Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
1964 Views

Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့

Lethal Weapon ၊ The Matrix trilogy ၊ Die Hard နှင့် Predator ကဲ့သို့သော ရုပ်ရှင်ဇာတ်ကားများ အပါအဝင် အက်ရှင်ဇာတ်ကား များစွာ ထုတ်လုပ်ခဲ့သူ ဂျိုး ဆေးလ်ဗားသည် လော့စ်အိန်ဂျလိရှိ နေအိမ်ကို အရောင်းဈေးကွက်တင်ထားသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်
လည်း ရောင်းမစွံသောကြောင့် ယခုအခါ ကန်ဒေါ်လာ ၅ ဒသမ ၅ သန်း ထပ်မံဈေးလျှော့ပေးလိုက်ကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လော့စ်အိန်ဂျလိမြို့ ၊ မာလီဘူးအရပ်တွင် ဈေးနှုန်းအကြီးမြင့်ဆုံးဖြစ်သော Carbon Beach တွင် တည်ရှိသည့် ပင်လယ်ကမ်းခြေနေအိမ် ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ကန်ဒေါ်လာ ၅၇ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားခဲ့ပြီး ယခုအခါ ကန်ဒေါ်လာ ၅၂ သန်းသို့ လျှော့ချပေးလိုက်ခြင်း ဖြစ်သည်။

ဂျိုးဆေးလ်ဗားသည် အဆိုပါနေအိမ်ကို ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်ရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်ပါက ကန်ဒေါ်လာ ၃၇ ဒသမ ၆ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ မစ္စတာဆေးလ်ဗားသည် အဆိုပါနေအိမ်ကို ကွယ်လွန်သွားပြီဖြစ်သော ရုပ်ရှင်ထုတ်လုပ်သူ ရောဘတ် ချားတော့ဖ်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရောဘတ်ချားတော့ဖ် ထုတ်လုပ်ခဲ့သော ဇာတ်ကားများအနက် “Rocky” “Raging Bull” နှင့် “The Right Stuff” တို့မှာ နာမည်ကျော်သည်။
ခြံအကျယ်အဝန်းမှာ တစ်ဧက၏ လေးပုံသုံးပုံခန့်ရှိပြီး ကမ်းစပ်နှင့် မျက်နှာမူသည့် ခြံဝန်းအလျားမှာ ပေ ၁၄၀ ခန့် ရှိသည်။

နေအိမ်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်ကာ နေအိမ်အကျယ်အဝန်း ၅၉၀၀ စတုရန်းပေခန့်ရှိသည်။
ဧည့်ဂေဟာဆောင်တစ်ခုလည်း ပါဝင်ပြီး အိပ်ခန်း ၂ ခန်းနှင့် ရေချိုးခန်း ၂ ခန်းပါဝင်သည်။

ဧည့်ခန်းတွင် ကြီးမားသော မီးလင်းဖိုတစ်ခု ပါဝင်ပြီး ရုံးခန်းနှင့် ညစာစာခန်းတို့တွင်လည်း မီးလင်းဖိုများ ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com
Lethal Weapon အပါအဝင် အက်ရှင်ဇာတ်ကားများ ထုတ်လုပ်သူ ဂျိုး ဆေးလ်ဗား လော့စ်အိန်ဂျလိနေအိမ် ရောင်းမထွက်သောကြောင့် ဒေါ်လာ ၅ သန်းကျော် ဈေးလျှော့ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service