သင်ဝယ်မယ့် မြေက ဘယ်လိုမြေအမျိုးအစားထဲမှာ ပါဝင်သလဲ ၊ မြေဆိုတာဘာလဲ သေချာသိဖို့လိုအပ်တယ် - Property Knowledge in Myanmar from iMyanmarHouse.com
10943 Views

သင်ဝယ်မယ့် မြေက ဘယ်လိုမြေအမျိုးအစားထဲမှာ ပါဝင်သလဲ ၊ မြေဆိုတာဘာလဲ သေချာသိဖို့လိုအပ်တယ်

Knowledge | Posted by Hnin Ei Khin

မြေဝယ်မယ်ဆိုတာ နဲ့ သင့်အနေနဲ့ ကိုယ်ဝယ်မယ့် မြေက ဘယ်လိုမြေ အမျိုး အစားဖြစ်တယ်၊ ဒီမြေပေါ်မှာ ကိုယ်ဘာတွေလုပ်နိုင်တယ်၊ ကိုယ်ဝယ်မယ့်ြေ မကို လက်ဝယ်ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် နာမည်ပြောင်းလို့ရမရ ဆိုတာကို မ ဝယ်ယူခင်မှာ အသေအချာ သိဖို့ လိုအပ်ပါတယ်။

မြန်မာပြည်မှာ မြေတွေနဲ့ပတ်သက်ရင် အမျိုးအစားတွေ၊ အဆင့်အတန်းတွေ ကိုလည်း သတ်မှတ်ထားတာရှိသလို လုပ်ဆောင်နိုင်တဲ့ အခြေအနေတွေက လည်း အများကြီး ကွာဟပါတယ်။ မြေကို အကြမ်းအားဖြင့် ခုနှစ်မျိုးခွဲခြားထား တာကို တွေ့ရပါလိမ့်မယ်။

လယ်ယာ ဥယျဉ်မြေ ၊ မြေပိုင်မြေ (ဘိုးဘွားပိုင်မြေ)၊ ဂရန်မြေ၊ ချထားမြေ ( ပါ မစ်) ၊ စကွာတာမြေ၊ ကျုးကျော်မြေနှင့် သာသနာပိုင်မြေတွေဆိုပြီး အမျိုးအ စား ခုနှစ်မျိုး ခွဲထားပါတယ်။

မြေတွေကို အဆင့်အတန်း အမျိုးမျိုး ခွဲခြားသတ်မှတ် ရောင်းဝယ်လုပ်ကိုင်ေ နပေ မယ့်လည်း ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံေ တာ် အခြေခံမူများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၃၇ အရ နိုင်ငံတော်သည် နိုင်ငံ အတွင်းရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့်လေ ထု အတွင်းရှိ သယံဇာတအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့် ဆို ထားချက်အရ မြေအားလုံး၏ မူရင်းပိုင်ရှင်မှာ နိုင်ငံတော်ဖြစ်ပြီး ပြည်သူများသို့ အဌားချထားခြင်း၊ ခွင့်ပြုပေးထားခြင်းသာရှိပြီး မြေအမျိုးအစား အလိုက်ေ ရာင်းဝယ်ဖောက်ကား လုပ်ပိုင်ခွင့်များလည်း ကွာဟနိုင်စေသည်။

( ၁ ) လယ်ယာဥယျဉ်မြေ ။ စိုက်ပျိုးရေး လုပ်ငန်းများ အတွက်သာ အသုံးပြု ခွင့်ရတဲ့ သီးသန့်မြေမျိုးဖြစ်ပြီး လယ်ယာမြေ ဥပဒေသစ်အရ အခြားသူတစ်ဦး တစ်ယောက်ထံသို့ လွှဲပြောင်းနိုင်ပါတယ်၊ ယင်းမြေအမျိုးအစားမှ လူနေအိမ်ြေ မ အဖြစ် ပြောင်းလဲအသုံးချနိုင်ရန်အတွက် ပုဒ်မ ၃၉ ဖြင့် အကျုံးဝင်ကာြေ ပာင်းနိုင်သော်လည်း နိုင်ငံတော်၏ စီမံကိန်းဝင် လုပ်ငန်းကြီးများနှင့် မြို့သစ် များ ဖော်ထုတ်ခြင်း၊ စက်မှုဇုန်သစ်များ ဖော်ထုတ်ခြင်း အစရှိသည့် ကိစ္စရပ် များမှ လွဲပြီး မြို့မြေ အဖြစ် အလွယ်တကူ ပြောင်းလဲနိုင်ရန် ခက်ခဲသည့် မြေ အမျိုးအစား ဖြစ်သည်။လန -၃၉ ကျပြီးမှသာ ယင်းမြေများကို အလွယ်တကူ ခွဲစိတ်၊ ရောင်းချပေါင်နှံခွင့် ရှိသည့် မြေအမျိုးအစား ဖြစ်သည်။

( ၂ ) မြေပိုင်မြေ ( ဘိုးဘွားပိုင်မြေ ) ။ အင်္ဂလိပ်အစိုးရ လက်ထက်တွင် မြို့ ကွက်များကို ဖော်ထုတ်ခြင်း၊ မြို့များကို ပြင်ဆင်ချဲ့ထွင်ပြီး အများပြည်သူတို့ ကို ရောင်းချခဲ့သည့် မြေ နှင့် လယ်ယာမြေများကို နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥ ပဒေ အရ လယ်ယာဥယျဉ်ခြံမြေ များအဖြစ် မှ ပြောင်းလဲထားသည့်မြေ များဖြစ်သည်၊ အဆိုပါမြေကို ရောင်းပေါင်၊ ခွဲစိတ်၊ လွှဲပြောင်းနိုင်သည်။

(၃) ဂရန်မြေ ( မြေဌားစာချုပ်မြေ ) ။ နိုင်ငံတော်မှ ပြည်သူများသို့ သတ်မှတ် ထား သည့် မြေဧရိယာအလိုက် နှစ် ၉၀ ၊ နှစ် ၆၀ နှင့် နှစ် ၃၀ ကာလ အပိုင်း အခြား အလိုက် ဌားရမ်းပေးထားသည့် မြေမျိုးဖြစ် ကာ ရောင်းဝယ်၊ ပေါင်နှံ ၊ခွဲစိတ်၊လွှဲပြောင်းနိုင်ပြီး အရောင်းအဝယ် ပြုလုပ်ရာတွင်လည်း ခိုင်မာမှုနှင့် တရားဝင်မှု အရှိဆုံးမြေ အမျိုးအစား ဖြစ်သည်။

(၄) ချထားမြေ (ပါမစ်မြေ )။ မြေဌားစာချုပ် ( ဂရန် ) မရှိသေးသော်လည်း နို င် ငံတော်အစိုးရမှတရားဝင်ချထားပေးသော မြေ အမျိုးအစား ဖြစ်သည်။ ဥပဒေ သတ်မှတ်ချက်များ အရ နိုင်ငံတော်မှ တရားဝင်ချထားပေးသူမှ အပ တစ်ခြားသူများ သို့လွှဲပြောင်းရောင်းချခွင့်မရှိသည့် မြေအမျိုးအစားဖြစ်သည်၊ ပါမစ်ချထားပြီး တစ်နှစ်ပြည့်မြောက်သည့် အချိန်မှစတင်ကာ မြေဌားစာချုပ်ကို ထုတ်ယူနိုင်ပြီးမှသာ တရားဝင်ခွဲစိတ်၊ ပေါင်နှံရောင်းဝယ်ခြင်းကို ခွင့်ပြုထား သည်။

(၅) စကွာတာမြေ ။ ယနေ့ခေတ်တွင် အလွန်ရှားပါးသည့် မြေအမျိုး အစားဖြစ် သည်၊ အင်္ဂလိပ်အစိုးရလက်ထက်တွင် မြေဌားခ မပေးနိုင်သဖြင့် မြေဌားဂရန် မရရှိသူများကို အလွန်ချိုသာသည့် နှုန်းထားတစ်ရပ်ဖြင့်နေထိုင်ခွင့်ပေးထား ခဲ့ သည့်မြေအမျိုးအစားဖြစ်သည်၊ ထို့အပြင် မြေငှားစာချုပ်စည်းကမ်း ဖောက် ဖျတ်သည့် မြေများနှင့် ဂရန်သက်တမ်းကုန်သော်လည်း ယင်းမြေပေါ်တွင် ဆက်လက် နေထိုင် ပြီး မြေခွန်များကို မှန်မှန်ပေးဆောင်ခဲ့သူများ ၊ယင်းမြေ အဌားချထားခြင်း ခံရသူများ အနေဖြင့် ယနေ့ခေတ် တွင် ဂရန်မြေ အဖြစ်ေ လျှာက်ထားနိုင်သည်၊ မြေငှားစာချုပ် ( ဂရန်) ကျပြီးမှသာ ရောင်းဝယ်ပေါင်နှံ ခွင့် ရှိသည်။

(၆) ကျုးကျော်မြေ ။ မြေဌားစာချုပ်လည်း မရှိသလို၊ သက်ဆိုင်ရာမှ နေရာချ ထားပေးခြင်း မရှိဘဲ အစိုးရမြေ သို့မဟုတ် ပုဂ္ဂလိကမြေပေါ်တွင် ကျုးကျော်ေ နအိမ်ဆောက်လုပ်ထားသည့် မြေအမျိုးအစားဖြစ်သည်။ အဆိုပါ ကျုးကျော်ြေ မများကိုလည်း နိုင်ငံတောမှ စီစစ်ပြီး စီမံကိန်းတစ်ရပ်ရပ် ပေါ်ပေါက်ပါက ဖယ်ရှားခံရပါမည်၊ အင်္ဂလိပ်အစိုးရ လက်ထက်တွင် အစိုးရမှ ယင်းမြေကို လတ်တလော အသုံးမပြုသေးပါက အခွန်အခသတ်မှတ်ပြီး ကျုးဂရန် သတ် မှတ်ကာ မြေငှားခ ထမ်းဆောင်စေခဲ့သော်လည်း ယနေ့ခေတ်တွင် အသုံြး ပုခြင်း မရှိတော့ပါ၊ ယင်းမြေများကို ရောင်းဝယ်ပေါင်နှံခွဲစိတ်ခွင့်မရှိပါ။

( ၇ ) သာသနာပိုင်မြေ ။ ဘုရားဝတ္တကမြေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူဘုရားကျောင်း၊ဘုန်းတော်ကြီးကျောင်း ပိုင်မြေများနှင့် ဘာသာေ ရး နှင့် ကိုးကွယ် ဝတ်ပြုမှု နှင့် သက်ဆိုင်သည့် မြေများဖြစ်သည်။

ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service