စီးပွားရေးကဏ္ဍတွင် အခွန်ထပ်မံလျှော့ပေးမည်မဟုတ်ကြောင်း စီမံဘဏ္ဍာဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
743 Views

စီးပွားရေးကဏ္ဍတွင် အခွန်ထပ်မံလျှော့ပေးမည်မဟုတ်ကြောင်း စီမံဘဏ္ဍာဝန်ကြီးပြော

အသေးစားအလတ်စား လုပ်ငန်းများအပါအဝင် စီးပွားရေးကဏ္ဍတွင် ကောက် ခံနေသောအခွန်ကို ထပ်မံလျှော့ပေးမည်မ ဟုတ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကပြောသည်။

အရှေ့တောင်အာရှ နိုင်ငံ များတွင် မြန်မာနိုင်ငံသည် အခွန် သတ်မှတ်ေ ကာက်ခံမှုပမာဏအ နည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စီး ပွားရေးကဏ္ဍတွင် လုပ်ငန်းရှင် တောင်းဆိုမှုကြောင့် အခွန်ကိုအ လီလီလျှော့ပေးခဲ့ကြောင်း၊ (ဥပ မာအနေဖြင့်) အိမ်ခြံမြေတရားဝင် ရောင်းဝယ်ရာ၌ အသုံးပြုရသည့် တံဆိပ်ေ ခါင်းခွန်ကို ၇ ရာခိုင်နှုန်း မှ ၂ ရာခိုင်နှုန်းအထိ လျှော့ချပေး ထားကြောင်း ပြ ည်ထောင်စု ဝန် ကြီးက ဇူလိုင် ၂၀ ရက်ကပြုလုပ်ခဲ့ သည့် ဒုတိယသမ္မတနှင့် စီးပွား ရေး လုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် ပြောကြားသည်။

အသေးစားနှင့် အလတ်စား လုပ်ငန်းများတွင် ထုတ်လုပ်မှုစ ရိတ်မြင့်တက်ေ နသည့် အခက်အ ခဲကြုံတွေ့နေရခြင်းကြောင့် အစိုး ရကောက်ခံနေသည့် အခွန်နှုန်း ထားများ လျှော့ပေါ့ပေးရန်မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌဦးဇော်မင်းဝင်းက တောင်း ဆို သဖြင့် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပြောကြားခြင်းဖြစ်သည်။

အခွန်နှုန်းထား လျှော့ပေါ့ ပေးရန် စီးပွားရေးလုပ်ငန်းရှင်များ ၏ တောင်းဆို မှုများနှင့် ပတ်သက် ၍ အစိုးရအနေဖြင့် ကြုံတွေ့နေရ သည့် အခြေအနေကို လည်းပြည် ထောင်စုဝန်ကြီးကပြောပြသည်။

‘‘ဒီအတိုင်းသာလျှော့ပေးကြ စတမ်းဆိုရင် ဆေးရုံတွေ၊ ကျောင်းတွေ၊ လမ်းေ တွကို ဘာနဲ့သွား ဆောက်မလဲ၊ ဒီကနေ့ပြည်သူလို အပ်ချက်ဖြစ်တဲ့ လျှပ်စစ် မီးကို ဘာနဲ့သွားလုပ်မလဲ’’ ဟု ဦးကျော် ဝင်းကရှင်းပြသည်။

ထို့ကြောင့် အစိုးရအနေဖြင့် စီးပွားရေးကဏ္ဍတွင် ကောက်ခံ သော အခွန်နှုန်း ထားများကိုထပ် မံလျှော့ပေးမည် မဟုတ်ဟု ပြောကြားခြင်းဖြစ်ေ ကြာင်း ပြည်ထောင်စု ဝန်ကြီးကဆိုသည်။

‘‘ကျွန်တော်တို့ရဲ့ အခွန် လျှော့ပေးနိုင်တဲ့ (ကန့်သတ်ချက်)က ကုန်နေပြီ’’ ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

သို့သော် ပြည်ထောင်စုဝန် ကြီးဦးကျော်ဝင်းက အိမ်ခြံမြေအ ရောင်းအ ဝယ် နှေးကွေးနေခြင်း ကြောင့် ဝင်ငွေခွန်အပေါ် စည်း ကြပ်နှုန်း ၃၀ ရာခို င်နှုန်းအခွန် ကောက်ခံမှုကို ပြန်လည်ပြင်ဆင် ရန် စဉ်းစားနေကြောင်း ပြီးခဲ့ သည့် မေလ ၂၀ ရက်က ပြောကြားထား သည်။

ပြည်ထောင်စု ဝန်ကြီး၏ ပြောစကားကြောင့် အိမ်ခြံမြေဝယ် ရောင်းပြု လုပ်ေ နသူများနှင့် အ ကျိုးဆောင်များက ဈေးကွက်ပြန် လည်ကောင်းမွန်လာနိုင်ေ ကြာင်း ထိုအချိန်က ခန့်မှန်းပြောကြားခဲ့ သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနသည် အခွန်အကောက်နှင့် ပတ်သက် သည့် အဓိကဝန်ကြီးဌာနတစ်ခုဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့က အဆိုပါဝန်ကြီးဌာန အောက်တွင် ရှိနေသည်။

အခွန်ကောက်ခံရာတွင် ဝင် ငွေနည်းပါးသည့် ပြည်သူများဝန် ထုပ်ဝန်ပိုး မဖြစ်စေရေးကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက် နေကြောင်း စီမံကိန်းနှ င့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြား သည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service