အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပွင့်လင်းရာသီတွင် စတင်အကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
1193 Views

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ပွင့်လင်းရာသီတွင် စတင်အကောင်အထည်ဖော်မည်

မန္တလေးမြို့အနီး ဧရာဝတီမြစ် မြေနုကျွန်းများပေါ်တွင် အကောင်အထည်ေ ဖ်ာမည့် အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတည် ဆောက်ရေးလုပ်ငန်းများကို လာ မည့်ပွင့်လင်းရာသီ၌ စတင်မည်ဟုအဆိုပါ စီမံကိန်းအကောင်အ ထည်ေ ဖ်ာမည့် MBCCD ကုမ္ပဏီ မှ သတင်းရရှိသည်။

စီမံကိန်းစတင်ရန် အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရပြီးဖြစ်၍ ယခုနှစ်မိုးရာသီအ ကုန်တွင် တည် ဆောက်ရေးလုပ်ငန်းများ စတင် မည်ဟု MBCCD (Mandalay Business Capital City Development Co.,Ltd)၏ ပြောေ ရးဆိုခွင့် ရှိသူ ဦးဇော်ရဲဝင်းက ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းကို မန္တလေးမြို့အနီး ဧရာ ဝတီမြစ်အတွင်းရှိ ရှမ်းလေးကျွန်း ကျေးရွာဝန်းကျင်မှ မြေနုကျွန်း ဧက ၂,၀၀၀ နှင့် ဧရာဝတီမြစ် ၏ အရှေ့ဘက်ခြမ်း တက်သေးအင်း ဝန်းကျင်ရှိ မြေဧက ၅၀၀၊ စုစု ပေါင်းမြေ ဧက ၂,၅၀၀ ခန့်ပေါ် တွင် အကောင်အထည်ဖော်မည် ဖြစ်သည်။

စီမံကိန်းကို အပိုင်းခုနစ်ပိုင်း ခွဲကာ တစ်ဆင့်ချင်းလုပ်ကိုင်မည် ဖြစ်ပြီး လူနေ အဆောက်အအုံ များ၊ ဟိုတယ်ဇုန်များ၊ ကျောင်း များ၊ ရုံးဌာနများနှင့် ဆိပ်ကမ်းဧရိ ယာများ ပါဝင်မည်ဖြစ်ကြောင်း ဦးဇော်ရဲဝင်းက ပြောသည်။ စီမံ ကိန်းအတွက် ကျပ်ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး တည်ဆောက်ရေးကာလသည် ၁၀ နှစ် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမရပူမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်အတွင်းရှိ မြေနုကျွန်းများပေါ်တွင် မြေဖို့ကာ အကောင်အထည်ဖော်မည့် စီမံ ကိန်းဖြစ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းနှင့် မြစ် ကြောင်းအပေါ် ထိခိုက်မှုများရှိ မည်ကို စိုးရိမ်ကြောင်း မန္တလေး မြို့ခံ အရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။

အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံ ကိန်းသည် ဧရာဝတီမြစ်နှင့် တိုက် ရိုက်ဆက်စပ်နေပြီး စီမံကိန်း ကြောင့် တစ်စုံတစ်ရာ ထိခိုက်မှုရှိ ပါက ဒေသခံများကသာမက မန္တ လေးမြို့နှင့် ဧရာဝတီမြစ်ရိုးတစ် လျှောက်ရှိ မြို့ရွာများအတွက် သက်ရောက်မှုကြီးမားမည်ဖြစ်ရာ အစိုးရအဖွဲ့အနေဖြင့် စနစ်တကျ စိစစ်ပြီးမှ လုပ်ကိုင်ခွင့်ပြုသင့် ကြောင်း မန္တလေးမြို့ အခြေစိုက် သဘာဝပတ်ဝန်းကျင်လေ့လာ စောင့်ကြည့်ရေးအဖွဲ့ သဘာဝ စိမ်းအဖွဲ့ (Natural Green Alliance) မှ ဦးမောင်မောင်ဦးက ပြောသည်။ တိုင်းအစိုးရအဖွဲ့အနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ ယခု ထက် ပိုမိုပွင့်လင်းမြင်သာစွာ ချပြ သင့်သလို စီမံကိန်းတည်ဆောက် ရေးလုပ်ငန်းများ စတင်မည်ဆို လျှင် ဒေသခံအရပ်ဘက်အဖွဲ့ အစည်းများကို တရားဝင်လေ့လာ စောင့်ကြည့်ခွင့်ရနိုင်ရန် စီစဉ်ပေး သင့်ကြောင်း ဦးမောင်မောင်ဦးက ပြောသည်။ ထို့အပြင် တိုင်းအစိုးရ အဖွဲ့သည် ဒေသတွင်း အရပ် ဘက်အဖွဲ့အစည်းများ၏ လိုလား ချက်၊ အကြံပြုချက်များကို လက်ခံရယူမှု အားနည်းကြောင်း ၎င်းက ဝေဖန်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင်က အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်း က ခွင့်ပြုပေးခဲ့သည့် စီမံကိန်းဖြစ် ပြီး ၎င်းတို့အနေဖြင့် စနစ်တကျ ထပ်မံစိစစ်ကာ ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်က MBCCD က မန္တလေးစည်ပင်သို့ လွှဲပြောင်းလှူဒါန်းသည့် ရေဆိုး ထုတ်စက်ရုံဖွင့်ပွဲတွင် ပြောသည်။

‘‘အမရပူရမြို့ပြစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရ က စာချုပ်ချုပ်ဆိုတာဖြစ်တယ်။ အသံတွေကတော့ မျိုးစုံထွက်ပါ တယ်။ အစိုးရတစ်ရပ်က အရင် အစိုးရနဲ့ စာချုပ်ချုပ်ထားတာကို ဆက်လက်အကောင်အထည် ဖော်ဖို့ တာဝန်က နောက်အစိုးရ ရဲ့ တာဝန်ဖြစ်လာတယ်။ လုပ်ထုံး လုပ်နည်းညီရမယ်။ ဒါကြောင့် ဒီ ဖွံ့ဖြိုးရေးစီမံကိန်းကို ကျွန်တော် တို့ သေချာစိစစ်ပါတယ်။ ကွင်း ဆင်းကြည့်တယ်။ အဖွဲ့တွေဖွဲ့ တယ်။ သဘာဝပတ်ဝန်းကျင် ဘယ်လောက် ထိခိုက်နိုင်လဲဆို တာ အကုန်လုံးပညာရှင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့ ခွင့်ပြုခြင်း ဖြစ်ပါတယ်’’ဟု ဒေါက်တာဇော် မြင့်မောင်က ပြောသည်။

MBCCD က အမရပူရမြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းအကောင်အ ထည်ဖော်ရန် နိုင်ငံတကာပညာ ရှင်များနှင့် ဧရာဝတီမြစ်ကြောင်း ကို ၂ နှစ်ခန့် အချိန်ယူလေ့လာ တွက်ချက်ခဲ့သလို စီမံကိန်းအ တွက် လိုအပ်သည့် သဘာဝပတ် ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှု ဆိုင်ရာ စစ်တမ်း (EIA, SIA Report) များ တင်ပြခြင်းနှင့် အ များပြည်သူအား ရှင်းလင်းဆွေး နွေးခြင်း (Public Consultation) များ ပြုလုပ်ထားပြီးဖြစ်ကြောင်း ပြောသည်။

MBCCD သည် စီးပွားရေး လုပ်ငန်းရှင် ဦးမောင်ဝိတ်ပိုင်ဆိုင် သော ကုမ္ပဏီဖြစ်ပြီး အမရပူရ မြို့ ပြဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်ရန် တည်ထောင် ထားသည့် ကုမ္ပဏီဖြစ်သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service