ကုန်သွယ်မှုဖွံ့ဖြိုးရေးနှစ်လတ်စီမံကိန်းဆောင်ရွက်ခြင်းဖြင့် လယ်ယာဈေးကွက်ခိုင်မာလာမည် - Property News in Myanmar from iMyanmarHouse.com
755 Views

ကုန်သွယ်မှုဖွံ့ဖြိုးရေးနှစ်လတ်စီမံကိန်းဆောင်ရွက်ခြင်းဖြင့် လယ်ယာဈေးကွက်ခိုင်မာလာမည်

မြန်မာနိုင်ငံ ပို့ကုန်လုပ်ငန်းများ၏ အခက်အခဲများ၊ စိန်ခေါ်မှုများ ကျော်လွှားနိုင်ရန် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှစ်လတ်စီမံ ကိန်းချမှတ်ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဈေးကွက် ခိုင်မာလာတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းရရှိသည်။

လက်ရှိ လယ်ယာပို့ကုန်အဖြစ် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် ဆိပ်ကမ်းများ၌ အခက် အခဲများရှိနေကြောင်း အထူးသဖြင့် ဆန်ကုန်သည် အသင်းများ၏ ပြောပြချက်အရ ရန်ကုန်မြို့တွင်းတွင် ကွန်တိန်နာကားများကို နေ့ခင်းဘက်မသွားရဘဲ ည ၇ နာရီမှ စတင်၍ သွားလာရသည့် အတွက် ကုန်တင်၊ ကုန်ချလုပ်ငန်းများ တွင်ကျယ်မှု မရှိခြင်း၊ ဆိပ်ကမ်းရောက်လျှင်လည်း ကွန်တိန်နာ အားလုံးရောက်ရှိသော် လည်းMACCS စနစ်ဖြင့်File Run ၍မရသဖြင့် နောက်နေ့ နံနက်ရောက်မှသာ File Run ရခြင်း စသည်တို့ကြောင့် အချိန်အားဖြင့် ၁ ရက်မှ ၃ ရက်အတွင်း ကြာခြင်း၊ သယ်ယူခ အနေဖြင့်လည်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁ဝ မှ ၁၅ ကြား ပိုမိုကုန်ကျခြင်း၊ တစ်ဖက်နိုင်ငံသို့ သင်္ဘောလိုင်းများကို ခုနစ်ရက်ကြိုတင်ပြီး ချိတ်ဆက်ရသည့် အတွက် ကွန်တိန်နာ တစ်စီးလျှင်နှစ်ရာခိုင်နှုန်းပိုမိုကုန်ကျခြင်း၊ အချိန်နှင့် လုပ်အားခ ပိုမိုကုန်ကျ၍ တခြားနိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင်ရာ တွင်ရောင်းအားကျဆင်းခြင်းအစရှိသည့် စိန်ခေါ်မှုများကို ကြုံတွေ့ နေရသည်ဟု သိရသည်။

ပုဂ္ဂလိကကဏ္ဍ တိုးတက်လာစေဖို့ နှစ်လတ်စီမံကိန်းကို နေပြည်တော်မှာ ပွဲလုပ်ပြီးချပြထားပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်မှာပါရှိတဲ့ မဏ္ဍိုင်ငါးရပ်မှ ကုန်သွယ် မှုနှင့်ရင်းနှီးမြှုပ်နှံမှုတွေကို အားပေးမြှင့်တင်ရေးလုပ်ငန်း ကော်မတီ (Promoting Trade and Investment) ဖွဲ့စည်းထားပြီးတော့ လုပ်ငန်းစဉ်တွေ ထိရောက်အောင် ဆောင် ရွက်နေပါတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်များ ကျရောက် ခြင်း၊ ဆိပ်ကမ်းများ ကျပ်လျက်ရှိခြင်းကြောင့် ကုန်စည်သယ်ယူ ပို့ဆောင်စရိတ်များ မြင့်တက်လျက်ရှိခြင်း၊ သွင်းအားစုများ၏ ကုန်ကျစရိတ်များ မြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန် များ မထုတ်လုပ်နိုင်ခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအား အပေါ်တည်မှီနေရခြင်း၊ ရိတ်သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှု စနစ်များ လိုအပ်နေခြင်းစသည့်အချက်များ ပြုပြင်နိုင်ရန် ရေရှည်နည်းလမ်းများ ချမှတ်ဆောင်ရွက်သင့်ကြောင်း လယ်ယာ ပို့ကုန်လုပ်ငန်းရှင် ဒေါက်တာမြတ်မင်းက ပြောသည်။

''လုပ်ငန်းရှင်တွေ့ရဲ့ အကြံပြုချက်တိုင်းမှာလည်း သယ်ယူ စရိတ်လျှော့ချပေးဖို့ အဓိက တောင်းဆိုထားပါတယ်။ သယ်ယူ စရိတ်ကတစ်နှစ်ကို ၃ဝ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်။ ဒီပိုင်းမှာ လုပ်ငန်းရှင်တိုင်း မနိုင်တဲ့ဝန် ထမ်းနေရတာပေါ့။ ဒီအချက်တွေကို ပြောင်းလဲဖို့ ဖြေလျှော့ပေးဖို့ ဒါတွေကို နှစ်လတ် မှာ ပါဝင်လာတယ်'' ဟုပြောသည်။

လယ်ယာထွက်ကုန် တင်ပို့မှုသည် အခြားသော ပို့ကုန်များ ထက် တစ်နှစ်လျှင် ၂၆ရာခိုင်နှုန်း ကျော်ပို၍ တင်ပို့နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးစာရင်းများအရ သိရသည်။

Credit; MOI Webportal Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service