ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ် ကယ်လီယာနီ ကွန်းဝေး ဝါရှင်တန်ရှိ နေအိမ်သစ်ကို အပျိုများစတည်းချရာနေရာအဖြစ် အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
1388 Views

ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ် ကယ်လီယာနီ ကွန်းဝေး ဝါရှင်တန်ရှိ နေအိမ်သစ်ကို အပျိုများစတည်းချရာနေရာအဖြစ် အသုံးပြုမည်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ထိပ်တန်းအကြံပေးပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သော ကယ်လီယာနီ ကွန်းဝေးသည် ဝါရှင်တန်ဒီစီတွင် ကန်ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် နေအိမ်သစ် ဝယ်ယူလိုက်ရာ ကလေးငယ်များ စာသင်နှစ်မကုန်ဆုံးမီ အပျိုများ စတည်းချ၊ ပါတီပွဲကျင်းပရာနေရာအဖြစ် အသုံးပြုသွားရန် စီစဉ်လျက်ရှိကြောင်း လော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ကယ်လီယာနီသည် ဒေါ်နယ်ထရမ့်ရွေးကောက်ပွဲဝင်စဉ်က မဲဆွယ်မှု မန်နေဂျာနှင့် မဟာဗျူဟာပညာရှင်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ကယ်လီယာနီသည် ယခုအခါ ဝါရှင်တန်ဒီစီ၊ မက်ဆာချူးဆက်ရိပ်သာကုန်းအရပ်ရှိ အဆိုပါနေအိမ်သို့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရန် စီစဉ်လျက် ရှိသည်။

မစ္စကယ်လီယာနီ၏ ကလေးငယ်များမှာ အသက် ၇ နှစ်မှ ၁၂ နှစ်အကြားရှိပြီး ၄ ဦးလုံးမှာ နယူးဂျာစီပြည်နယ်တွင် စာသင်နှစ် မကုန်ဆုံးသေးဘဲ ပညာဆည်းပူးလျက်ရှိကြသည်။

“အရေးအကြီးဆုံးကတော့ ဒီအိမ်ဟာ ကျွန်မကလေးတွေရဲ့ အိမ်ပါ။ ဒီအိမ်ကို ကလေးငယ်တွေ လုံခြုံပျော်ရွှင်စွာစုဝေးနိုင်မယ့် နေရာလေးတစ်ခု ဖြစ်လာအောင် ကျွန်မတို့ စီစဉ်နေပါတယ်” ဟု မစ္စကွန်းဝေးက ဆိုသည်။
ကလေးငယ်များ ရောက်ရှိမလာမီတွင်မူ ဝါရှင်တန်ရှိ အီလစ်များစုဝေးသည့်နေရာအဖြစ် အသုံးပြုသွားရန်လည်း မစ္စကွန်းဝေးက စီစဉ်နေသည်။

ကွန်းဝေးနှင့် ခင်ပွန်းဖြစ်သူ ဂျော့ခ်ျ ကွန်းဝေးတို့သည် စတုရန်းပေ ၁၁၅၀၀ နီးပါးကျယ်ဝန်းသော ယခုနေအိမ်ကို ကန်ဒေါ်လာ ၇ ဒသမ ၇၈၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဂျော့ခ်ျကွန်းဝေးသည် တရားရေးဝန်ကြီးဌာနတွင် ခန့်အပ်ခံရဖွယ်အလားအလာရှိနေသူလည်း ဖြစ်သည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အိပ်ခန်း ၁၃ ခန်း၊ ရေကန်တစ်ခုတို့အပြင် ဓာတ်လှေကားတစ်ခုပင် ပါဝင်လျက်ရှိသည်။
ဝန်ထမ်းနေအိမ်ခန်းများလည်းရှိပြီး အပိုအိပ်ခန်း ၃ ခန်းပါဝင်သည့်အပြင် ဝိုင်သိုလှောင်ခန်းတစ်ခုလည်း ပါဝင်သည်။

ကန်ဒေါ်လာ ၇ သန်းကျော်သုံးစွဲဝယ်ယူခဲ့ခြင်းဖြစ်သည့်တိုင် အနီးဝန်းကျင်တွင် မိမိမှာ အဆင်းရဲဆုံးဖြစ်ကြောင်း မစ္စကွန်းဝေးက အရွှန်းဖောက်ပြောကြားသည်။

အနီးတွင် ဘီလျံနာတစ်ဦးဖြစ်သည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝီလ်ဘာ ရော့စ်က မကြာသေးမီကပင် ကန်ဒေါ်လာ ၁၂ သန်းဖြင့်
ဘိုးအာ့ထ်ဗိသုကာဖြင့် ဆောက်လုပ်ထားသည့် နေအိမ်ကြီးတစ်လုံးကို ဝယ်ယူထားသည်။

ကျောက်ခဲတစ်ပစ်စာအကွာအဝေးတွင် ဘဏ်လုပ်ငန်းရှင်၊ ဘဏ္ဍာရေးဝန်ကြီး စတီဗင် မနုချင်နှင့် သတို့သမီးလောင်း လူဝီစီ လင်တန်တို့ နေထိုင်ကြသည်။
ထို့အပြင် သမ္မတဟောင်း ဘီလ်ကလင်တန်၏ အကြံပေးပုဂ္ဂိုလ်ဖြစ်ခဲ့သူ
ဗာနွန် ဂျော်ဒန်၏ နေအိမ်မှာလည်း လမ်းအတွင်းတွင်ပင် တည်ရှိသည်။
နိုင်ငံခြားသံရုံးများဖြစ်သော အီတလီ၊ ဘရာဇီး၊ ဒိန်းမတ်နှင့် သီရိလင်္ကာသံရုံးများလည်း နေအိမ်အနီးတွင် တည်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ် ကယ်လီယာနီ ကွန်းဝေး ဝါရှင်တန်ရှိ နေအိမ်သစ်ကို အပျိုများစတည်းချရာနေရာအဖြစ် အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com
ဒေါ်နယ်ထရမ့်၏ အကြံပေးပုဂ္ဂိုလ် ကယ်လီယာနီ ကွန်းဝေး ဝါရှင်တန်ရှိ နေအိမ်သစ်ကို အပျိုများစတည်းချရာနေရာအဖြစ် အသုံးပြုမည် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 05 Jul To 06 Jul

Mingalar Market

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service