ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
665 Views

ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည်

ကမ္ဘာကျော် ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီသည် နယူးယောက်မြို့၊ West Village အရပ်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ ဒသမ ၂၅ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်မြို့၊ သတ္တမရိပ်သာလမ်းအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘွန်ဂျိုဗီသည် နာမည်ကျော် အကျော်အမော်များစုဝေးရာ ချားလ်စ်လမ်း အမှတ် ၁၅၀ ရှိ ယခုကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၃ သန်းဖြင့် ဝယ်ယူပြီး မကြာမီတွင် နယူးယောက်မြို့၊ မန်ဟက်တန်အောက်ပိုင်း ဆိုဟိုအရပ်ရှိ penthouse ခန်းကို ကန်ဒေါ်လာ ၃၄ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
“ဘယ်တော့မှ လမ်းခွဲစကားမပြောပါနဲ့” အမည်ရှိသီချင်းကို သီဆိုခဲ့သူ ဘွန်ဂျိုဗီသည် ယခုအခါတွင် West Village ကွန်ဒိုခန်းကို လမ်းခွဲစကားပြောခဲ့ပြီ ဖြစ်လေသည်။စတုရန်းပေ ၄၀၀၀ အကျယ်အဝန်းရှိ ကွန်ဒိုခန်းတွင် ၅၂’ × ၂၉’ အကျယ်အဝန်းရှိသော လသာဆောင်ပါဝင်ပြီး ဂျပန်မြက်များခင်းကာ မြေယာအလှပြင်ဆင်ထားသည့်အပြင် အခြားလသာဆောင်ငယ် ၂ ခုလည်း ပါဝင်သည်။

နေအိမ်ခန်း၏ မျက်နှာစာသုံးဘက်တွင် အလင်းရောင်ကောင်းစွာရပြီး အဓိကအားဖြင့် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်များကြောင့် ဖြစ်လေသည်။ကြီးမားကျယ်ပြန့်သော လသာဆောင်သည် ဟတ်ဆန်မြစ်နှင့် နယူးဂျာစီ၏ ရှုခင်းများ၊ One World Trade Center ၏ အလှတို့ကို ကောင်းစွာ တွေ့မြင်ခံစားနိုင်သည်။

မီးဖိုဆောင်နှင့် ကပ်လျက်တွင် ညစာစားခန်းနှင့် မီဒီယာခန်းမတို့ တည်ရှိသည်။
အပေါ်ထပ်တွင် master bedroom တည်ရှိရာ ကိုယ်ပိုင်သီးသန့် လသာဆောင်၊ ရေချိုးခန်းနှင့် အဝတ်အစားထားသိုခန်းတို့ ပါဝင်သည်။

ဘွန်ဂျိုဗီ၏နေအိမ်ခန်းတည်ရှိရာ အမှတ် ၁၅၀၊ ချားလ်စ်လမ်းအဆောက်အအုံကြီးတွင် နာမည်ကျော်အကျော်အမော်များ ယခုတိုင်နေထိုင်နေကြဆဲ(သို့မဟုတ်) နေအိမ်ခန်းများ ပိုင်ဆိုင်ထားကြဆဲ ဖြစ်သည်။

စူပါမော်ဒယ် အိုင်ရီနာ ရှက်ခ်သည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း ဤအဆောက်အအုံရှိ ကွန်ဒိုတစ်ခန်းကို ကန်ဒေါ်လာ ၆ သန်းဖြင့် ဝယ်ယူခဲ့ပြီး ယခုအခါတွင် တစ်လလျှင် ကန်ဒေါ်လာ ၂၀၀၀၀ ဖြင့် ပြန်လည်အငှားချထားသည်။

ဘင်စတီလာနှင့် ဇနီးဖြစ်သူ ခရစ္စတင်းတေလာတို့သည်လည်း ကန်ဒေါ်လာ ၁၅ သန်းဖြင့် တစ်ခန်းဝယ်ယူထားသည်။
နာမည်ကျော် ဖက်ရှင်ဓာတ်ပုံပညာရှင် စတီဗင် ကလိန်းကလည်း ကန်ဒေါ်လာ ၁၂ ဒသမ ၅ သန်းဖြင့် တစ်ခန်းဝယ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီ နယူးယောက်ရှိ duplex ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service