ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် ဇွန်လအတွင်း အနည်းငယ်ကောင်းမွန်လာ၊ ပုံမှန်အရောင်း၊အဝယ်ဖြင့်လည်ပတ်လာနိုင်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
975 Views

ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက် ဇွန်လအတွင်း အနည်းငယ်ကောင်းမွန်လာ၊ ပုံမှန်အရောင်း၊အဝယ်ဖြင့်လည်ပတ်လာနိုင်ဖွယ်ရှိ

ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အရောင်း အဝယ်၊အငှားဈေးကွက်အေးစက် လျက်ရှိသော်လည်း ယခုနှစ်အတွင်း ဖြစ်ပေါ်လာမည့်
အပြောင်းအလဲများကြောင့်အိမ်ခြံမြေဈေးကွက်ကောင်းမွန်လာမည့်နှစ်တစ်နှစ်ဟု ယူဆရ ကြောင်းနှင့် အိမ်ခြံမြေ ဈေးကွက်ပုံမှန် အရောင်း၊
အဝယ်ဖြင့် လည်ပတ်လာ နိုင်စရာရှိကြောင်း ဝါရင့်အိမ်ခြံမြေ
လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစတင်၍ ၂ဝ၁၄ ခုနှစ်အထိ
အိမ်ခြံမြေ အရောင်း၊အဝယ်၊အငှားဈေးကွက် စတင်ဦးမော့ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် နှစ်လယ်ပိုင်းမှ၂ဝ၁၆ ခုနှစ်ကုန်ပိုင်း အထိ အိမ်ခြံမြေအရောင်း၊အဝယ်၊ အငှားဈေးကွက် အေးစက်ခဲ့ပြီး၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှမေလအထိအိမ်ခြံ မြေ အရောင်း၊အဝယ်၊အငှားဈေးကွက် အေးစက်ခဲ့ကာ လက်ရှိ ဇွန်လပိုင်းမှ စတင်၍ အိမ်ခြံမြေ အရောင်း၊အဝယ် ဈေးကွက်အနည်းငယ်
မြိုင်ဆိုင်လာ ခဲ့ကြောင်းသိရသည်။

ယင်းသို့ အရောင်းအဝယ် အနည်း ငယ် မြိုင်ဆိုင်လာခဲ့ခြင်းမှာလည်း
အခွန် ရာဖြတ်နှုန်းလျှော့လိုက်မှု၊ နိုင်ငံတော် အစိုးရမှ လျော့ပေါ့စွာ ဆောင်ရွက်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေသစ် ထွက်ပေါ်လာပြီး လက်ရှိကျင့်သုံး လျက်ရှိနေသောကြောင့် မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားသား ဝင်ရောက်မှု ပိုမိုမြင့်တက်လာခဲ့ခြင်း၊ နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံမှုများ ပါ ရှိလာပါက အိမ်ခြံမြေဈေးကွက် ကောင်းမွန်လာနိုင်ဖွယ်ရှိခြင်း၊ နိုင်ငံ တော်အစိုးရမှ ၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံစီးပွားရေး တိုးတက်ကောင်းမွန် လာအောင် ဆောင်ရွက်နေသော ကြောင့် စီးပွားရေးကောင်းမွန်လာလျှင် အိမ် ခြံမြေဈေးကွက် ကောင်းမွန်လာ နိုင်စရာအကြောင်း ရှိကြောင်းနှင့် ပြည် တွင်း အခွန်နှုန်းထားဆောင်ရမည့် ရာခိုင်နှုန်းများပါ လျော့ပေါ့မည်ဟု ကြားသိရခြင်းတို့ကြောင့် အိမ်ခြံမြေ ဈေးကွက်ပုံမှန်အရောင်း၊အဝယ်ဖြင့် လည်ပတ်လာနိုင်စရာ အကြောင်းရှိ ကြောင်း ဝါရင့်အိမ်ခြံမြေလုပ်ငန်းရှင် များက ဆိုထားကြသည်။

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစိုင်း ခွန်နောင်က ''လောလောဆယ်အနေ အထားအရ ငွေကျပ်နေတော့ အိမ် ခြံမြေ အရောင်းတွေကများနေပါတယ်။ အငှားဈေးကွက်ကတော့ ပုံမှန်လည် ပတ်နေတာပေါ့။ အငှားဈေးကွက်က တော့ ပိုပြီးကောင်းဖို့ပဲရှိတယ်။ အိမ်ခြံမြေရောင်းချင်တဲ့သူတွေလည်းငွေလည်ပတ်လာပြီး အခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍတွေမှာလည်း ငွေဝင် လာပြီဆိုရင်တော့ အိမ်ခြံမြေအရောင်း၊ အဝယ်၊ အငှားဈေးကွက်ကတစ်နည်း တစ်ဖုံ ပြန်လည်လည်ပတ်လာမှာပါ။ အခုဆိုအိမ်အငှားဈေးကွက်မှာ နိုင်ငံခြား သားအိမ်ငှားရမ်းမှုတွေ ပိုမိုများပြား လာပါတယ်။ မကြာခင်ကာလမှာ အိမ်ခြံမြေအရောင်း၊အဝယ်၊ အငှား ဈေးကွက် ပုံမှန်ပြန်လည်ပတ်လာမယ် လို့ ယုံကြည်မျှော်လင့်ပါတယ်''ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာ ကြသော နိုင်ငံခြားသားအများစုမှာ ၄င်းတို့အလုပ်လုပ်ကိုင်ရာလုပ်ငန်းခွင် များအနီး ငှားရမ်းနေထိုင်တတ်ကြကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံ သည့် နေရာဒေသအပေါ်မူတည်၍ နေထိုင်သည့်ဒေသကွဲပြားကြောင်း၊ နေရာဒေသအလိုက် ပျံ့နှံ့နေထိုင် လျက်ရှိကြကြောင်း၊ အိမ်ခန်းငှားရမ်း ကြသူများမှ နိုင်ငံသားများကို ကာကွယ် သည့်အနေဖြင့် အဆိုပါနေထိုင် ကြသော နိုင်ငံခြားသားများကို အိမ်အငှား စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံတည်ဆဲဥပဒေနှင့် ငြိစွန်း ပါက အိမ်အငှားစာချုပ်အလိုလိုရပ် ဆိုင်းရမည်ဟု စာချုပ်ချုပ်ဆိုကြကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များထံမှ သိရ သည်။

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service