တနင်္သာရီတိုင်းတွင် အခွန်ဆောင်ပြီး ပြေစာရှိမှသာ တင်ဒါယှဉ်ပြိုင်ခွင့်ရမည် - Property News in Myanmar from iMyanmarHouse.com
776 Views

တနင်္သာရီတိုင်းတွင် အခွန်ဆောင်ပြီး ပြေစာရှိမှသာ တင်ဒါယှဉ်ပြိုင်ခွင့်ရမည်

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်၌ တိုင်းအတွင်း ရှိ တင်ဒါလုပ်ငန်းများကို အခွန်ဆောင်ပြီး ကြောင်း ပြေစာ(စလစ်)ရှိမှသာ တင်ဒါယှဉ် ပြိုင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရ
အဖွဲ့ရုံးမှ သိရသည်။

ယခင်က ကုမ္ပဏီလိုင်စင်သက်တမ်းရှိရုံ ဖြင့် တင်ဒါဆွဲခွင့်ပြုခဲ့ပြီးကုမ္ပဏီ
အချို့က အခွန် ရှောင်မှုများရှိနေသည့်အတွက် ၂ဝ၁၅--၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ဆောင်ပြီးကြောင်း စလစ်ပြနိုင်မှသာ တင်ဒါဆွဲခွင့်ပြုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး က ပြောဆိုသည်။

တိုင်းအတွင်း အစိုးရတင်ဒါလုပ်ငန်းများကို တိုင်းအစိုးရအဖွဲ့ရုံးတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများကိုသာ တင်ဒါဆွဲခွင့်ပြုမည်ဟု စည်းကမ်းတင်းကျပ်ခဲ့ပြီး ယခု ထပ်မံတင်းကျပ် လိုက်ခြင်းဖြစ်သည်။
''အခွန်မဆောင်ဘဲ ကုမ္ပဏီအဟောင်းကို ဖျက်သိမ်းပြီး
ကုမ္ပဏီလိုင်စင်အသစ်နဲ့ ပြန်လုပ် တာရှိတယ်''ဟု တိုင်းအစိုးရအဖွဲ့ရုံး ညွှန်ကြား ရေးမှူး ဦးသိန်းအောင်က ပြောဆိုသည်။

ပြီးခဲ့သည့် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အခွန်များကို စည်းကြပ်ဆဲပင်ဖြစ်သည့်အတွက် ၂ဝ၁၅--၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ဆောင် ထားကြောင်း စလစ်ကိုသာ တောင်းယူခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

အခွန်ဆောင်ထားပြီး အမှန်အကန်လုပ် ကိုင်နေသည့်ကုမ္ပဏီများအနေဖြင့် ယင်းကဲ့သို့ စိစစ်ပါက ကြိုဆိုကြလိမ့်မည်ဟုထင်ကြောင်း နိုင်ငံအနေဖြင့် အခွန်ယိုပေါက်တွေလည်းမရှိ နိုင်တော့ကြောင်း ထားဝယ်အခြေစိုက်ရဲမြတ် ဟိန်းဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးပြည့် ဖြိုးဟိန်းက ပြောဆိုသည်။
လက်ရှိအချိန်တွင် တိုင်းဒေသကြီးအစိုးရ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၃ဝဝ ကျော်ရှိကြောင်း သိရသည်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service