တင်းကျပ်လာသည့် ဥပဒေမူဝါဒများကြောင့် အိမ်ခြံမြေဈေးကစားမှု ပျောက်နိုင် - Property News in Myanmar from iMyanmarHouse.com
3630 Views

တင်းကျပ်လာသည့် ဥပဒေမူဝါဒများကြောင့် အိမ်ခြံမြေဈေးကစားမှု ပျောက်နိုင်

အိမ်ခြံမြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနှင့်
မပြုလုပ်ကြတော့ခြင်း မှာ တင်းကျပ်လာနိုင်သည့်ဥပဒေမူဝါဒများကြောင့်ဖြစ်ပြီး လက်ရှိလုပ်ဆောင်နေသည့် စိစစ်မှုများကြောင့် နောက်ပိုင်းတွင်လည်း ဈေးကစားမှု ပျောက်သွားနိုင်သည်ဟု အိမ်ခြံမြေ
အကျိုးဆောင်အသိုင်းအဝိုင်းမှ သိရသည်။

''အရင်က ဈေးကစားတဲ့ဈေးကွက်ကြောင့် အိမ်ခြံမြေဈေးတွေက အဆမတန်ဖြစ်နေ တာ။ ဥပမာ-စက်မှုဇုန်ကို အရင်က ဝယ်ကြတယ်။ တကယ်လုပ်ငန်းလုပ်ဖို့ထက် ဈေးကစား ဖို့၊ အမြတ်ရဖို့အတွက် ဝယ်ထားကြတယ်။ လုပ်ငန်းမလုပ်ဘဲထားတဲ့သူတွေကို ပြန်သိမ်းမယ် ဆိုတာကြောင့် အရောင်းအဝယ်မကောင်းတဲ့အတွက် အမြတ်ရဖို့ မသေချာတော့ မဝယ်ရဲ ကြတော့ဘူး။ ဒါကြောင့် ဝယ်ရောင်းဈေးကွက်ရှိနေသေးတယ်ဆိုပေမယ့် ဈေးကစားတာ တွေတော့ တဖြည်းဖြည်းနည်းသွားနိုင်တယ်''ဟု ဝါရင့်အိမ်ခြံမြေအကျိုးဆောင် ဦးချစ်က ပြောသည်။ လတ်တလောအနေအထားအရ အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေ ဖြင့် ဝယ်ယူခြင်းများထက် အမှန်တကယ်နေထိုင်ရန် လိုအပ်သူများသာ ဝယ်ယူသည်ကို တွေ့လာရကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့တွင်းဈေးကွက်မှာ အတက်ဈေးနှင့် တန့်နေသကဲ့သို့ မြို့စွန် များနှင့် ဆင်ခြေဖုံးရပ်ကွက်၊ မြို့သစ်များ၏ ဈေးမှာလည်း ဆက်လက်မြင့်တက်လာနိုင်ခြေ မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ ဒုဥက္ကဋ္ဌ(၁) ဦးသန်းဦးက ''ပြန် ရောင်းရင် မြတ်မှာပဲဆိုပြီး ဝယ်တဲ့သူတွေ သိပ်မရှိတော့ဘူး။ အချို့ဖွံ့ဖြိုးမှုတွေဖြစ်လာ နိုင်တဲ့နေရာတွေကိုပဲ ရင်းနှီးမြှုပ်နှံထားကြတယ်။ အိမ်ခြံမြေဈေးကွက် ဘယ်လိုပဲဖြစ်နေ ဖြစ်နေ မြို့တွင်းဈေးကွက်က အမြင့်မှာပဲ ရှိနေဦးမှာပဲ။ ဒါပေမဲ့ အငှားထားသူတွေ၊ တကယ် နေမယ့်သူတွေ၊ လုပ်ငန်းလုပ်သူတွေလောက်ပဲ ဈေးကွက်ရှိနိုင်တော့ ဈေးကစားတာတွေ က သေချာပေါက် ပျောက်သွားနိုင်တယ်''ဟု သုံးသပ်ပြောဆိုသည်။

Credit: The yangontimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service