ဂျိုက်ကာက SME ကဏ္ဍအတွက် ကျပ် ၁ ဒသမ ၃ ဘီလျံ ချေးမည် - Property News in Myanmar from iMyanmarHouse.com
1497 Views

ဂျိုက်ကာက SME ကဏ္ဍအတွက် ကျပ် ၁ ဒသမ ၃ ဘီလျံ ချေးမည်

အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) က ယခုဘဏ္ဍာနှစ်အ တွက်ေ ချးငွေကျပ် ၁ ဒသမ ၃ ဘီလျံ ထုတ်ချေးသွားမည်ဟု JICA မှ တာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ယင်းသို့ချေးရာတွင် ပြည်တွင်းဘဏ်များမှတစ်ဆင့် ထုတ်ချေးပေးသွား မည်ြ ဖစ်ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကလည်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိကအသေးစား၊ အ လတ်စား လုပ်ငန်းများအတွက် ကျပ် ၄၁ ဒသမ ၅ ဘီလျံ ချေးငွေပေးခဲ့သည် ဟု ၄င်းက ပြောသည်။

JICA က ယခုဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံအတွင်းရှိ အသေးစား၊ အလတ် စား လုပ်ငန်း များအတွက် ချေးငွေများ ထုတ်ချေးပေးရာတွင် နိုင်ငံတော်ပိုင် ဘဏ်ဖြစ်သည့် မြန်မာ့စီးပွား ရေးဘဏ်မှတစ်ဆင့် ပြည်တွင်းဘဏ်များကို ထုတ်ချေးသွားမည် ဖြစ်သည်။

JICA ၏ SME ချေးငွေအစီအစဉ်အတွင် ပြည်တွင်းရှိ အသေးစား၊ အလတ် စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာဇဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်တို့နှင့် ချိတ်ဆက်ေ ဆာင်ရွက်မှုများလည်း ပါဝင် မည်ဟု ဆိုသည်။

အဆိုပါချေးငွေ အစီအစဉ်တွင် ပါဝင်သည့် ပြည်တွင်းဘဏ်တစ်ခုဖြစ်သော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ JICA SME ချေးငွေ ထုတ်ချေးပေးရန် ယခုအခါ ချေးငွေလျှောက်လွှာများ ခေါ်ယူနေပြီး JICA မှ သတ်မှတ်ထားသော စည်းကမ်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး လုပ်ငန်းလိုင် စင်၊ စည်ပင်လိုင်စင် ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဘဏ်က တရားဝင် ထုတ်ပြန် ထားသည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတော်မူဝါဒအရ အသေးစား၊ အလတ်စားစက်မှု လုပ်ငန်းများကို ဦးစားပေးသွားမည်ဖြစ်ပြီး ဘဏ်၏ချေးငွေမူဝါဒနှင့်အညီ စိစစ်သွားမည့်အပြင် လုပ်ငန်းပမာဏ၊ အာမခံပစ္စည်းနှင့် လုပ်ငန်းတိုးတက်မှု အလားအလာပေါ် မူတည်၍ ချေးငွေပမာဏ ကို သတ်မှတ်သွားမည်ြ ဖစ်ကြောင်း လည်း ပါရှိသည်။

ပြည်တွင်း SME များအတွက် ယခုကဲ့သို့ ဂျိုက်ကာမှ ချေးငွေပေးသည့် အစီ အစဉ်အပြင် ကမ္ဘာ့ဘဏ်၊ UNIDP တို့မှလည်း ချေးငွေပေးမည့် အစီအစဉ်များ ရှိလာနိုင်မည်ဖြစ်ရာ ယင်လုပ်ငန်းများအတွက် ချေးငွေ အထောက်အပံ့ များ စွာဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ချေးငွေထုတ်ပေးရာတွင် တောင်းဆိုသည့် မိမိစီးပွားရေး အစီအစဉ်များ ချပြရန်အတွက် အချို့မှာ ချပြနိုင်သော်လည်း အချို့မှာ ချပြနိုင်ခြင်းမရှိသည့်အတွက် SME လုပ်ငန်းရှင် ဘက်က လိုအပ်ချက် များ ဖြစ်လာနိုင်ရာ ကြိုတင်ပြင်မှုမှုများ ပြုလုပ်ထားသင့်သည်ဟု မြန်မာနိုင်ငံ စွံ့ဦးတီထွင်နှင့် အသေးစား အလတ်စား သင်တန်းကျောင်း စီအီးအို ဦးဇင်ဖြိုး ပိုင် က ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ နယ်ဒေသများတွင် UNIDP က ချေးငွေပေးထား မှုများ ရှိသော်လည်း ချေးငွေကို စီမံခန့်ခွဲမည့်နည်းလမ်းမရှိကြောင်း သိရသည်။

''အသေးစား၊ အလတ်စားတွေကို ချေးငွေနဲ့သွားတဲ့အခါမှာ ပိုက်ဆံချေးပေး လိုက်ရုံနဲ့မရဘူး။ ချေးငွေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုစနစ်ကိုလည်း ဖြစ်နိုင်ရင် တတ်နိုင်သမျှ ထောက်ပံ့ပေးသင့်တယ်။ ဥပမာ ဒီချေးငွေကို ဘယ်ကာလအ တွင်းမှာ ဘယ်လိုစီမံခန့်ခွဲ သင့်တယ်ပေါ့။ ချေးငွေချေးသွားတဲ့ အချိန်ကစပြီး ဘယ်လိုမျိုး စီမံခန့်ခွဲပါ။ ဘယ်အချိန်မှာ ပြန်ဆပ်ပါ။ ဒီချေးငွေကို ဘယ်လို တိုး ပွားအောင် ဘယ်လိုအပိုင်းမျိုးတွေမှာ စီမံခန့်ခွဲပြီးသုံးပါ။ စနစ်တစ်ခုကို ချေ ပးနိုင်မယ်ဆိုရင်တော့ ဒီဘက်က အသေးစား၊ အလတ်စား စီးပွားရေး
လုပ်ငန်းတွေလည်းတိုးတက်သွားမယ်။ ချေးငွေရဲ့အသုံးဝင်မှုဟာလည်း နိုင်ငံမှာအကျိုးရှိလာမယ်''ဟု ဦးဇင်ဖြိုးပိုင်က ပြောသည်။

Credit: Myanmar Time

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service