ဒလတံတားစီမံကိန်းအတွက် ဘုန်းကြီးလမ်းနှင့် ဒလဘက်ခြမ်းတို့တွင်မြေကြီးစမ်းသပ်မှုများ နောက်ထပ်နှစ်လခန့် ကြာမြင့်မည် - Property News in Myanmar from iMyanmarHouse.com
3247 Views

ဒလတံတားစီမံကိန်းအတွက် ဘုန်းကြီးလမ်းနှင့် ဒလဘက်ခြမ်းတို့တွင်မြေကြီးစမ်းသပ်မှုများ နောက်ထပ်နှစ်လခန့် ကြာမြင့်မည်

ရန်ကုန်မြစ်ကိုဖြတ်ကျော်၍ တည် ဆောက်မည့် အဆိုပါတံတားအား မူလ အမြင့် ၅၄ မီတာမှ ၄၉ မီတာသို့နှိမ့်ချရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရတို့အကြား သဘော တူညီမှုရရှိခဲ့ပြီး ယခုအခါတံတား၏ အ သေးစိတ်ဒီဇိုင်းရေးဆွဲနိုင်ရေးအတွက် SUNTAC Technologies ကုမ္ပဏီက တာဝန်ယူကာ ရန်ကုန်ဘက်ရှိ ဘုန်းကြီး လမ်းနှင့် ဒလမြို့နယ်ဘက်ရှိ ဗိုလ်မင်း ရောင်လမ်းတို့တွင် မြေသားစမ်းသပ်မှု အ ကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများပြုလုပ်ရာတွင် ယခုလဆန်းမှစ၍ မြေကြီးကို မီတာ ၁၀၀ နှင့် မီတာ ၇၀ အနက်ရှိတွင်း(ကျင်း)လေး တွင်းတူးဖော်၍ မြေသားမာကျောမှု ရိုက် ချက် ၁၀၀ ခံနိုင်ရည်ရှိစေရန် မြေလွှာထပ် အထိရရှိရေး စမ်းသပ်တူးဖော်နေပြီး ဆောင်ရွက်ရမည့်ကာလမှာ သုံးလခန့်ကြာ မည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စာ ရင်းများအရ စီမံကိန်းကာလ ငါးနှစ်ကြာ မြင့်မည့် အဆိုပါ တံတားလုပ်ငန်းစတင်ရန် ကိုရီးယားနိုင်ငံ၏ စီးပွားဖွံ့ဖြိုးရေး ရန်ပုံ ငွေ EDCF Loan ချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည် တွင်းလိုအပ်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းကို ကိုရီး ယားပို့ကုန်၊ သွင်းကုန်ဘဏ်နှင့် မြန်မာနိုင် ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ချေး ငွေဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆို၍ လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း သိရ သည်။

အဆိုပါတံတားနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီ ရင်ခံစာ (EIA)ကြေညာချက်ကို ဇွန်လ ၂၆ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ထုတ်ပြန်ကြေညာ လိုက်ပြီး ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ ဝေဖန်အကြံပြုချက်များကို ၁၄ ရက်အ တွင်း ပေးပို့နိုင်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။

“ဒီအစီရင်ခံစာထဲမှာ ရေအရည်အ သွေး၊ လေအရည်အသွေးတွေ ဒေသမှာ ရှိတဲ့ မျိုးစိတ်သစ်ပင် အမျိုးအစားဘယ် လောက်ရှိလဲ၊ ကုန်းနေရေနေသတ္တဝါတွေ အမျိုးအစား ဘယ်လောက်ရှိလဲဆိုတာ တွေ၊ တံတားဆောက်လုပ်စဉ် ပတ်ဝန်း ကျင် ဆူညံသံတိုင်းတာမှု၊ ပြီးတော့ အခု တံတားဒီဇိုင်းက ဘာသာရေးနဲ့ဆီလျော် မလား စတာတွေကို အစီရင်ခံစာထဲမှာ ရေးသားထားတယ်။ စာမျက်နှာပေါင်း ၂၅၁ မျက်နှာရှိတယ်။ အစီရင်ခံစာက အတော်ပြည့်စုံပါတယ်”ဟု ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး က ပြည်မြန်မာသတင်းဂျာနယ်သို့ ပြော သည်။

ယင်းအစီရင်ခံစာ အပြီးသတ်မူကြမ်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန၊ ရုံးအမှတ်(၁၁)နေပြည်တော်၊ လမ်းမတော်မ်ြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံး ဒလမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှုးရုံး၊န Gကမေိ ၏ ရန်ကုန်ရုံးအမှတ် (၁၁)လေဆိပ်ရိပ်သာလမ်း ဆယ်မိုင် စော်ဘွားကြီးကုန်းရပ်ကွက် ရန်ကုန်မြို့တို့ တွင် လေ့လာဖတ်ရှုနိုင်ပြီး ဇွန်လ ၂၆ ရက် မှ ၁၄ ရက်အတွင်း အကြံပြုစာ ပေးပို့ရ မည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါ ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး လမ်းမ တော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့ နယ် ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင် လမ်းတို့ကို ဆက်သွယ်မည့် မြန်မာ-ကိုရီး ယားချစ်ကြည်ရေး ဒလ-ရန်ကုန်တံတား စီမံကိန်းကို လာမည့် ၂၀၁၈ ခုနှစ်တွင် စတင်ဆောက်ရွက်မည်ဖြစ်ပြီး၂၀၂၀၂၀၂၁ဘဏ္ဍာနှစ်တွင်အပြီး
တည်ဆောက်ရန်ရည် ရွယ်ထားကြောင်း သိရသည်။

Credit: Pyi Myanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service