SME လုပ်ငန်းများ ငွေချေးရာတွင် ချင်းပြည်နယ်ကို ဦးစားပေးမည် - Property News in Myanmar from iMyanmarHouse.com
1009 Views

SME လုပ်ငန်းများ ငွေချေးရာတွင် ချင်းပြည်နယ်ကို ဦးစားပေးမည်

JICA နှင့် ပူးပေါင်းပြီး ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (SME) လုပ် ငန်းရှင်များသို့ ငွေထုတ်ချေးပေးရာတွင် ဖွံ့ဖြိုးမှု နည်းပါးနေသေးသည့် ချင်ြး ပည်နယ်သို့ ဦးစားပေးမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန မှ သိရသည်။

ဂျပန်နှင့် မြန်မာအစိုးရတို့ သဘောတူညီမှုဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးေ ပါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) က Two Step Lone ဖြင့် ကျပ် ၅၀ ဘီလီယံကျော် ထုတ်ချေးထားရာ ယင်းအထဲမှ ယခုဘဏ္ဍာနှစ်တွင် ထုတ်ချေး ရန် ကျပ် ၁၅ ဘီလီယံ ကျန်ရှိနေကြောင်း၊ ထိုချေးငွေထဲမှ ချင်းပြည်နယ်သို့ ဦးစားပေး ထုတ်ချေးပေးမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာာရေး ဝန်ကြီး ဌာနမှ သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ‘‘SME လုပ်ငန်းတွေမှာ ဂျပန် JICA နဲ့အခု ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ ဖွံ့ဖြိုးမှု နည်းတဲ့ ချင်းပြည်နယ်ကို ဦးစားပေး ဆောင်ရွက်သွား မှာ ဖြစ် ပါတယ်’’ ဟု ယခုလ နောက်ဆုံးပတ်အတွင်း သတ္တမအကြိမ်မြောက် ဒုသမ္မတနှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဂျပန် – မြန်မာ နှစ်နိုင်ငံ အစိုးရ သဘောတူညီမှုအရ JICA က ကမ္ဘောဇ ဘဏ်၊ CB ဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ အသေး စားနှင့် အလတ်စား စက်မှုဖွံ့ဖြိုး တိုးတက်ရေးဘဏ်၊ ဧရာဝတီဘဏ်နှင့် မြန်မာနိုင်ငံသားများ ဘဏ်များသို့ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ကျပ်ငွေ ၃၅ ဘီလီယံကျော် ကို အတိုး ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးထားပြီး ယင်းဘဏ် များမှ တဆင့် SME လုပ်ငန်းများသို့ ထိုအတိုးနှုန်းအတိုင်း ပြန်လည် ထုတ်ချေးပေြး ခင်း ဖြစ်သည်။

ယခု ထုတ်ချေးပေးရန် ကျန်ရှိသည့် ၁၅ ဘီလီယံအား မည်သည့်ဘဏ်သို့ ချပေးမည်ဆိုသည်ကို မသိရှိရသေးပေ။

ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္က ဋ္ဌ ဒေါက်တာရွှေဟိန်းက “ချင်းပြည်နယ်က SME လုပ်ငန်းတွေအတွက် ချေးေ ငွ မရရှိဘူး။ စစ်ကိုင်းနဲ့ မုံရွာမှာရှိတဲ့ SMIDB ဘဏ် (အသေးစား နှင့် အ လတ်စား စက်မှု လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်) ကို သွားလျှောက်ရ တယ်။ ဒီနေရာမှာလည်း လိုအပ်ချက်တွေ အရမ်းများတဲ့အတွက် ဖြေလျှော့ေ ပးဖို့ ဝန်ကြီးဌာနကို တောင်းဆိုထားတယ်” ဟု ပြောသည်။

ချင်းပြည်နယ်သည် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသောေ ကြာင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အခက်အခဲ များ ရှိနေခြင်းနှင့် နယ်နိမိတ် ချင်း ကုန်သွယ်မှု ပြုလုပ်နေသည့် အိန္ဒိယ နိုင်ငံသည်လည်း တောင်တန်းများ ကာနေသော ကြောင့် ပြည်နယ်ကုန်သွယ်မှု စခန်းဖြစ်သည့် ရိဒ်နယ်စပ် ကုန် သွယ်ရေးစခန်း ဖွင့်လှစ်ထားသည်မှာ ၄ နှစ်နီးပါး ရှိသော် လည်း ကုန်သွယ်မှု ပမာဏမှာ လွန်စွာနည်းပါးလျက် ရှိနေကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဖြစ်သူ နယ်စပ်ကုန်သွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦး လှဦးက ပြောသည်။

ချေးငွေရယူမည့် SME လုပ်ငန်းရှင်များသည် မရွှေ့ပြောင်းနိုင်သော ပစ္စ ည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံ ထား၍ လည်းကောင်း၊ အာမ ခံပစ္စည်း ပြည့်မီအောင် မပေးနိုင်လျှင် Business Plan ကို အဓိကထား၍ေ ချးငွေများ ထုတ်ချေးပေးသည့် ချေးငွေအာမခံ Credit Guarantee Insurance (CGI) စနစ်ဖြင့် လည်းကောင်း ချေးငွေ လျှောက် ထားနိုင်မည်ဟု သိရသည်။

အပေါင်ပစ္စည်းမပါဘဲ ချေးယူလျှင် အတိုးနှုန်း ၁၃ ရာခိုင်နှုန်း ပေးရမည်ဖြစ်ပြီး တနှစ်စာ အာမခံ ပရီမီယံကြေး ၃ ရာခိုင်နှုန်း ရှိသော အသေးစား အလတ် စား လုပ်ငန်းရှင် တဦးလျှင် ချေးငွေ ပမာဏ အများဆုံး ကျပ်သိန်း ၂၀၀ အထိ တနှစ် သက် တမ်းဖြင့် ချေးယူနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးအောင်က ပြောသည်

လက်ရှိ ချေးပေးရန် ကျန်ရှိသည့် ကျပ် ၁၅ ဘီလီယံကို ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ထပ်မံ ထုတ်ချေး ပေးနိုင် ရန် ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ထုတ်ချေးထားသည့် ဘဏ် ၆ ခု၏ ချေးငွေ ထုတ်ချေးပေးေ နသည့် အခြေ အနေများ၊ မူဝါဒလုပ်ဆောင်ချက်များနှင့် SME လုပ်ငန်းရှင်များ အပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို JICA က ပြန်လည် သုံးသပ် စိစစ်ေ နကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service