ငွေကြေး ကဏ္ဍတွင် ထိရှမှု မဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ပြီး ဘဏ်များ၏ ၀န်ဆောင်မှု၊ ကျင့်ဝတ်နှင့် စည်းကမ်းလိုက်နာမှုများ တိုးတက်အောင် ကြိုးစားသင့်ကြောင်း ဗဟိုဘဏ်ညွှန်ချုပ် ပြော - Property News in Myanmar from iMyanmarHouse.com
1244 Views

ငွေကြေး ကဏ္ဍတွင် ထိရှမှု မဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ပြီး ဘဏ်များ၏ ၀န်ဆောင်မှု၊ ကျင့်ဝတ်နှင့် စည်းကမ်းလိုက်နာမှုများ တိုးတက်အောင် ကြိုးစားသင့်ကြောင်း ဗဟိုဘဏ်ညွှန်ချုပ် ပြော

ဗဟိုဘဏ် အနေဖြင့် ငွေရေးကြေးရေး ကဏ္ဍတွင် ထိရှမှု မဖြစ်စေရန် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပြီး နိုင် ငံပို င့် ပုဂ္ဂလိကဘဏ်များ၏ ၀န်ဆောင်မှု၊ ကျင့်ဝတ်နှင့် စည်းကမ်းလိုက်နာမှုများ ပိုမိုတိုးတက်အောင် ကြိုးစားသင့်ကြောင်း နိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ပြောကြား သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သော စည်းကမ်း၊ ညွှန်ကြားချက်၊ လိုက်နာရမည့် အချိုး၊ ထည့်ဝင်ရမည့် ငွေပမာဏ စသည်တို့ အားလုံးသည် အိမ်နီးချင်းနိုင်ငံ၊ နိုင်ငံတကာတွင်ရှိသော ဥပဒေကို အခြေခံပြီး မြန်မာနိုင်ငံ ၏ သဘောသဘာဝများအပေါ် မူတည်ပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန် ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ အကြံဉာဏ်များ ရယူ သတ်မှတ်ထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်းဘဏ်များ အနေဖြင့် နိုင်ငံခြားသား အကြံပေး၊ ပညာရှင်များ ခန့်အပ်ပြီး ဘဏ်လုပ်ငန်းများ တိုးတက်အောင် လုပ်ဆောင်လာ ကြခြင်းကို ကြိုဆိုသော်လည်း မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ဆောင် လျှင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေနှင့် အခြားငွေရေးကြေးရေး ဥပဒေ များကို တိတိကျကျ လိုက်နာရန် လိုကြောင်း၊ အချို့ဘဏ်များတွင် လုပ်ငန်းများ ကို နိုင်ငံတကာ အဆင့်ဖြင့် လိုက်လျောညီထွေ အမီလိုက်နိုင်ရန် နိုင်ငံခြား သား ပညာရှင် ခန့်အပ်ခြင်း၊ နိုင်ငံခြားတွင် ပညာသင်ကြားခဲ့သော နိုင်ငံသား များကို လစာကောင်းမွန်စွာ ပေးချေပြီး ခန့်အပ်ခြင်းတို့သည် ကောင်းသော အလားအလာ ဖြစ်ခြင်းကြောင့် အနာဂတ်အတွက် ၀မ်းမြောက်ဖွယ်ရြာ ဖစ်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံတကာ အတွေးအမြင်၊ အတွေ့အကြုံတွေက တန်ဖိုးရှိပါတယ်။ လက် ရှိနိုင်ငံရဲ့ စီးပွားရေး မူဝါဒ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ နိုင်ငံရဲ့ သဘောသဘာဝ၊ လူတန်းစား၊ အလေ့အကျင့်၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု စသဖြင့် အခြေခံ အချက်အလက်တွေအပေါ် မူတည်ပြီး ဥပဒေတို့၊ စည်းမျဉ်း တို့ကို ပြဋ္ဌာန်းထားကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း၊ ငွေရေးကြေးရေး အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာတွေ အားလုံးကို လေးစားစွာနဲ့ တိတိကျကျ လိုက်နာကြရမှာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေ အနေနဲ့လည်း အခြေအနေတွေ မူတည်ပြီးတော့ လိုအပ် ရင် ပြင်ဆင်တာ၊ ဖြည့်စွက်တာတွေ ဆောင်ရွက်လေ့ ရှိပါတယ်။ အထူးသြ ဖင့် ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ ဥပဒေဟာ နိုင်ငံအတွက် အရေးကြီးသ လို အဲဒီ ဥပဒေအပေါ် အဓိက လိုက်နာရမယ့် ဘဏ်တွေကလည်း အထူး အရေးကြီးပါတယ်။ နေရာတကာ နိုင်ငံတကာ စံနှုန်းတွေနဲ့ နှိုင်းယှဉ်ပြီး လုပ် လို့ မရနိုင်သလို နိုင်ငံခြားသား အကြံပေးတာချည်း အမှန်ယူဆလက်ခံပြီး ဗဟိုဘဏ်ကို ဝေဖန်ရှုတ်ချနေပြီး ဆန့်ကျင်ဘက် တွေးခေါ်နေလို့ မရပါဘူး” ဟု ဦးဝင်းသော်က ပြောကြားသည်။

ဗဟိုဘဏ်တွင်လည်း နိုင်ငံတကာ အတွေ့အကြုံရှိ ပြည်ပ ပညာရှင် အကြံေ ပးများကို ဌာနအလိုက် ခန့်အပ်ထားသကဲ့သို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့အစည်း ပေါင်းစုံကလည်း သက်ဆိုင်ရာ ဌာနအလိုက် ကဏ္ဍအ လိုက် စောင့်ကြည့်အကြံပြု ဆွေးနွေးလျက်ရှိကြောင်း၊ ချမှတ်ထားသော ရည် ရွယ်ချက် မပျောက်ရန်အတွက် စည်းကမ်းလိုက်နာမှု၊ ပူးပေါင်းဆောင်ရွက်မှု များ လိုအပ်သကဲ့သို့ တာဝန်ရှိသူများကလည်း ဥပဒေနှင့်အညီ တိကျမှန်ကန် စွာဖြင့် ဘက်မလိုက်ဘဲ စိစစ်ထောက်ပြ သတိပေး အရေးယူမှုများ ပြုလုပ်ရ မည်ဖြစ်ကြောင်းနှင့် ပြုပြင်ပြောင်းလဲရေး ကာလ၊ တည်ငြိမ်မှု တည်ဆောက်ေ နသည့် ကာလ၊ အထွေထွေ ပြဿနာပေါင်းစုံကို ဖြေရှင်းနေရသည့် ကာလ တွင် ငွေရေးကြေးရေးကဏ္ဍ နည်းနည်းလေးမျှ ထိရှမှု မဖြစ်အောင် ချမှတ် ထားသော စီးပွားရေး မူဘောင်များနှင့်အညီ မိမိတာ မိမိလုံခြုံအောင် သတိ ထားပြီး လုပ်ကြရန် လိုအပ်ကြောင်း ၎င်းက အသိပေး တိုက်တွ န်းပြော ကြား သည်။

Credit: Eleven Media Group

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service