အမေရိကန် ရင်းနှီးမြှုပ်နှံမူများ ဝင်ရောက်ရန် အစိုးရ၏ လမ်းဖွင့်ပေးမှုများ လိုအပ် - Property News in Myanmar from iMyanmarHouse.com
499 Views

အမေရိကန် ရင်းနှီးမြှုပ်နှံမူများ ဝင်ရောက်ရန် အစိုးရ၏ လမ်းဖွင့်ပေးမှုများ လိုအပ်

မြန်မာနိုင်ငံသို့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် မြန်မာ အစိုး ရ၏ မူဝါဒများနှင့် လိုအပ်ချက်များ လမ်း ဖွင့်ပေးမှုအပေါ် မူတည်နေေ ကြာင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)အတွင်းရေးမှူး ဦးေ အာင်နိုင်ဦးက သြဂုတ်လ ၇ရက်နေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှု ပ်နှံမှု ကော်မရှင် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“ကျနော်တို့ဆီက ပေါ်လစီလည်း လိုတယ်။ သူတို့ စိတ်ဝင်စားတဲ့ ကဏ္ဍတွေ အပေါ် ဘယ်လောက် ဖွင့်ပေးမလဲ ဆိုတာ အပေါ် မူတည်ပြီးတော့ ရင်းနှီြး မှုပ်နှံမှုတွေ ဝင်လာပါလိမ့်မယ်။ ဥပမာ အစိုးရက အာမခံလုပ်ငန်းတွေကို နိုင်ငံခြားသား ရင်း နှီးမြှုပ်နှံမှု ခွင့်ပြုပေးရင် အမေရိကန်ကုမ္ပဏီတွေ သေချာေ ပါက် ဝင်လာမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဓိကအားဖြင့် အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ က ကျောက် မျက်ရတနာလုပ်ငန်းများ၊ အာမခံလုပ်ငန်းများ ကဲ့သို့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများနှင့် နည်းပညာလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်းလည်း ဆိုသည်။

သို့သော် လက်ရှိတွင် အာမခံလုပ်ငန်းများကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးခြင်း မရှိသေးပေ။

ယင်းအပြင် အမေရိကန် လုပ်ငန်းရှင်များ စိတ်ဝင်စားနေသည့် ကျောက်မျက် လုပ်ငန်းမှာလည်း အစိုးရမူဝါဒနှင့် သက်ဆိုင် သောကြောင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံ MIC ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်ပြီး ကျောက်မျက် လုပ်ငန်းများ ပိုမိုဖွင့်ပေးနိုင်ရန်ေ ဆွးနွေး ပြင်ဆင်မှုများ ရှိနေသဖြင့် ယင်းတို့လုပ်ဆောင်ပြီးလျှင် ရင်းနှီးမြှုပ်နှံ မှုများ အင်အားကောင်းကောင်းနှင့် ဝင်ရောက်လာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသည့် အရေးယူ ပိတ်ဆို့ထားခြင်းများကို ဖြေလျှော့ ပေးထားပြီး ရေနံ၊ သဘာဝ ဓာတ်ငွေ့ အစရှိသည့် လုပ်ငန်းများတွင် ကန်ဒေါ်လာသန်း၂၅၀ ခန့် ရင်းနှီး မြှုပ်နှံထားကာ ကြောင်း၊ အရေးယူ ပိတ်ဆို့မှုများ ဖွင့်ပေးထားပြီဖြစ်၍ လာမည့် ၃ နှစ်အတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှု ၂ ဆခန့် ဝင်ရောက် လာမည်ဟု တွက်ဆထားကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ြေ ခကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင် မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်း ပြည်ပ ဈေးကွက် အခြေအနေ၊ ပြည် တွင်းစားသုံးရန် လိုအပ် ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာလွှဲပြာင်း ရရှိမှု၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်းကာ ကွယ်ေ ရး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံ မှု ဖြစ်ခြင်းနှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံကာ ခွင့်ပြုပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဘဏ်များ စီးပွားရေးလုပ်ကိုင်ခွင့်ကို ပိတ်ပင် ထားသော အမေရိကန်ပြည်ထောင်စု မျိုးချစ် ဥပဒေ the USA Patriot Act ပုဒ်မ ၃၁၁ နှင့် ၃၁၂ ကို ပြန်လည်ဖယ်ရှားပေးရန် မြန်မာနိုင်ငံတွင် အခြေ စိုက်သော အမေရိ ကန် လုပ်ငန်းရှင်များအသင်းက ၎င်းတို့၏ အစိုးရထံေ တာင်းဆိုထားကြောင်း သိရသည်။

အမေရိကန်ဘဏ်များအား မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခြင်းကို တားဆီးထားသော အထက်ပါ ပုဒ်မနှစ်ခု ရုပ်သိမ်းရန် အားထုတ်မှု ကို မြန် မာနိုင်ငံသားများဘဏ်၏ အမှုဆောင်ချုပ် ဒေါက်တာသောင်းဟန်က ကြိုဆို လိုက်သည်။

“ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းမှာ အမေရိကန်က တကယ့်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ကတော့ ကြိုဆိုတယ်။ တကမ္ဘာလုံးက ဒေါ်လာနဲ့ အလုပ်လုပ်နေကြတာ။ ကျနော်တို့ ဒါကို ရှောင်လွှဲ လို့ မရပါဘူး။ ဒါကို မြန်မြန် ဖြစ်လာစေချင်တယ်’’ ဟု ဒေါက် တာ သောင်းဟန်က ပြောသည်။

ယင်းကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန်အရာရှိများနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ စီပွားရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းေ ရးမှူး၊ ရင်းနှီးမြှုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွန်ကြားရေး ဦးစီးဌာန ညွှန်ကြားေ ရးမှူးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်နှင့်ဘဏ္ဍာရေး လုပ်ထုံး လုပ်နည်း ဌာနမှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service