ယခုဘဏ္ဍာနှစ် ကုန်သွယ်မှု ကန်ဒေါ်လာ ၂၉ ဘီလျံ လျာထား - Property News in Myanmar from iMyanmarHouse.com
641 Views

ယခုဘဏ္ဍာနှစ် ကုန်သွယ်မှု ကန်ဒေါ်လာ ၂၉ ဘီလျံ လျာထား

ယခုဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၉ ဘီ လျံ ရရှိရန် လျာထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

ကုန်သွယ်မှုပမာဏကို ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၄ ဘီလျံနှင့် သွင်းကုန် မှ ၁၅ ဘီလျံ လျာထားပြီး စုစုပေါင်း ကန်ဒေါ်လာ ၂၉ ဘီလျံရရှိရန် စီမံကိန်းနှ င့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့်ညှိနှိုင်း၍ လျာထားခဲ့ခြင်းဖြစ်သည်ဟု ၄င်းကြေ ပာသည်။

''အဓိကကတော့ နိုင်ငံပိုင်ကဏ္ဍက သဘာဝဓာတ်ငွေ့တင်ပို့မှု လျော့သော် လည်း တစ်ဖက် ပုဂ္ဂလိကကဏ္ဍက ဆန်တို့၊ ပြောင်းတို့၊ ပဲတို့တင်ပို့မှုတွေက တိုးတက်နေတယ်။

လျာထားချက်ကတော့ ပြည့်မီနိုင်တယ်လို့ထင်တယ်။ လျာထားချက်သဘော မှာလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့စာရင်လည်း ဇွန်လကုန်အထိ ပို့ ကုန်က သန်း ၄၅ဝ လောက် တိုးတက်နေတယ်''ဟု ဦးခင်မောင်လွင်က ပြော သည်။

လက်ရှိဘဏ္ဍာနှစ်ကုန်သွယ်မှုတွင် ပို့ကုန်တိုးတက်ရန် အဓိကဆောင်ရွက်ေ နပြီး ဆန်တင်ပို့မှု တိုးတက်ရန် ဈေးကွက်ချဲ့ထွင်မှုများ လုပ်ဆောင်လျက် ရှိ သည်ဟု ၄င်းကဆိုသည်။

ထို့ပြင် အထည်ချုပ် (CMP) လုပ်ငန်းများ၏ ပို့ကုန် တင်ပို့မှုသည်လည်း တိုးတက်လာသည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက ပြောသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်အတွက် ပို့ကုန်မြင့်တက်ရန် အဓိက ဆောင်ရွက်သွားမည်ဖြစ်ရာ လျာထားချက်ကိုလည်း ပြည့်မီနိုင်မည်ဟု ပြောဆိုထားသည်။

ယင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ''ဆိပ်ကမ်းကလည်း အဲဒီလောက်မလုပ်နိုင်ဘူး။ အခုဆိုရင် ကွန်တိန်နာကားတွေ ညဘက်ပဲသွားလို့ရတော့
ပိုပြီး ဝန်ဆောင်မှုကျလာတယ်။ ကုန်သွယ်မှုကို မြှင့်တယ်လို့ပြောရင် ပြန်စဉ်းစားရမှာက စပါးက ဘယ်လောက်ထပ်စိုက်မှာလဲ။ အထွက်တိုးမှာလား။ Logistic လို့ခေါ်တဲ့ သယ်ယူ ပို့ဆောင်ရေးကားတွေ ထပ်တိုးမှာလား။ ကရိန်းတွေက ဘယ်လိုလဲ။ ဆိပ်ကမ်းတွေရော ထပ်တိုးမှာလား။ အဲဒါတွေ မေးခွန်းတွေ မေးစရာရှိတယ်။ ပါးစပ်ထဲ လျာထားလို့ အော်နေလို့မှမရတာ။ တက်အောင်လုပ်မယ်လို့ပြောရင် တစ်ဖက်မှာလည်း ဒါတွေကြည့်ရမယ်''
ဟု ဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ လက်ရှိ ၂ဝ၁၇–၁၈ ဘဏ္ဍာနှစ် ဇွန်လကုန်အထိ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ ကန်ဒေါ်လာ ၇,၇၇၈ သန်းကျော်ရှိပြီး ယမန်ဘဏ္ဍာနှစ်ကာလတူက ကန်ဒေါ်လာ ၆,၄၈၄ သန်းကျော်သာရှိခဲ့ခြင်းကြောင့် ယခုဘဏ္ဍာနှစ်တွင် သုံးလတာအတွင်း ကန်ဒေါ်လာ သန်း ၁,၃ဝဝ နီးပါး ပိုမိုကုန်သွယ်မှု ပြုနိုင်သည်ကို တွေ့ရသည်။

ပို့ကုန်မှာ ကန်ဒေါ်လာ ၃,၁၆၂ သန်းကျော်ရှိပြီး ယမန်ဘဏ္ဍာနှစ် ကာလတူက ၁,၇ဝ၆ သန်းကျော်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ၄၅၅ သန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။ သွင်းကုန်မှာ ၄,၆၁၆ သန်းကျော်ရှိပြီး ယမန်ဘဏ္ဍာနှစ်ကာလတူက ၃,၇၇၇ သန်းကျော်ရှိခဲ့ရာ ယခုနှစ်ဘဏ္ဍာနှစ် သုံးလတာအတွင်း သန်း ၈ဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် ဆန်ဈေးကွက်ရရှိမှုမှာ အာဖရိကဈေးကွက်၊ သီရိလင်္ကာနှင့် အခြားနိုင်ငံများကိုလည်း တင်ပို့နေသည်။ ပြီးခဲ့သော ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုကို ၅၃ နိုင်ငံအထိ တင်ပို့လာနိုင်ပြီး ပြည်ပသို့ ဆန်တင်ပို့မှုတွင် ပင်လယ်ရေကြောင်းက တင်ပို့မှုကို ၄ဝ ရာခိုင်နှုန်းလောက်ထိ ဆောင်ရွက် လာနိုင်ပြီဖြစ်ကြောင်း၊ ယခင်က ပင်လယ်ရေကြောင်းက ဆန်တင်ပို့မှုမှာ ၂ဝ ရာခိုင်နှုန်းလောက်သာ ဆောင်ရွက်နိုင်ကြောင်း ဦးခင်မောင်လွင်က ပြော သည်။

ထို့ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်သွယ်မှု ပမာဏ လျာထားချက် ပြည့်မီနိုင်မည်ဟု မျှော်မှန်းထားသော်လည်း ကုန်သွယ်မှုကဏ္ဍတွင် ဆန်တင်ပို့မှုသည် ဈေးကွက် မကျဆင်းသော်လည်း တင်ပို့နိုင်မှုတွင် အကန့်အသတ် ရှိနေသည်ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက် တာစိုးထွန်းက ပြောသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က တန်ချိန်သုံးသန်းတင်ပို့နိုင်ခဲ့သော သကြား Re-export စနစ်တင်ပို့မှု မှာလည်း ယခုဘဏ္ဍာနှစ်တွင် တရုတ်သို့ တင်ပို့မှု ကျဆင်းနေသကဲ့သို့ ပြောင်းတင်ပို့မှုမှာလည်း ကျဆင်းနေကြောင်း၊ ပဲစိမ်းငုံေ ဈးနှုန်းမှာလည်း တစ်တန်လျှင် ယခင်က ဒေါ်လာ ၁,၄ဝဝ ရသော်လည်း ယခုအခါ ဒေါ်လာ ၄၈ဝ သာရှိသောကြောင့် ဒေါ်လာ ၁,ဝဝဝ နီးပါး ကျဆင်းသွားကြောင်း၊ အဆိုပါအခြေအနေများကြောင့် ခြုံငုံသုံးသပ်ပါက
လျာထားချက်ပြည့်မီရန် အလားအလာ သိပ်မမြင်ကြောင်း ၄င်းက ပြောသည်။

''ဆန်နဲ့ပဲဆိုရင် နှစ်တိုင်း ပဲကတောင် ပိုရသေးတယ်။ ဆန်တစ်တန်ဈေးနှုန်းက နည်းတယ်။ သန်း ၆ဝဝ ရာလောက်ပဲရတယ်။ လျာထားချက် ကန်ဒေါ်လာဘီလျံနဲ့ယှဉ်ရင် နည်းတာပေါ့။ ဆန်က အဲဒီလောက်ပဲရတယ်။ ဒီထက်အများကြီး တိုးရဖို့ သိပ်မလွယ်ဘူး''ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ ဒေါက်တာစိုးထွန်းက
ပြောသည်။

နှစ်စဉ် ဆန်ပုံမှန်တင်ပို့နိုင်မှုမှာ တန်ချိန်တစ်သန်းခွဲသာရှိခဲ့ပြီး အမြင့်ဆုံး တင် ပို့နိုင်မှုမှာ တန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့နိုင်ခဲ့ဖူးကြောင်း၊ ထို့ကြောင့် ထပ်မံ တိုးတက် တင်ပို့နိုင်ပါကလည်း တန်ချိန် နှစ်သန်းထိသာ အလွန်ဆုံးတင် ပို့နိုင် မည်ဟု ၄င်းက ပြောသည်။

ပို့ကုန်ကဏ္ဍတွင် အဓိက တင်ပို့နေရသော အထည်ချုပ်ကဏ္ဍတွင် CMP စ နစ်ဖြင့် တင်ပို့မှုမှာ ၂ဝ၁၂ ခုနှစ်မှစ၍ ဆက်တိုက်မြင့်တက်နေပြီး နှစ်စဉ် ၃ဝ ရာခိုင်နှုန်းမြင့်တက်လာနေကြောင်း၊ ယခုဘဏ္ဍာနှစ်တွင်လည်း ၃ဝ ရာခို င်နှုန်း မြင့်တက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

ယမန်ဘဏ္ဍာနှစ်က အထည်ချုပ်ကဏ္ဍတွင် CMP စနစ်ဖြင့်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံရရှိကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သော ၂ဝ၁၆–၁၇ ဘဏ္ဍာနှစ် အတွက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၁ ဘီလျံရရှိရန် မျှော် မှန်းခဲ့သော်လည်း သွင်းကုန်ပမာဏ လျော့ကျသွားခြင်း၊ အဓိကနယ်စပ်ကုန် သွယ်ရေး စခန်းဖြစ်သည့် ၁ဝ၅ မိုင် ကုန်သွယ်ရေးစခန်း ယာယီရပ်နားခဲ့ရမှု အပါအဝင် အခြား နယ်စပ်ကုန်သွယ်ရေးစခန်းများ
ယာယီရပ်နားခဲ့ရမှုများ ရှိခဲ့သည့်အတွက် ဘဏ္ဍာနှစ်ကုန်မှာ ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း ကန်ဒေါ်လာ ၂၉ ဒသမ ၂ ဘီလျံသာ ရရှိခဲ့ရာ လျာထားချက်ပြည့်မီအောင်
ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။

Credit: Myanmar Time
ယခုဘဏ္ဍာနှစ် ကုန်သွယ်မှု ကန်ဒေါ်လာ ၂၉ ဘီလျံ လျာထား - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service