CB Bank က SME လုပ်ငန်းရှင်များကို ချေးငွေကျပ်သိန်း ၆ သောင်း ထုတ်ချေးမည် - Property News in Myanmar from iMyanmarHouse.com
2894 Views

CB Bank က SME လုပ်ငန်းရှင်များကို ချေးငွေကျပ်သိန်း ၆ သောင်း ထုတ်ချေးမည်

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း CB Bank က SME လုပ်ငန်းရှင်များကို အပေါင်ပစ္စည်းမလိုသည့် ချေးငွေအာမခံ Credit Guarantee Insurance (CGI) စနစ်ဖြင့် ကျပ်သိန်း ၆ သောင်းအထိ ထုတ်ချေးပေးသွားမည်ဟု သိရ သည်။

ထိုသို့ချေးငွေ ထုတ်ချေးပေးရာတွင် SME လုပ်ငန်းရှင် ၁ ဦးလျှင် ကျပ် ၅ေ သာင်းမှ ကျပ်သိန်း ၅၀ အထိ ထုတ်ချေးပေးမည် ဖြစ်ကြောင်းနှင့် ချေးငွေ အ တိုးနူန်း ၁၃ ရာခိုင်နူန်းဖြင့် ၁ နှစ်အတွင်း ပြန်လည်ဆပ်ရမည်ဖြစ်ကြောင်း သ မဝါယမဘဏ်/ CB Bank မှ SME ချေးငွေဌာနခွဲ တာဝန်ခံ ဦးစောဒီနိုခူ က ပြောသည်။

ချေးငွေများ ထုတ်ချေးပေးရာတွင် စက်မှုကုန်ထုတ်လုပ်ငန်းများကို အများဆုံး ထုတ်ချေးပေးမည်ဖြစ်ပြီး တနိုင်တပိုင် ခရီးသွားလုပ်ငန်းများနှင့် အခြားသော အသေးစားနှင့်အလတ်စား SME စီးပွားရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်း ရှင် ၅၅၀ ဦးနီးပါးကို ထုတ်ချေးပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ ဒီဘဏ္ဍာနှစ်မှာ ချေးပေးမှာက SME လုပ်ငန်းရှင် ၅၅၀ ဦး ဖြစ်တယ်။ အခုက သိန်းပေါင်း ၁ သောင်းကျော် ချေးပေးပြီးပြီ။ လူဦးရေ ၈၀ လောက် ရှိတယ်။ေ နာက်ထပ် သိန်းပေါင်း ၃ သောင်း၊ ၄ သောင်းလောက်ကို ထပ်ချေးပေးမှာ ဖြစ် တယ်’’ ဟု တာဝန်ခံ ဦးစောဒီနိုခူက ဆိုသည်။

ချေးငွေယူမည့် လုပ်ငန်းရှင်သည် SME လုပ်ငန်းလုပ်သက် အနည်းဆုံး ၂ နှစ်နှင့် အထက်ရှိရမည် ဖြစ်သည်။ ထို့အပြင် အသေးစားနှင့် အလတ်စား SME ဌာနတွင် အသင်းဝင်ထားသူဖြစ်ပြီး ယင်းဌာန၏ ထောက်ခံချက်၊ လုပ် ငန်းလိုင်စင်၊ အခွန်ဆောင်ထားသည့် အထောက်အထား စာရွက်စာတမ်း များနှင့်အတူ Business Plan ကိုပြသ၍ ထုတ်ချေးနိုင်ကြောင်း သိရသည်။

CGI ချေးငွေစနစ်နှင့် ပတ်သက်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေ စိုက် ရော်ဘာလုပ်ငန်းရှင် ဦးသက်ဦးက “ချေးငွေချေးတဲ့နေရာမှာ အတိုးနှုန်း ၁၃ ရာခိုင်နူန်းကတော့များပါတယ်။ အပေါင်ပစ္စည်းမဲ့ဆိုတော့ တချို့တွေ လည်း ချေးတယ်။ ရေရှည်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်က ကိုက် တယ်။ ကျနော်တို့လို လုပ်ငန်းအရမ်းသေးတဲ့ လူတွေကျတော့ မကိုက်ဘူး။ေ နာက်ပြီး သူတို့တောင်းတဲ့ စာရွက်စာတမ်းအထောက်အထားက အရမ်းများေ တာ့ မရကြတာများတယ်’’ ဟု ပြောသည်။

ချေးငွေ အာမခံစနစ်ဖြစ်သည့် CGI စနစ်၂ မျိုး ရှိပြီး အပေါင်ပစ္စည်း အာမခံ ထားရှိရသည့် ချေးငွေစနစ်တွင် အတိုးနူန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ပေးဆပ် ရပြီး၊ ဒုတိယတမျိုးဖြစ်သည့် အပေါင်ပစ္စည်းမဲ့ ချေးငွေစနစ်တွင် အပေါင် ပစ္စည်းမဲ့ အတိုးနူန်း ၁၃ ရာခိုင်နှုန်းပေးဆပ်ရကြောင်း သိရသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service