ကမ္ဘောဒီးယားတွင် အာဆီယံလမ်းမကြီးကို ချိတ်ဆက်သည့် အမှတ် ၁ အမြန်လမ်းမကြီးတစ်လျှောက်ရှိ မြေကွက်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက် - Property News in Myanmar from iMyanmarHouse.com
879 Views

ကမ္ဘောဒီးယားတွင် အာဆီယံလမ်းမကြီးကို ချိတ်ဆက်သည့် အမှတ် ၁ အမြန်လမ်းမကြီးတစ်လျှောက်ရှိ မြေကွက်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်

ကမ္ဘောဒီးယားနိုင်ငံတွင် အမျိုးသား အမှတ် ၁ လမ်းမကြီးအနီး ကပ်လျက်တည်ရှိသော နေရာများတွင် စက်ရုံများ အပြိုင်းအရိုင်းပေါ်ထွန်းလာမှုနှင့်အတူ အဆိုပါလမ်းဘေးဝဲယာရှိ မြေကွက်များမှာ ဝယ်လိုအားမြင့်တက်လာနေပြီး ဈေးနှုန်းများလည်း အလွန်မြင့်တက်လာလျက်ရှိကြောင်း ဖနွမ်းပင် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Century 21 Mekong မှ အမှုဆောင်အရာရှိချုပ် ချရက်ခ် ဆော့ခ်နင်မ်ကလည်း အမှတ် ၁ လမ်းမကြီးတစ်လျှောက်ရှိ မြေကွက်များ ဈေးကောင်းနေသည်ဆိုခြင်းကို အတည်ပြုခဲ့သည်။

“ရင်းနှီးမြှုပ်နှံသူ အတော်များများဟာ စက်ရုံတွေဆောက်ဖို့ ရည်ရွယ်ပြီး မြေကွက်တွေ ဝယ်ခဲ့ကြတယ်” ဟု ချရက်ခ်က ပြောကြားသည်။
အမှတ် ၁ လမ်းမကြီးသည် အာဆီယံဒေသကြီး၏ တောင်ဘက်ဖျားတွင် တည်ရှိပြီး ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ကို ဆက်သွယ်ပေးသည့် လမ်းမကြီးလည်း ဖြစ်သည်။

လမ်းမကြီးနှင့် အနီးအဝေးအပေါ်မူတည်၍ မြေကွက်ဈေးများမှာ ကွဲပြားပြီး လွန်ခဲ့သော ၃ နှစ်ခန့်က စတုရန်းတစ်မီတာလျှင် ကန်ဒေါ်လာ ၆၀၀ မှ ၁၀၀၀ ကြားသာရှိခဲ့သည့် မြေကွက်များမှာ ယနေ့အချိန်တွင် ကန်ဒေါ်လာ ၈၅၀ မှ ၁၅၀၀ အကြား ဈေးပေါက်နေသည်။

“ဒီမြေကွက်တွေဟာ နောင်မှာလည်း ဆက်ပြီးဈေးကောင်းနေဦးမှာပဲ။ အကြောင်းကတော့ အမှတ် ၁ လမ်းမကြီးဆိုတာက အရှေ့ တောင် အာရှနဲ့ တရုတ်ပြည်ရဲ့  ခါးပတ်တစ်ခု၊ လမ်းမတစ်ခုကြားမှာ ကွင်းဆက်တစ်ခု ဖြစ်နေလို့ပဲ ” ဟု ချရက်ခ်က ပြောကြားသည်။

CPL Cambodia Properties မှ အထွေထွေ မန်နေဂျာ ဆိုင် ဆိုဖက်ခ်က ပြောကြားရာတွင် မကြာသေးမီနှစ်များအတွင်း အမျိုးသား အမှတ် ၁ လမ်းမကြီးတစ်လျှောက်ရှိ မြေကွက်ဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်မှုများ ဖြစ်ပေါ်နေရာ အကယ်၍သာ ဈေးနှုန်းများ အလွန်အမင်းခေါင်ခိုက်သွားမည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်ဟု ယူဆကြောင်း ပြောကြားသည်။

ဖနွမ်းပင်မြို့ ၊ ချဘာ အမ်ပေါ့ဗ်ခရိုင်တွင် နေထိုင်သူတစ်ဦးဖြစ်သည့် အားရ် ဆိုဗန်နာရာက ပြောကြားရာတွင် “လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက အမှတ် ၁ လမ်းမကြီးဘေးမှာ ကျွန်တော်ဝယ်ခဲ့တဲ့မြေကွက်က တစ်စတုရန်းမီတာကို ဒေါ်လာ ၅၀ ကနေ ၇၀ ကြားလောက်ပဲ ဈေးပေါက်ခဲ့ပေမယ့် အခုအချိန်မှာ ဒေါ်လာ ၂၅၀ ကနေ ၃၀၀ ကြား ဖြစ်နေပါပြီ” ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service