မြေနုကျွန်းများတွင် လုပ်ကိုင်ခွင့်ရရန် ခွင့်ပြုလက်မှတ် လျှောက်ထားမှုများကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
410 Views

မြေနုကျွန်းများတွင် လုပ်ကိုင်ခွင့်ရရန် ခွင့်ပြုလက်မှတ် လျှောက်ထားမှုများကို ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီသို့ တင်ပြမည်ဟုဆို

Local Property News | Posted by Zarni Kyaw (iMyanmarHouse.com)

မန္တလေးတိုင်း ငါန်းဇွန် မြို့နယ် ငါန်းမြှာကျေးရွာရှိ မြေနုကျွန်းများတွင် လယ် ယာမြေလုပ် ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) လျှောက်ထားသည့် တောင်သူ များကို ဗဟိုလယ်ယာမြေစီမံခန့် ခွဲမှုကော်မတီသို့ ယခုလအတွင်း တင်ပြမည်ြ ဖစ်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန် ကြီး ဒေါက် တာစိုးသန်းက ပြောသည်။

ဧရာဝတီမြစ်ရေတက်ချိန် ကာလများတွင် ရေနစ်မြုပ်နေသော မြေနု ကျွန်းများ ၌ နစ်မြုပ် ခြင်းမရှိသော မြေရင့်များကို ဒေသခံတောင်သူအချို့က လယ် ယာ မြေလုပ်ကိုင်ခွင့်ပြုလက်မှတ်များ ရရှိရန် အစိုးရအဖွဲ့သို့ လျှောက် ထာြး ခင်းဖြစ်သည်။

‘‘မြေနုကို မြေရင့်သတ်မှတ် ပေးဖို့ လျှောက်ထားတဲ့တောင်သူ တွေ မြို့နယ် လယ်စီကနေ ကျွန် တော်တို့ တိုင်းဒေသကြီးကို ရောက်လာပါပြီ။ တိုင်းဒေ သကြီး ကနေ ဒီလထဲ မြေရင့်ဖြစ်ကြောင်း ထောက်ခံပြီး ဗဟိုကို တင်ပြသွား ဖို့ စီစဉ်နေပါပြီ။ ဗဟိုကနေ ထောက်ခံရင်တော့ မြေရင့်အဖြစ် ရရှိမှာပါ’’ဟု ၎င်းက ဆိုသည်။

မြစ်ရေတက်ချိန်တွင် ရေနစ်မြုပ်သော မြေနုကျွန်းများဖြစ်ပါက တစ်နှစ်လျှင် တစ်ကြိမ် အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် တောင်သူများ ခွဲဝေလုပ်ကိုင်ရပြီး နစ်မြုပ်ြ ခင်း မရှိတော့၍ မြေရင့်ဖြစ်ကြောင်း လျှောက်ထားမှု မှန်ကန်ပါက တောင် သူများ ပိုင်ဆိုင်မည်ဖြစ် သည်။

ငါန်းမြှာကျေးရွာတွင် မြေနု ကျွန်းဧက ၁,၉၀၀ ကျော်ရှိပြီး အဆိုပါမြေများထဲမှ ဧက ၅၀၀ ခန့်အား မြေရင့်အဖြစ် ဒေသခံတောင်သူ ၃၀၀ ကျော်က လျှောက် ယူထား ကြောင်း မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးေ အာင် နိုင်ဦးက ပြောသည်။

ငါန်းမြှာကျေးရွာတွင် တောင်သူ ၁,၈၀၀ ကျော်ရှိပြီး မြေရင့်အဖြစ် လျှောက် ယူထားခြင်းမရှိသော မြေနုကျွန်းများကို လာမည့်ရေကျ ချိန်၌ တောင်သူများ ခွဲဝေလုပ် ကိုင်နိုင်ရန် တိုင်းတာမှုပြီးစီးကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအစိုးရက မြေ နုကျွန်းများ ခွဲဝေချထားပေးရန် လုပ်ဆောင်နေ မှုနှင့် ပတ်သက်၍ မကျေနပ်သော တောင်သူများ ရှိကာ အဆိုပါတောင်သူများ က မန္တလေးမြို့တွင် မေလ ၁၁ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်ြေ မာင်း ဝန်ကြီးအား ဖြုတ်ချရေး ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်တွင်း အိမ်ပြင် အလှဆင်ခြင်း ၀န်ဆောင်မှု (Interior Design and Decoration)
US Dollar to Myanmar Kyat Exchange Rate (ဒေါ်လာ - မြန်မာကျပ်ငွေ ငွေလဲနှုန်း)
iMyanmarHouse.com - Mobile App
မလျှော့အားမာန် မချန်သတ္တိ - နေမင်းသူ (MD, iMyanmarHouse.com)