်သည်။

Old Kent လမ်းအနီးရှိ Ledbury Estate အဆောက်အအုံကြီးသည် ၃၃ ထပ်အဆောက်အအုံဖြစ်ပြီး အခန်းပေါင်း ၂၄၂ ခန်း ပါဝင်သည်။
ယခုအခါ အဆိုပါအဆောက်အအုံသို့ ဓာတ်ငွေ့ပို့လွှတ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်ရာ နေထိုင်သူများအနေဖြင့် ချက်ပြုတ်စားးသောက်ရန်၊ ရေနွေးတည်ရန်၊ အပူပေးစနစ်ဖွင့်ရန် မဖြစ်နိုင်တော့ချေ။

ယခုပြောင်းရွှေ့စေသည့် အဆောက်အအုံများတွင် ကြီးမားသည့်အက်ကြောင်းများ တွေ့ရှိခြင်းကြောင့် ယခုအခါ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မြို့တော်ကောင်စီက ပေးပို့သောစာအတွင်း ဖော်ပြထားရာတွင် “Ledbury တွင် တွေ့ရှိခဲ့ရသော အက်ကြောင်းများနှင့် စပ်လျဉ်း၍ ရတက်မအေးဖြစ်ရမှုများကို တုံ့ပြန်သောအားဖြင့် အက်ကြောင်းများ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန် အင်ဂျင်နီယာများအား ညွှန်ကြားခဲ့ပြီး ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

Bromyard အဆောက်အအုံ ၁၂ လွှာတွင် သားသမီး ၃ ဦးနှင့်အတူ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားရာတွင် အဆောက်အအုံတွင် ဖြစ်ပေါ်နေသော ကြီးမားသည့် အက်ကြောင်းကြီးများနှင့် ပတ်သက်၍ နေထိုင်သူများမှာ များစွာရတက်မအေး ဖြစ်လျက်ရှိကြကြောင်း ပြောကြားသည်။

“အက်ကြောင်းတွေက အခြေအနေတော်တော်ဆိုးနေတယ်။ အပေါ်ခန်းတွေကနေ အောက်ခန်းတွေဆီ ရေတွေကျတယ်။ အက်ကြောင်းထဲကနေ စာအုပ်တစ်အုပ်တောင် ချလို့ရတယ်” ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com
လန်ဒန်ရှိ ဂရန်းဖဲလ်တာဝါမီးသင့်လောင်မှုဖြစ်ပွားပြီးနောက်ပိုင်း မြို့တွင်း ၄ နေရာရှိ နေထိုင်သူများကို ပြောင်းရွှေ့ရန် ဆက်လက်အမိန့်ထုတ်ပြန် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service