ဒလမြို့နယ်အတွင်း စာရင်းကောက်ယူမှုအရ ကျူးတစ်သောင်းကျော် ခန့်ရှိပြီး ထပ်မံကျူးကျော်နေထိုင်သူများ တိုးပွားလာနေ - Property News in Myanmar from iMyanmarHouse.com
1189 Views

ဒလမြို့နယ်အတွင်း စာရင်းကောက်ယူမှုအရ ကျူးတစ်သောင်းကျော် ခန့်ရှိပြီး ထပ်မံကျူးကျော်နေထိုင်သူများ တိုးပွားလာနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူးကျော်စာရင်း လိုက်လံ ကောက်ယူမှုများ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ခရိုင်လေးခု အတွင်းရှိ မြို့ နယ်များအလိုက် ပြုလုပ်ပေး လျက်ရှိကြောင်း သိရသည်။

ထို့အတူ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ ဒလမြို့နယ် ၌ မတ် ၂၈ ရက်ကစတင်ပြီး ဧပြီ ၅ ရက်အထိ ကမာကဆစ် အနောက် ဘုန်းတော်ကြီးကျောင်းနှင့် မှော်စက်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းတို့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာတို့ရှိ ကျူးကျော်နေထိုင်သူများစာရင်းကို ကျူးကျော်စာရင်းကောက် ယူရေးကော်မတီမှ ကျူးကျော် အသိ အမှတ်ပြုစ မတ်ကတ်များကိုထုတ်ပေး ရာ ကျူးစာရင်း ကောက်ယူမှုတွင် တစ်သောင်းေ ကျာ်ခန့်ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးမှ သိရသည်။

ယခုအချိန်တွင် ထပ်မံကျူးကျော်နေထိုင်သူများ တိုးပွားလာလျက်ရှိပြီး ဒလမြို့ နယ် သပြေကုန်းကျေးရွာအတွင်းရှိ ကွင်းအမှတ် (၁၈၆)အနီးရေ လွှတ်ြေ မာင်းပေါ်နှင့် လမ်းဘေး စည်ပင်မြေနေရာတို့၌ ကျူးကျော်တဲများခွ၍ အစီအ ရီဆောက် လုပ်နေမှုများရှိကြောင်း၊ ကျူးကျော်တဲ ၂ဝဝ နီးပါးခန့် တိုးလျက် ရှိကြောင်း သပြေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်ဦး၏ ပြောကြားချက် အရ သိရသည်။

နှစ်စဉ် လူဦးရေတိုးပွားလာမှု၊ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းနေထိုင်မှု များပြားလာခြင်းတို့ကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေရာအသီးသီးတို့၌ ပျံကျ များတိုးပွားလာလျက် ရှိသည်ကို တွေ့မြင်လာနေရကြောင်း ဒေသခံ များထံမှ သိရသည်။ အများစုမှာ ကြုံရာကျပန်းအလုပ်လုပ်ကိုင်သူများဖြစ်ပြီး အခြေခံလူ တန်းစားများ၏ လူနေမှုပုံစံများ၌ ဆင်းရဲချို့တဲ့သူများသည် တစ်နေ့ လုပ်အားခ ဝင်ငွေဖြင့် မိသားစု စားဝတ် နေရေးအတွက် အလွန် ရုန်းကန်လှုပ်ရှားနေရ သည့်အတွက် မိသားစုဘဝ လုံလောက်မျှတမှု မရှိခြင်းကြောင့် ကိုယ်ပိုင် မြေ ကွက်မဝယ်နိုင်ကြ သူများဖြစ်သည်။

ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ လမ်း ကောင်းပြီး ခြံကွက်ကျယ် လျှင် ငွေကျပ်သိန်း ၁ဝဝဝ ခန့်အထိ ပေါက်ဈေး ရှိနေပြီး ကျေးရွာများရှိ မြေ တစ်ကွက်လျှင် ငွေကျပ် သိန်း ၁၅ဝ နှင့် ၂ဝဝ ကြားတွင်ရှိကာ လမ်းမကြီး ဝဲ၊ ယာ တစ်လျှောက်ရှိ လယ်မြေတစ်ဧက လျှင် ငွေကျပ်သိန်း ၅ဝဝ နှင့် ၁ဝဝဝ အထက်တွင်ရှိကြောင်း၊ ဆင်းရဲချို့တဲ့သူများအနေဖြင့် သိန်းရာကျော်ရှိေ သာ မြေတစ်နေရာကို မဝယ်နိုင်ကြောင်း၊ နေစရာ အိမ်မရှိသူများမှာ လမ်းေ ဘးဝဲ၊ ယာရှိ စည်ပင်မြောင်း၊ လယ်ယာမြေပေါ်တို့၌ တဲထိုး၍ နေထိုင်လျက် ရှိကြောင်း အိမ်ခြံ မြေကျွမ်းကျင်သူများနှင့် အကျိုးဆောင်များက သုံးသပ်ပြော ကြားကြသည်။

ကျူးကျော်နေထိုင်သူများထဲတွင် အမှန်တကယ် ဆင်းရဲ နွမ်းပါး၍ နေစရာ အိမ် မရှိသူများ၊ မိသားစုတိုးပွားလာမှုတို့ကြောင့် လူဦးရေကျပ်တည်း သဖြင့် ကျော ခင်းစရာ တစ်နေရာအတွက် နေထိုင်ကြသူများ၊ အနယ်နယ်အရပ်ရပ်မြှေ ပာင်းရွှေ့နေထိုင်သူများ၊ မြေပိုင်ရှင်ဝယ်ထား သူများထံ လစဉ်ငွေပေး၍ တဲ ထိုးနေထိုင် သူများ၊ ကားလမ်းမကြီးများ၏ ဝဲ/ယာ စည်ပင်နယ်မြေများ၊ လယ် သမားပိုင်လယ်မြေ များ၊ ချောင်း၊ မြောင်းနှုတ်ခမ်းစပ်နှင့် စည်ပင်မြောင်းပေါ် ၌ ဆောက် လုပ်နေထိုင်မှုများနှင့် အစိုးရပိုင်မြေ စိမ်းလန်းနေရာများ၌ အများ ဆုံး ကျူးကျော်နေထိုင်လျက်ရှိ ကြောင်း သိရသည်။

ဒလမြို့နယ်အတွင်း ရပ်ကွက် ၂၄ ရပ်ကွက် ရှိကာ ကျေးရွာအုပ်စု ၂၃ အုပ် စု၊ ကျေးရွာပေါင်း ၅၄ ရွာရှိရာ ကျူးကျော်စာရင်းကောက်ယူရာတွင် ရပ်ကွက် များ၌ ကျူးကျော် နေထိုင်သူများမှာ အများဆုံးဖြစ်ပြီး ကျေးရွာ များ၌နည်းပါး လျက် ရှိကြောင်း သိရသည်။

Credit: နိုင်လင်းကျော်(ဒလ)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service