မြန်မာနှင့်စင်ကာပူအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ယခုနှစ်အတွင်း အပြီးသတ်ချုပ်ဆို - Property News in Myanmar from iMyanmarHouse.com
1091 Views

မြန်မာနှင့်စင်ကာပူအကြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ယခုနှစ်အတွင်း အပြီးသတ်ချုပ်ဆို

မြန်မာနှင့် စင်ကာပူ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ် နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ် ပေးရေးဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် နှစ်ဖက်ညှိနှိုင်း မှု အားလုံးကို ယခုနှစ်အတွင်းအပြီး သတ်လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် မှ သိရသည်။

လက်ရှိတွင် နှစ်နိုင်ငံသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ပထမ အကြိမ် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၇ ခုနှစ် သြဂုတ် ၇ ရက်နှင့် ၈ ရက်များ တွင် စင်ကာပူမှ ကိုယ်စားလှယ်များ က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးတွင် လာရောက်ဆွေးနွေးခဲ့ ပြီး ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေး ခြင်းကို လာမည့် အောက်တိုဘာလ ဆန်းတွင် ပြုလုပ်ရန်အတွက် နှစ်နိုင်ငံသဘောတူညီခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော် မရှင် အတွင်းရေးမှူး ဦးအောင်နိုင် ဦးက""ဒီဟာရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အတားအဆီး အဟန့်အတားတွေ ကို နည်းနိုင်သမျှနည်းအောင်၊ ချော ချောမွေ့မွေ့နဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်လို့ရအောင် အခွင့်အရေးတွေ ပိုပြီး ပေးနိုင်အောင်၊ ပိုရအောင်လို့ပါ""ဟု သြဂုတ် ၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် စင်ကာပူနိုင်ငံနှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး သဘောတူစာ ချုပ် ချုပ်ဆိုနိုင်ရန် လုပ်ဆောင်နေသ ကဲ့သို့ ဥရောပသမဂ္ဂ(EU)နှင့်လည်း သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများ ကို ငါးကြိမ်အထိ ပြုလုပ်ပြီးဖြစ်ကာ ယခုနှစ်အတွင်း၌ပင် နှစ်ဖက် ညှိနှိုင်း ဆွေးနွေးမှုများကို အပြီးသတ်လုပ် ဆောင်သွားမည်ဟု သိရသည်။

""EUနဲ့လည်း ကျွန်တော်တို့ ညှိနှိုင်းတာတွေအားလုံး ပြီးသွားပါ ပြီ။ သူတို့ဘက်က ဥပဒေပညာရှင် တွေနဲ့ ကျွန်တော်တို့ဘက်က ဥပဒေ ပညာရှင်တွေက ဒီ Agreement အ ပေါ်မှာ ထပ်ပြီးတော့ ဥပဒေရှုထောင့် ကနေ အသေးစိတ် ထပ်ပြီးညှိနှိုင်းပါ မယ်။ အခုက ညှိနှိုင်းတဲ့ သဘောက တော့ ဥပဒေရှုထောင့်ကနေ မပါသေး ဘူးပေါ့။ ပညာရပ်ပိုင်းဆိုင်ရာTechnical ရှုထောင့်ကနေ ညှိနှိုင်းလို့ပြီး သွားတဲ့ သဘောဖြစ်ပါတယ်။ အကြမ်း ဖျင်း ခန့်မှန်းချက်ကတော့ ဒီလုပ်ငန်း စဉ်အားလုံး ၂၀၁၇ ထဲမှာတင်ကို ပြီး သွားမယ်လို့ ခန့်မှန်းထားပါတယ်""ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောသည်။

မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေး ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ် ဆိုနိုင်ရန်အတွက် ရုရှားနိုင်ငံကလည်း အဆိုပြုထားပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးသော နိုင်ငံအရေအတွက် မှာ ၁၁ နိုင်ငံရှိပြီး၊ တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကူဝိတ်၊ အစ္စရေး၊ ဂျပန်၊ တောင်ကို ရီးယား၊ အင်ဒိုနီးရှား စသည့်နိုင်ငံ များဖြစ်ကြောင်း သိရသည်။

Credit: Democracytoday

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service