၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
969 Views

၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ်

အီရန်နိုင်ငံအရှေ့တောင်ပိုင်းရှိ ကာမန်ပြည်နယ်တွင် မဂ္ဂါဝပ် ၂၀ ထုတ်လုပ်နိုင်စွမ်းရှိမည့် နေစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကြီးကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

မိုကရန်ဟု အမည်ပေးထားသော နေစွမ်းအင်ဓာတ်အားပေးစခန်းကို ဂျာမန်ကုမ္ပဏီ Adore ၏ ကွပ်ကဲမှုဖြင့် ဆွစ်ဇာလန်ကုမ္ပဏီ Durion AG က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းဓာတ်အားထုတ်လုပ်ရေးစခန်းကို ကန်ဒေါ်လာ ၂၇ သန်း အကုန်အကျခံဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၀ မဂ္ဂါဝပ်ရှိ နေစွမ်းအင်ဓာတ်အားထုတ်လုပ်ရေးစက် ၂ ခု ပါဝင်သည်။
စခန်းဝန်းအတွင်း ဆိုလာပြားပေါင်း ၇၆၉၁၂ ခု တပ်ဆင်ထားပြီး ဆိုလာပြားတစ်ခုလျှင် ၂၆၀ ဝပ်ထုတ်လုပ်နိုင်စွမ်းရှိကာ စခန်းကြီးတစ်ခုလုံး၏ အကျယ်အဝန်းမှာ ၄၄ ဟက်တာကျော် ရှိသည်။

ဆွစ်ဇာလန်၊ ဂျာမနီ၊ စပိန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့သည် အီရန်၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားရန် စိတ်ဝင်စားလျက်ရှိနေကြသည်။

အီရန်စွမ်းအင်ဝန်ကြီး ဟာမစ်ချစ်ချီယန်က ပြောကြားရာတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် ကမ်းလှမ်းလာကြသည့်ပမာဏ စုစုပေါင်း ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော်ရှိခဲ့ပြီး အင်အားကြီးနိုင်ငံများနှင့် အဏုမြူအရေး သဘောတူညီချက်များ ရရှိခဲ့ပြီးနောက်ပိုင်း အီရန်လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ စွမ်းဆောင်မှုအရှိဆုံးကဏ္ဍဖြစ်လာသည်ကို ညွှန်ပြလျက်ရှိခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

အီရန်နိုင်ငံသည် တစ်နှစ်တာလျှင် နေသာသည့်နေ့ရက်ပေါင်း ၃၀၀ ကျော်၊ နေအလင်းရောင်ရရှိသည့် အချိန်ပေါင်း ၂၈၀၀ နာရီခန့်ရရှိရာ နေစွမ်းအင်ထုတ်လုပ်နိုင်ရန် အကောင်းမွန်ဆုံးနိုင်ငံများတွင် ပါဝင်သည့်နိုင်ငံလည်း ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ် - Property News in Myanmar from iMyanmarHouse.com
၆ လအတွင်း အပြီးဆောက်လုပ်ခဲ့သည့် နေစွမ်းအင်ဓာတ်အားပေးစက်ရုံ အီရန်တွင် စတင်ဖွင့်လှစ်လည်ပတ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service