ဘဏ်စာရင်း ၃၀၈ ခုကို ဖွင့်ပေးခဲ့ပြီး ငွေကြေးအများဆုံး ဘဏ်စာရင်း ၆၀ ခန့် ကို တရုတ်အစိုးရက စစ်ဆေးနေဆဲ - Property News in Myanmar from iMyanmarHouse.com
1064 Views

ဘဏ်စာရင်း ၃၀၈ ခုကို ဖွင့်ပေးခဲ့ပြီး ငွေကြေးအများဆုံး ဘဏ်စာရင်း ၆၀ ခန့် ကို တရုတ်အစိုးရက စစ်ဆေးနေဆဲ

တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းကဘဏ်များတွင် စာရင်းဖွင့်ထားသူများ အနက် ငွေကြေးအများဆုံး ဘဏ်စာရင်း ၅၉ ခုကို တရုတ်အစိုးရက စစ်ဆေးနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဇွန် ၂၆ ရက်တွင် ပြည်မြန်မာသတင်းဂျာနယ် သို့ ပြောသည်။

၃၀၈ ခုကို ဖွင့်ပေးခဲ့ တရုတ်အစိုးရအနေဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က ပိတ်ထားခဲ့သော မြန်မာ နိုင်ငံသားများ၏ ဘဏ်စာရင်း ၃၀၈ ခုကို ၂၄ ရက် ညနေပိုင်းက ပြန်ဖွင့်ပေးခဲ့ပြီး နောက်နောင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး မထိခိုက်စေရန် ညှိ နှိုင်းတိုင်ပင်ကာ ပူးပေါင်းဆောင်ရွက်သွား မည်ဟု မူဆယ်ဒေသရှိ မြန်မာနိုင်ငံသား ကုန်သည်များ၊ အသင်းအဖွဲ့များအား တ ရုတ်အစိုးရ တာဝန်ရှိသူများက ပြောကြားခဲ့ ကြောင်း သိရသည်။

“ကျန်တော့ ကျန်သေးတယ်။ အ ကြီးကြီးထဲက ၅၉ ခုလောက် ကျန်သေး တယ်။ ပိတ်ခံထားရတဲ့ ကိစ္စနဲ့ပတ်သက် လို့ နိုင်ငံတော်သမ္မတဆီကိုလည်း ပြီးခဲ့တဲ့ တစ်ပတ်က စာတင်ထားခဲ့တယ်။ အခု လောလောဆယ် တရုတ်အစိုးရဘက်က ထပ်တော့ညှိတာ မရှိဘူး။ ဘဏ်တွေကပဲ ခေါ်စစ်တော့ သွားပြီးအစစ်ခံကြတယ်။ လူတိုင်းသွားရတယ်။ အခုက အစစ်ခံပြီးတဲ့ သူလွတ်တာ၊ အသေးလေးတွေကတော့ အစစ်မခံရဘူး။ ၅၉ ခုက ခေါ်စစ်နေတယ်။ ငွေပမာဏများလို့”ဟု ယင်းကပြောသည်။

ဘဏ်စာရင်းသစ်ဖွင့်ခွင့်ပြု အပိတ်ခံထားရသော မြန်မာနိုင်ငံ သားများ၏ ဘဏ်ငွေစာရင်းမှငွေကြေး များမှာ လောင်းကစားမှု ငွေစာရင်းများနှင့် ဆက်စပ်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးခြင်းဖြစ် ကြောင်း၊ ဘဏ်စာရင်းများ အပိတ်ခံထားရ စဉ် ကုန်သွယ်မှုလုပ်ငန်း ပြန်လည် လည် ပတ်ရေးအတွက် ဘဏ်ငွေစာရင်းသစ်များ ဖွင့်ခွင့်ပြုထားကြောင်းလည်း သိရသည်။

ဘဏ်စာရင်းများ အပိတ်ခံထားရ သည့် ရက်ပိုင်းအတွင်း ပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ သကြားတို့တင်ပို့မှုမှာ ဘဏ် စာရင်းအသစ် ထပ်မံဖွင့်ခွင့်ရသည့်အ တွက် ပုံမှန်အခြေအနေရှိနေခဲ့ပြီး ထူးထူး ခြားခြားထိခိုက်မှုမရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးသန်းမြင့်က ပြောသည်။

ဖြစ်ဖြစ်ချင်း အပြန်အလှန် အမြဲ တမ်း ဆက်သွယ်ဆောင်ရွက်တော့ ပြဿနာတော့ ပြေလည်သွားတယ် ပြောရ မှာပေါ့။ ဘဏ်တွေပိတ်တာက သူတို့ဘက် က လောင်းကစားဥပဒေအရ ငြိတယ် ဆိုရင်တော့ သူတို့ဥပဒေအရ အရေးယူ တာတော့ လိုက်နာရမှာပေါ့။ သူတို့ကတော့ ဘဏ်အကောင့်ပိတ်တယ်ဆိုတာ ကုန် သွယ်ရေးကြောင့် မဟုတ်ပါဘူးတဲ့”ဟု ဘဏ်ငွေစာရင်းများပိတ်ခဲ့သည့်အပေါ် ဝန်ကြီးက မှတ်ချက်ပြုသည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service