ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် ဝါးအဆောက်အအုံပြိုင်ပွဲတွင် အီတလီဗိသုကာပညာရှင်တို့ ဆောက်လုပ်ယှဉ်ပြိုင်ခဲ့သည့် အဆောက်အအုံ ပထမဆုရရှိ - Property News in Myanmar from iMyanmarHouse.com
1234 Views

ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် ဝါးအဆောက်အအုံပြိုင်ပွဲတွင် အီတလီဗိသုကာပညာရှင်တို့ ဆောက်လုပ်ယှဉ်ပြိုင်ခဲ့သည့် အဆောက်အအုံ ပထမဆုရရှိ

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ တော်တွင် နိုင်ငံတကာဝါးအဆောက်အအုံပြိုင်ပွဲဖြစ်သော CAMBOO ကို ကျင်းပခဲ့ရာ အီတလီဗိသုကာ ပညာရှင်များ ဆောက်လုပ်ယှဉ်ပြိုင်ခဲ့သည့် နားနေဆောင်ဇရပ် အဆောက်အအုံဒီဇိုင်းက ဆုရရှိသွားကြောင်း ဖနွမ်းပင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒီဇိုင်နာအချို့ အနေဖြင့်မူ ဝါးကို အိမ်ဆောက်ပစ္စည်းတစ်ခုအဖြစ် စိတ်ကူးအတွင်းပင် ထည့်ဖူးကြမည်မဟုတ်ချေ။

သို့ရာတွင် ဟောင်ကောင်ရှိ အမြင့်ဆုံးအဆောက်အအုံများဆောက်လုပ်ရာတွင် ဝါးမှာ များစွာအထောက်အကူပြုခဲ့ပြီး ကနေဒါဗိသုကာပညာရှင်များသည်လည်း စင်္ကာပူတွင် ဝါးဖြင့်ပြုလုပ်သည့်မိုးမျှော်အဆောက်အအုံဆောက်လုပ်ရန် ဒီဇိုင်းရေးဆွဲခဲ့ကြဖူးသည်။

Several Canadian architects also teamed up to design a Singapore skyscraper made from bamboo.
CAMBOO ပွဲတော်သည် အနာဂတ်တည်းခိုဆောင်များကို ဝါးဖြင့်အသုံးပြုဆောက်လုပ်နိုင်သည့် အလားအလာကောင်းများရှိကြောင်း မီးမောင်းထိုးပြသလိုက်ခြင်းလည်း ဖြစ်လေသည်။

ဖနွမ်းပင်မြို့ တော် Freedom Park တွင်ကျင်းပသည့် အဆိုပါပြိုင်ပွဲအတွက် ကမ္ဘာတစ်ဝန်းမှ ဗိသုကာပညာရှင်များကို ဖိတ်ခေါ်ခဲ့သည်။

အီတလီဗိသုကာပညာရှင်များ ဆုရရှိသွားသည့် The Hyperbamboo အမည်ပေးထားသည့် နားနေအိမ် (ဇရပ်) မှာ ဒေသတွင်း ခမာဝါးဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အကျယ်အဝန်း ၂၄၀၀ စတုရန်းပေ ရှိသည်။

The Hyperbamboo ကို အီတလီနိုင်ငံ၊ ဖလောရင့်စ်မှ ဗိသုကာပညာရှင်များဖြစ်သည့် ရောဘတ်တို ဘိုလော့ဂ်နာ၊ ဖာနန်ဒို ဘာ့သ်၊ ချီယာရာ မိုရက်တီနှင့် ဒန်နီ ပါဂလီရိုင်တို့က ဒီဇိုင်းရေးဆွဲခဲ့ကြခြင်း ဖြစ်သည်။
“ဒီဒီဇိုင်းက စိန်ခေါ်မှုအရမ်းမြင့်မားတဲ့ ဒီဇိုင်းဖြစ်တာကြောင်း ပြိုင်ပွဲအရည်သွေးပြည့်မီဖို့ ကျွန်တော်တို့ အပြင်းအထန်ကြိုးစားခဲ့ရတယ်” ဟု ဆုရသူများက ဆိုသည်။

ဒိုင်လူကြီးများမှာ ပြိုင်ပွဲစီစဉ်သည့် Building Trust International မှ ကိုယ်စားလှယ်များအပြင် ဗိသုကာပညာရှင်များ၊ မြေယာအလှပြင်ဆင်မှုဆိုင်ရာ ပညာရှင်များ၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံအချို့ မှ ဝါးလုပ်ငန်းကျွမ်းကျင်သူများ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် ဝါးအဆောက်အအုံပြိုင်ပွဲတွင် အီတလီဗိသုကာပညာရှင်တို့ ဆောက်လုပ်ယှဉ်ပြိုင်ခဲ့သည့် အဆောက်အအုံ ပထမဆုရရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် ဝါးအဆောက်အအုံပြိုင်ပွဲတွင် အီတလီဗိသုကာပညာရှင်တို့ ဆောက်လုပ်ယှဉ်ပြိုင်ခဲ့သည့် အဆောက်အအုံ ပထမဆုရရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် ဝါးအဆောက်အအုံပြိုင်ပွဲတွင် အီတလီဗိသုကာပညာရှင်တို့ ဆောက်လုပ်ယှဉ်ပြိုင်ခဲ့သည့် အဆောက်အအုံ ပထမဆုရရှိ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သည့် ဝါးအဆောက်အအုံပြိုင်ပွဲတွင် အီတလီဗိသုကာပညာရှင်တို့ ဆောက်လုပ်ယှဉ်ပြိုင်ခဲ့သည့် အဆောက်အအုံ ပထမဆုရရှိ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service