နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတွင် ဇူလိုင်လမှ စတင်ဆောင်ရွက်မည်ဝန်ထမ်းများ တာဝန်ကျရာဒေသတွင် သက်သာသောနှုန်းထားဖြင့် ဝန်ထမ်းအိမ်ရာ ငှားရမ်းနေထိုင်ခွင့်ရမည် - Property News in Myanmar from iMyanmarHouse.com
2550 Views

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတွင် ဇူလိုင်လမှ စတင်ဆောင်ရွက်မည်ဝန်ထမ်းများ တာဝန်ကျရာဒေသတွင် သက်သာသောနှုန်းထားဖြင့် ဝန်ထမ်းအိမ်ရာ ငှားရမ်းနေထိုင်ခွင့်ရမည်

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးသည့်အခါ နေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးဦးစီးကော်မတီနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတည်ဆောက်ရေးဦးစီး ကော်မတီတို့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်(၁)၌ ကျင်းပရာ ဦးစီးကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံ့ဝန်ထမ်းများအားလုံး တာဝန်ထမ်းဆောင်နေစဉ်နှင့် တာဝန်ထမ်းဆောင်ပြီးနောက် အငြိမ်းစားယူပါက ဘဝလုံခြုံစိတ်ချမှုရှိစေရန်၊ တာဝန်ထမ်းဆောင်ရာတွင်လည်း ကျေနပ်ဝမ်းမြောက်မှုရရှိစေရန် ရည်ရွယ်လုပ်ဆောင်ရသည့် စီမံကိန်းဖြစ်ပါကြောင်း၊ ကာလရှည်ကြာစွာနှင့် လုပ်ငန်းပမာဏကြီးမားစွာ ဆောင်ရွက်ရမည့် လုပ်ငန်းကြီးဖြစ်၍ အခက်အခဲများနှင့် စိန်ခေါ်မှုများလည်း ကြုံတွေ့နိုင်ပါကြောင်း၊ ကောင်းမြတ်သည့် အရင်းခံစိတ်ဖြင့် စုပေါင်းကြိုးစားဖြေရှင်းပါက မလွဲမသွေ အောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ
ဒုတိယဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့်
နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာများ တည်ဆောက်မည့်မြေနေရာ ရွေးချယ်ထားရှိမှုနှင့် အဆောက်အအုံပုံစံများကို ရှင်းလင်းဆွေးနွေးသည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းများကို ပထမအဆင့်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် ဇူလိုင်လအတွင်း စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆက်လက်အကောင်အထည်ဖော် တည်ဆောက်နိုင်ရေးတို့နှင့်ပတ်သက်၍ အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းသည် တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများအားလုံးက တာဝန်ကျရာနေရာတွင် အသက်သာဆုံးငှားရမ်းခဖြင့် ငှားရမ်းနေထိုင်ခွင့်ရှိမည်ဖြစ်ပြီး တာဝန်အရ ပြောင်းရွှေ့ ခြင်း(သို့မဟုတ်) အလုပ်နုတ်ထွက်ခြင်းများအတွက် ငှားရမ်းထားသောအခန်းကို ပြန်လည်အပ်နှံခြင်းစသည်ဖြင့် ရိုးရှင်းလွယ်ကူစွာ စီမံထားခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာစီမံကိန်းသည် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပင်စင်ယူသည့်အချိန်၌ မိမိတို့ အခြေချနေထိုင်လိုသည့် ဒေသတွင် ဝယ်ယူပိုင်ဆိုင်နေထိုင်နိုင်မည်ဖြစ်ပြီး ငွေပေးချေမှုစနစ်ကို ပုဂ္ဂလိကဘဏ်များနှင့် ပေါင်းစပ်စီမံထားသော စနစ်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။

Credit: The Mirror

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service