အာရှဒေသတွင်း Startup လုပ်ငန်းတစ်ခု စတင်ဖို့ အကောင်းဆုံးမြို့ အဖြစ် ဘန်ကောက်မြို့ သတ်မှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
922 Views

အာရှဒေသတွင်း Startup လုပ်ငန်းတစ်ခု စတင်ဖို့ အကောင်းဆုံးမြို့ အဖြစ် ဘန်ကောက်မြို့ သတ်မှတ်ခံရ

အာရှဒေသတွင်းမှာ Startup (ကနဦးအစပျိုးလုပ်ငန်း) တစ်ခု စတင်
ထူထောင်ဖို့ အကောင်းဆုံးမြို့က ထိုင်းရဲ့ မြို့တော် ဘန်ကောက်ဖြစ်
တယ်ဆိုပြီး ဗြိတိန်အခြေစိုက် PeoplePerHour က လုပ်ဆောင်ခဲ့တဲ့
စစ်တမ်းတစ်ရပ်အရ ဖော်ပြထားပါတယ်။

ဘန်ကောက်မြို့ကတော့ startup လုပ်ငန်းအစပျိုးဖို့အတွက် အာရှ
ဒေသမှာ နံပါတ်တစ် အကောင်းဆုံးနဲ့ ကမ္ဘာမှာ နံပါတ် ခုနစ် နေရာ
တို့မှာရပ်တည်နေတယ်ဆိုပြီး PeoplePerHour ရဲ့ စစ်တမ်းမှာ
ဖော်ပြထားပါတယ်။ PeoplePerHour ကုမ္ပဏီကတော့ စီးပွားရေး
လုပ်ငန်းသစ်တစ်ခု စလုပ်ရာမှာ တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေအပြင်
လူမှုနေထိုင်မှု စရိတ်၊ ငှားရမ်းမှု၊ လစဉ် လစာနှုန်းထား စတာတွေကို
တွက်ချက်ထုတ်ပြန်ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ တည်နေရာ၊ များပြားတဲ့ လူဦးရေ၊ ၀င်ငွေအလယ်
အလတ်တန်းစား လူဦးရေ များပြားမှု တို့ကြောင့် အခြားသော startup
တွေအနေနဲ့ကတော့ ယင်းမြို့ကို အာဆီယံဒေသဆီ ဆက်ဆံပေါင်း
ကူးနိုင်မယ့် အဓိကအချက်အချာအဖြစ်ပါ ရှုမြင်ထားလျက်ရှိတယ်လို့ PeoplePerHour က ဆိုပါတယ်။

ယင်းရဲ့ စစ်တမ်းအရတော့ ကနေဒါနိုင်ငံရဲ့ Vancouver မြို့ကတော့
startup တွေ လုပ်ငန်းစတင်ဖို့အကောင်းဆုံး ကမ္ဘာ့နံပါတ်တစ်မြို့ဖြစ်
တယ်လို့ သိရပြီး ယင်းရဲ့ နောက်မှာတော့ Berlin နဲ့ Manchester တို့
ရပ်တည်နေလျက်ရှိပါတယ်။ အာရှဒေသမှာတော့ Bangalore က
နံပါတ်နှစ်၊ Kuala Lumpur က နံပါတ်သုံးနဲ့ စင်ကာပူက နံပါတ်
လေးနေရာတွေမှာ ရပ်တည်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းရဲ့ဘန်ကောက်မြို့ကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစိုးရဘက်
က Startup လုပ်ငန်းတွေနဲ့ပတ်သက်လို့ ပိုမိုထောက်ပံ့အားပေးလာခဲ့
မှုနဲ့အတူ ပုဂ္ဂလိကကဏ္ဍပိုင်းမှာပါ တိုးမြင့်ပူးပေါင်းဆောင်ရွက်ထားမှု
တွေရှိနေခဲ့လို့ ယခုလို ရလဒ်ကောင်းတွေ ရရှိနေတာဖြစ်တယ်လို့လည်း
ထိုင်းရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး Atchaka Sibunruang က ပြော
ပါတယ်။

ယခုနှစ်အထိ ထိုင်းနိုင်ငံမှာ အဆိုပြုထားတဲ့ startup လုပ်ငန်း ၈,၀၀၀
အနက် ၁,၅၀၀ လောက် လုပ်ငန်းတွေ စတင်လုပ်ဆောင်ထားခဲ့ပြီး
အလုပ်အကိုင်ပေါင်း ၇,၅၀၀ ကို ဖန်တီးပေးထားနိုင်ခဲ့ကြောင်းလည်း
သိရပါတယ်။

Credit: SFJ Strategy First

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service