ကိုယ်ပိုင် ပိုးလမ်းမသစ်စီမံကိန်းတစ်ခုကို တည်ဆောက်ပြီး တရုတ်ကို တုန့်ပြန်ဖို့ ဂျပန်နဲ့ အိန္ဒိယတို့ ပူးပေါင်းလုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
1289 Views

ကိုယ်ပိုင် ပိုးလမ်းမသစ်စီမံကိန်းတစ်ခုကို တည်ဆောက်ပြီး တရုတ်ကို တုန့်ပြန်ဖို့ ဂျပန်နဲ့ အိန္ဒိယတို့ ပူးပေါင်းလုပ်ဆောင်နေ

တရုတ်သမ္မတ Xi Jinping လက်ထက်မှာ ရည်မှန်းချက်ကြီးမားတဲ့
Belt and Road Initiative (ပိုးလမ်းမစီမံကိန်း) ကြီးနဲ့အတူ နိုင်ငံရဲ့
စီးပွားရေးကို ချဲ့ထွင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ တစ်ဘက်
က ဒေသတွင်းအင်အားကြီး ဂျပန်နဲ့အိန္ဒိယတို့ကလည်း တရုတ်ရဲ
့စီမံကိန်းကို တုန့်ပြန်နိုင်ဖို့အတွက် ယင်းတို့ရဲ့ ကိုယ်ပိုင် နိုင်ငံ
တကာပူးပေါင်းမှုစီမံကိန်းရည်မှန်းချက်တွေကို အဆိုပြုဖော်
ဆောင်လာနေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိန္ဒိယနဲ့ ဂျပန်တို့အနေနဲ့ ယင်းတို့ရဲ့ သီးခြား
ပိုးလမ်းမစီမံကိန်းကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်မယ့် ပူးတွဲရည်
မှန်းချက်တစ်ခုကို ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။

တရုတ်သမ္မတရဲ့ Belt and Road ဖိုရမ် မေလက ကျင်းပပြီးစီးပြီး
ရက်ပိုင်းအကြာမှာပဲ အိန္ဒိယ၀န်ကြီးချုပ် Modi ကလည်း ဂူဂျာရတ်မှာ
ကျင်းပတဲ့ အာဖရိကန် ဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးတစ်ခုမှာ
တရုတ်ရဲ့ နိုင်ငံတကာပူးပေါင်းမှုရည်မှန်းချက်တွေကို တုန့်ပြန်နိုင်မယ့်
ရည်မှန်းချက်တစ်ခုကို အဆိုပြုတင်သွင်းခဲ့ပါတယ်။

ယင်းကတော့အိန္ဒိယနဲ့ ဂျပန်နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား ဖော်ဆောင်သွားမယ့်
စီးပွားရေးပေါင်းစည်းမှု သဘောတူညီချက်တစ်ခုဖြစ်တဲ့
Asia-Africa Growth Corridor (AAGC) ပဲ ဖြစ်ပါတယ်။
ယင်း AAGC ကတော့ နယူးဒေလီနဲ့ တိုကျိုအစိုးရတို့အကြား
ရည်မှန်းချက်ကြီးမားတဲ့ ပူးပေါင်းဆောင်ရွက်မယ့်အစီအစဉ်ကြီးဖြစ်ပြီး
တောင် အာရှ၊ အရှေ့တောင်အာရှ နဲ့ အရှေ့အာရှ တို့ကို ပင်လယ်
သမုဒ္ဒရာနဲ့ အာဖရိကဒေသတို့နဲ့အကြား စီးပွားရေးချိတ်ဆက်မှုချင်း
ပိုမိုပေါင်းစည်းပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ယင်းရဲ့ အိုင်ဒီယာကတော့ ယခင်ရှေ့ခေတ် ပင်လယ်ရေကြောင်းဆိုင်
ရာ လမ်းကြောင်းတွေ ပြန်လည်ရှာဖွေပြီး အသစ်အသစ်သော
ပင်လယ်ရေကြောင်း ကော်ရစ်ဒါတွေ ဖန်တီးရင်းနဲ့ လွတ်လပ်ပြီး
ပွင့်လန်းတဲ့ အင်ဒို-ပစိဖိတ် ဒေသတစ်ခုကို ဖန်တီးသွားဖို့ ဖြစ်တယ်လို့
သိရပါတယ်။ လက်တွေ့မှာလည်း သက်ဆိုင်ရာမြို့တွေနဲ့ ဒေသတွင်း
ထုတ်လုပ်ရေးအချက်အချာနေရာတွေကို ချိတ်ဆက် ဆက်သွယ်
ပေးနိုင်တဲ့ ပင်လယ်ရေကြောင်းအဓိက အခြေပြု စီးပွားရေးရပ်ဝန်းတွေ
အဖြစ်ဖန်တီးသွားမယ်လို့ မြင်ယောင်ကြည့်လို့ရနေပါတယ်။

လက်ရှိအခြေအနေအရ အာဖရိကဒေသဟာ အနာဂတ်မှာ တိုးတက်
မှုတွေဖြစ်ထွန်းနေနိုင်မယ့် ဒေသတစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။
ယင်းနိုင်ငံက နိုင်ငံတွေရဲ့ စီးပွားရေးဟာလည်း လက်တလောမှာ
တစ်နှစ်ကို ခုနစ်ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြား တိုးတက်နေလျက်ရှိ
ပါတယ်။ တရုတ်ကလည်း ယင်းအခြေအနေပေါ်မူတည်ပြီး အဆိုပါ
ဒေသအတွင်းမှာ တက်ကြွစွာ ပါဝင်လုပ်ဆောင်နေလျက်ရှိနေပါတယ်။

ယင်းအချိန်မှာ ဂျပန်နဲ့အိန္ဒိယတို့ရဲ့ AAGC ရဲ့ အဓိကရည်မှန်းချက်
ကတော့ အဆိုပါဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို
ဟန်ချက်ထိန်းနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့်ဆို
ရသော် အာဖရိကဒေသတွင်း ဂျပန်နဲ့အိန္ဒိယတို့ကလည်း ၎င်းတို့အတွက်
ရပိုင်ခွင့်တွေကို အခွင့်ကောင်းရယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အိန္ဒိယမှာ Connect Central Asia Policy
မူဝါဒ ၊ အရှေ့မျှော်မူဝါဒနဲ့အတူ တောင်အာရှ၊ အရှေ့တောင်အာရှဒေသတို့ထိ ချိတ်ဆက်နိုင်မယ့် လမ်းနဲ့ရထားလမ်းစီမံကိန်းသစ်တွေ
ဖော်ဆောင်ရေး စတာတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ဂျပန်ဟာဆိုရင်လည်း ဆယ်စုနှစ်တွေကြာကတည်းက ဒေသ
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ထည့်ဝင်လုပ်ဆောင်
ထားမှုတွေ ရှိထားပြီးဖြစ်ပါတယ်။ မကြာသေးမီကဆိုရင်လည်း
ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ထွန်းသစ်စ အာရှနဲ့ အာဖရိကဈေးကွက်
တွေအတွက် ဒေါ်လာ ဘီလီယံ ၂၀၀ ထည့်ဝင်သွားဦးမယ်ဆိုပြီး
ကတိပြုထားခဲ့တာကိုကြည့်ရင်လည်း AAGC အတွက် ငွေကြေး
ထည့်ဝင်မတည်နိုင်မယ့် ရင်းမြစ်တစ်ခုအဖြစ်ပါ ရှုမြင်လို့ရနေလျက်
ရှိပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service