ရှန်ဟိုင်းတွင် ယခုငါးနှစ်စီမံကိန်းအတွင်း အိမ်ရာများ ပိုမိုဖော်ဆောင်ပေးမည် - Property News in Myanmar from iMyanmarHouse.com
980 Views

ရှန်ဟိုင်းတွင် ယခုငါးနှစ်စီမံကိန်းအတွင်း အိမ်ရာများ ပိုမိုဖော်ဆောင်ပေးမည်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်ရာဈေးကွက်ဖွံ့ဖြိုးမှု တည်ငြိမ်ကောင်းမွန်စေရန် ယခု ၁၃ ကြိမ်မမြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၁၆ - ၂၀၂၀) အတွင်း လူနေအိမ်များကို သိသိသာသာတိုးမြှင့်ပံ့ပိုးပေးပြီး ရောင်းလိုအားတိုးလာစေမည်
ဖြစ်ကြောင်းနှင့် ယခုထုတ်ပြန်ထားဆဲ တင်းကျပ်ထားသော အိမ်ခြံမြေစည်းမျဉ်းများကိုလည်း တစ်ချိန်တည်းတွင် ဆက်လက်ထိန်းသိမ်းအသက်ဝင်သွားစေမည်
ဖြစ်ကြောင်း မြို့အစိုးရက ထုတ်ပြန်ထားသည်။

၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်အတွင်း ဈေးကွက်ထဲသို့
အိမ်ခန်းသစ် ၁ ဒသမ ၇ သန်း ထည့်မည်ဖြစ်ကြောင်း၊ ယခင်ငါးနှစ်စီမံကိန်းထက် ၆၀ ရာခိုင်နှုန်းပိုမိုများပြားသော ပမာဏဖြစ်ကြောင်း ရှန်ဟိုင်းအစိုးရက ၎င်းတို့၏ တရားဝင် WeChat အကောင့်မှတစ်ဆင့် ဇူလိုင် ၇ တွင် ကြေညာခဲ့သည်။

ယင်းအိမ်သစ်များတွင် ပြန်လည်ရောင်းချခွင့်ရှိသော
အိမ် ၄၅၀,၀၀၀ ခန်း၊ အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ခန်း ၅၅၀,၀၀၀ နှင့် အငှားအိမ်ခန်း ၇၀၀,၀၀၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတွက် လူနေမြေကွက်ဧရိယာ ဟက်တာ ၅,၅၀၀ ကို ၂၀၁၆
ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အကြား ချပေးမည်ဖြစ်ကြောင်း၊ ယခင်ငါးနှစ်စီမံကိန်းထက် ၂၀ ရာခိုင်နှုန်း ပိုမိုများပြားသော
ဧရိယာဖြစ်ကြောင်း သိရသည်။

ယင်းအနက် ဟက်တာ ၂,၀၀၀ ခန့်ကို ပြန်လည်ရောင်းချနိုင်သော အိမ်ရာများ
အတွက် ချထားပေးမည်ဖြစ်ကာ ဟက်တာ ၁,၈၀၀ ကို တန်ဖိုးနည်းအိမ်ရာများနှင့်ဟက်တာ ၁,၇၀၀ ကို အငှားအိမ်ရာများအတွက် ချထားပေးမည်ဖြစ်သည်။

"အခုလို အငှားအိမ်ခန်းတွေ များများ ပံ့ပိုးပေးဖို့ အစိုးက ကြိုးစားတာဟာ အလွန်ကောင်းပါတယ်။ အထူးသဖြင့် လူငယ်တွေအတွက် ရွေးချယ်ခွင့်အသစ်တစ်ခု ရှိလာတာပေါ့။ သီးခြားပိုင်းရှင်တွေဆီကနေ ငှားရမ်းတာထက် ဒီလိုအဖွဲ့အစည်း
ကုမ္ပဏီတွေဆီက ငှားရမ်းတာဟာ အိမ်ငှားတွေအတွက် ပိုကောင်းပါတယ်"
ဟု JLL China ၏ သုတေသနခေါင်းဆောင် ဂျိုးကျိုးက ပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် အထက်ပါအစီအစဉ်အရ အစိုးရက ယခုငါးနှစ်စီမံကိန်းအတွင်း ဒေသခံများ၏ နေထိုင်မှုအဆင့်အတန်းကို ပိုမိုတိုးတက်စေရန် မြို့တစ်ဝန်း လက်ရှိလူနေအဆောက်အအုံဟောင်း စတုရန်းမီတာ သန်း ၅၀ ခန့်ကို ပြုပြင်မွမ်းမံရဖြစ် ဖြစ်သည်။

ရှန်ဟိုင်းတွင် အိမ်များကို ကောလာဟလများကြောင့်မဟုတ်ဘဲ နေရာထိုင်ခင်း
အဆင်ပြေစေရေးအတွက်သာ တည်ဆောက်ခြင်းဖြစ်သင့်သည်ဖြစ်ရာ လာမည့်နှစ်အနည်းငယ်အတွင်း အိမ်ရာကောလာဟလများကို လျှော့ချရန် လက်ရှိတင်းကျပ်ထားသောမူဝါဒများကို ဆက်လက်ပြဋ္ဌာန်းသွားရဦးမည်ဖြစ်သည်။

ရှန်ဟိုင်းတွင် ယခုနှစ်၏ ပထမနှစ်ဝက်အတွင်း အိမ်သစ်ရောင်းအားနှင့် ကြိုပွိုင့်အိမ်ရောင်းအားသည် ယမန်နှစ် ထိုကာလအောက် ထက်ဝက်ကျဆင်းခဲ့
သည်။ အိမ်ဝယ်ယူခွင့်တင်းကျပ်မှုများနှင့် အိမ်ဝယ်ယူမှုတွင် လက်ငင်းပေးချေရသည့် ငွေပမာဏနှင့် ချေးငွေပမာဏတို့ကို တိုးမြှင့်ခြင်းတို့ အဓိကပါဝင်သည့် ဈေးကွက်
တည်ငြိမ်စေရေးစည်းမျဉ်းများချမှတ်မှုအသက်ဝင်၏ ရလဒ်ပင်ဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service