နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နယူးဇီလန်ကို အာရုံစိုက်လာကြ
အမေရိကန်၏ ကြီးထွားလာသော နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဥရောပအချက်အချာနေရာ
များရှိ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ
သည် ဆွဲဆောင်မှုရှိသော ၀ယ်ယူခွင့် အခွင့်အရေးများနှင့် ပိုမိုကောင်းမွန်သော ဘ၀အတွက် အခြေချပြောင်းရွှေ့နေထိုင်ရန်တို့အတွက် ကမ္ဘာ့အောက်ခြမ်း အထူးသဖြင့် နယူးဇီလန်ကို အာရုံစိုက်လာကြပြီ ဖြစ်သည်။
နယူးဇီလန်နိုင်ငံသား ၄ ဒသမ ၆၉ သန်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတွင်းသို့ ရွှေ့ပြောင်းအခြေချနေထိုင်လာကြမှုမြင့်တက်လာမှုတို့နှင့် ရင်ဆိုင်နေရသည်။
အားကောင်းသော စီးပွားရေး၊ နိုင်ငံရေးတည်ငြိမ်မှု၊ အလှည့်အပြောင်းများနှင့် အိမ်ခြံမြေလှုပ်ရှားမှုနှင့် အလွန်တရာသဘာဝကျပေါကြွယ်ဝသော လှပမှုတို့က နယူးဇီလန်အား နိုင်ငံခြားဝယ်လက်များအတွက် ကမ္ဘာ့ဆွဲဆောင်အားအကောင်းဆုံး အိမ်ခြံမြေဈေးကွက်များအနက် တစ်ခုအပါအ၀င် ဖြစ်စေလိုက်ခြင်း ဖြစ်သည်။
နယူးဇီလန်အစိုးရသည် ယမန်နှစ်က ယင်းမတိုင်မီနှစ်ကထက် ဈေးနှုန်းခြောက်ဆ မြင့်တက်ခဲ့သော မြေဟက်တာ ၄၆၅,၈၆၃
ဟက်တာအား နိုင်ငံခြားသားများ၏ ၀ယ်ယူမှုကို ခွင့်ပြုပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ နယူးဇီလန်သို့ ယမန်နှစ်က
ပြောင်းရွှေ့အခြေချသူ ၇၀,၅၈၈ ဦး ရှိခဲ့သည်။ ယင်းအနက် အမေရိကန်နိုင်ငံသား ၁,၂၈၆ ဦး ပါဝင်သည်။
နယူးဇီလန်တွင် အိမ်များ ၀ယ်ယူခဲ့ကြသူများအနက် အမေရိကန်၏ နာမည်ကြီးသူဌေးကြီးများလည်း ပါဝင်ခဲ့သည်။ နမူနာဖော်ပြရသော် - PayPal ၏ ပူးတွဲတည်ထောင်သူနှင့် Facebook ၏ ဘုတ်အဖွဲ့ဝင်ဖြစ်သော ပီတာသီယယ်က ၂၀၁၅ ခုနှစ်က ၀ါနာကာမြို့အနီး၊ ရေကန်နံဘေးတည်ရှိသော အိမ်ခြံမြေတစ်ခုကို စင်္ကာပူဒေါ်လာ ၈ ဒသမ ၂ သန်းဖြင့် ၀ယ်ယူခဲ့ကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com