ရှဥ့်လည်းမလျှောက်သာ ပျားလည်းမစွဲသာဖြစ်နေတဲ့ အိမ်ခြံမြေ ရောင်းငှားဈေးနှုန်းများ - Property News in Myanmar from iMyanmarHouse.com
2248 Views

ရှဥ့်လည်းမလျှောက်သာ ပျားလည်းမစွဲသာဖြစ်နေတဲ့ အိမ်ခြံမြေ ရောင်းငှားဈေးနှုန်းများ

ရန်ကုန်မြို့လယ်ကောင်တိုက်ခန်းတွေနဲ့ မြို့စွန်တွေမှာ ငှားမယ်ရောင်းမယ် ဆိုတဲ့ ဆိုင်းဘုတ်တွေ  အခုနောက်ပိုင်းနေရာ အနှံ့တွေ့လာရပြီး ဈေးနှုန်းေ တွကလည်း အရောင်းရော အငှားပါလက်လန်ရအောင်မြင့် တက်နေရတယ် လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

တချို့အိမ်တွေ၊ တိုက်ခန်းတွေဆိုနှစ်နဲ့ချီပြီးငှားမယ်ရောင်းမယ်ဆိုတဲ့ ဆိုင်း ဘုတ်တွေကို ချိတ်ဆွဲထားတာ နေရာအနှံ့မြင် တွေ့နေရပါတယ်။

လမ်းမတန်းဆိုင်ခန်းတချို့ရဲ့ငှားရမ်းခတွေကလည်း ဆက်မငှားနိုင်လောက်ေ အာင်မြင့်နေ လို့ဈေးချိုတဲ့ နေရာသစ်တွေဆီကို မကြာမကြာဆိုင်နေရြာေ ပာင်းနေကြတာကိုတွေ့ရပါတယ်။ ဆိုင်ခန်းတွေ ခဏခဏနေရာပြောင်းနေရ လို့ နေရာသစ်ကိုပြောင်းရွှေ့ထားပါတယ်ဆိုတဲ့အကြောင်းနေရာဟောင်းမှာ ဗီနိုင်းတွေ ကပ်ထားတာကိုလည်း နေရာစုံ မြို့နယ်စုံကို မြင်တွေ့ရပါ တယ်။

Tilleke & Gibbins Myanmar က တာဝန်ရှိသူတစ်ဦးက ရန်ကုန်မြို့လယ်ေ ကာင်နဲ့ အချက်အချာနေရာတွေမှာဆိုရင် အိမ်အငှားဈေးကွက်က အရင်နှစ်ေ တွကထက်မြင့်ပါတယ်၊ရန်ကုန်မြို့ရဲ့အချက်အချာ ကျတဲ့နေရာတွေ မှာဆို ရင် အိမ်နဲ့ရုံးခန်း အငှားဈေးနှုန်းတွေက ဘန်ကောက်မြို့လယ်ကောင် ဧရိယာရဲ့ အငှားဈေးနှုန်းထက် သုံးရာခိုင်နှုန်းလောက် ပိုများနေတယ်၊ အစိုးရသစ် လက် ထက်မှာဆိုရင် နိုင်ငံရေးနဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေပြု လုပ်နေပေမဲ့ အိမ်ခြံမြေဈေးနှုန်းက မြင့်နေဆဲ ဖြစ်သလို အငှားဈေးနှုန်းကလဲ အိမ်နီးချင်းနို င်ငံတွေထက်ပိုများနေတယ်လို့ ပြောပါတယ်။

နှစ်ဦးနှစ်ဖက် အဆင်မပြေ

အဲသည်လို ပြောင်းသွားပေမဲ့ လနဲ့ချီကြာအောင် အငှားမရှိလို့ တံခါးပိတ် ထား တဲ့ ဆိုင်ခန်းတွေ၊ အိမ်ခန်းတွေက စီးပွားရေးအချက် အခြာကျတဲ့ ရန်ကုန်မြို့ လယ်မှာတော်တော်များများတွေ့ရသလို မြို့စွန်တွေမှာလည်း သည်အတိုင်း ပဲဖြစ်ပါတယ်။

ကုန်စုံဆိုင်ဖွင့်ထားတဲ့ မသူသူဝင်းက အပိုင်ဝယ်ဖို့ မဖြစ်နိုင်လို့ငှားပြီး ဆိုင် ခန်းလေးဖွင့်ထားပေမဲ့ တစ်နှစ် နှစ်နှစ်အခြေကျလို့ ဆိုင်အတွက် မိတ်ကေ လးရလာပြီ လူစည်လာပြီ အရောင်းအဝယ်ကောင်းလာပြီဆိုရင် အိမ်ရှင်ဆိုင် ရှင်တွေ က အိမ်ငှားခတွေ တိုးတောင်းလို့ အဆင်မပြေဘဲ နေရာသစ်ကိြုေ ပာင်းရလို့ လူတွေအင်မတန်ဒုက္ခရောက်ရပြီးတော့ မိတ်လဲပျက်ပါတယ်၊ ဆိုင် ပစ္စည်းတွေကိုလဲအပြောင်းအရွေ့လုပ်ရတော့ ဒုက္ခြဖစ်ပါတယ်လို့ ပြောပါ တယ်။

တစ်ဖက်က အိမ်ရှင်မြေရှင်ဆိုင်ခန်းရှင်တွေဘက်ကလည်း လောဘတက်ပြီး အရောင်းဈေးနဲ့အငှားဈေးကိုဆွဲမြောက်ထား တယ်လို့ထင်ရပေမဲ့ တကယ့်အ တွင်းကျကျပြန်ကြည့်မယ်ဆိုရင် သူတို့ကိုယ်တိုင်လည်း အမြင့်ဈေးတွေ နဲ့ဝယ် ထားတာအ များစုဖြစ်နေလို့ ဈေးမြင့်မြင့် ပြန်လိုချင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် အမြတ်မရရင်တောင်အရင်းဈေးလောက်ရအောင် ရောင်းဈေးတွေ နဲ့ အငှားဈေးတွေကိုမြှင့်ထားကြတာ ဖြစ်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင် ကိုသူရက သိန်း ၁၀ဝ၀ တန်မြေကွက်ပါ အိမ်ကို ဝယ်ပြီး ပြန်ငှားစားရင်အိမ်ရှင်မြေရှင်ဘက်က သူရင်းနှီးမြှုပ်နှံထားတဲ့ငွေကြေး နဲ့ဆိုရင် နည်းနည်းလေးလှုပ်သာရုံသာရှိတယ်၊ အိမ်ဝယ်၊ တိုက်ခန်းဝယ် မယ့် သူတွေ  အိမ်ငှား နေမယ့်သူတွေ ဘက်ကပြန်ကြည့်လိုက်ရင်လဲ တစ်ချိန်ကေ ဈးနှုန်းတွေကောင်းခဲ့ပေမဲ့ အခုလိုအဝယ်အေးပြီးငွေရှားတဲ့ကာလမှာ က ခေါ်ဈေးအတိုင်းဝယ်ဖို့က ဘယ်သူမှရှိလောက် မှာမဟုတ်ပါဘူး၊ ဝယ်မှာလဲ မ ဟုတ်ဘူး၊ အခုလိုငွေရှားပြီးလုပ်ငန်း တွေအေးတဲ့ ကာလမှာပိုဆိုးပါတယ် လို့ ပြောပါတယ်။

ငှားတဲ့သူတွေဘက်ကလည်း ငှားမယ့်မြေကွက်၊ အဆောက်အအုံကိုပေးရမယ့် ငှားခဈေးနှုန်းနဲု့ပြန်ရမယ့် စီးပွားရေးအကျိုးအ မြတ်ကို တွက်ပြီး မြေအေ ဆာက်အအုံငှားခဈေးနှုန်းတွေမြင့်လို့ လက်တွန့်နေကြတဲ့အတွက် အခုချိန် အထိငှားမယ်ရောင်းမယ် ဆိုတဲ့ မြေကွက်၊ အဆောက်အအုံတိုက်ခန်းတွေ ရန်ကုန်မြို့နေရာတော်တော်များများတွေ့နေရတာဖြစ်ပါတယ်။

ချိတ်ဆက်မှုလို

ဒါကြောင့်ရောင်းသူနဲ့ဝယ်သူကြားမှာ ချိတ်ဆက်မှုတစ်ခုလိုပါတယ်။ အခုလို ဖြ စ်နေတဲ့ ပြဿနာက စီးပွားရေးလေးလံ ထိုင်းမှိုင်းနေတဲ့ အကျိုးဆက်ကြောင့် အိမ်ရှင်တွေအတွက်လည်း မရောင်းနိုင်၊ မငှားနိုင်အိမ်ပိတ်ထားရတာ အကျိုးမ ရှိသလို စီးပွားရေးလုပ်ချင်၊ လုပ်ငန်းလုပ်ချင်တဲ့သူတွေ၊ အိမ်လိုအပ်နေ သူတွေ အ တွက်လည်း ဆိုင်ခန်းနေရာတွေ၊ အိမ်တွေရှိပေမဲ့ ဈေးမြင့်လို့ မငှားနိုင်ြ ဖစ်နေကြပါတယ်။ တိုင်းပြည်ရဲ့အခွန်ဘဏ္ဍာရရှိမှုကိုလည်း ထိခိုက်စေနိုင်ပါ တယ်။ အဓိကကတော့ လေးလံထိုင်းမှိုင်းနေတဲ့ စီးပွားရေးကိုပဲ လက်ညိုးထိုြး ပရမှဖြစ်ပါတယ်။

အိမ်ခြံမြေအကျိုးဆောင် ဦးဟိန်းမျိုးမြင့်လွင်က အေးစက်တာနှစ်နှစ်ကျော်ပြီ ဖစ်တဲ့ မြန်မာ့စီးပွားရေးအင်အားကြီးတစ်ခု လုံးကို ပြန်ပြီး နှိုးဆွဖို့ လိုလာပြီဆို တဲ့ အကြောင်းစီးပွားရေး ကျွမ်းကျင်သူတွေက တိုက်တွန်းနေကြပြီ၊ အိမ်ခြံြေ မဆောက် လုပ်ရေးလုပ်ငန်းရှင်တွေကစီးပွားရေးဈေးကွက်မှာ အင်အားကြီး တဲ့ ပမာဏဖြစ်ပြီး ငွေကြေးလည်ပတ်မှုကောင်းတဲ့ လုပ် ငန်းတွေဖြစ်လို့ သူတို့ ရှင်သန်အောင်အားဆေးလိုနေပါပြီ၊ ဒါကြောင့်ဝယ်သူ၊ ရောင်း သူကြား အ ဆင်ပြေ နိုင်အောင် ကြိုက်ရောင်း ကြိုက်ဝယ်နှုန်းထားတွေ မဖြစ်ရအောင် စည်းကမ်းကြပ်မတ်ပေးဖို့လဲလိုအပ်ပါတယ်လို့ပြောပါတယ်။

ဒါ့အပြင်ကွန်ဒိုဥပဒေထွက်ရှိပြီးဖြစ်ပေမဲ့ အလုပ်တကယ်ဖြစ်မယ့် ကွန်ဒို နည်း ဥပဒေထွက်အောင်တိုက်တွန်းဖို့ အားပေးရမှာ ဖြစ်သလို တိုက်ခန်းအိမ်ရာ ဥ ပဒေကိုလည်း အမြန်ဆုံးအသက်သွင်းဖို့လိုအပ်နေပါတယ်။ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ် ငန်းတွေဈေးကွက်ထဲကိုအမြန်ဆုံးဝင်လာတာနဲ့ စီးပွားလုပ် ငန်းတြွေ ပန်ပြီးသွက်လက်လာမှာဖြစ်သလို လူတစ်ဦးချင်းရဲ့ဝင်ငွေ တိုးလာ မှာဖြစ်ပါတယ်။

အဲသည်လိုပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေးစနစ်ထဲကို ငွေထုပ် ပိုက်ပြီး ရင်းနှီးမြှုပ်နှံလာမယ်ဆိုရင်ကျဆင်းနေတဲ့   အိမ်ခြံမြေဈေးကွက် ပြန် တိုးတက်လာမှာဖြစ်သလို အကျိုးဆက်အနေနဲ့ အရောင်းအဝယ်ပြန်သွက် လာပြီး အကျိုးဖြစ်ထွန်း လာနိုင်မယ်လို့ သိရပါတယ်။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service