သမ၀ါယမအသင်းသားများ၏ လယ်မြေဧကပေါင်း နှစ်သောင်းရှစ်ထောင်ကို ချေးငွေထုတ်ပေးမည် - Property News in Myanmar from iMyanmarHouse.com
1322 Views

သမ၀ါယမအသင်းသားများ၏ လယ်မြေဧကပေါင်း နှစ်သောင်းရှစ်ထောင်ကို ချေးငွေထုတ်ပေးမည်

သမ၀ါယမဦးစီးဌာနသည် ယခုဘဏ္ဍာနှစ်အတွင်း လယ်ယာ မြေ အဆင့်မြှင့် တင်လိုသည့် သမ ၀ါယမအသင်းသားများ၏ လယ် မြေဧကပေါင်း ၂၈,၀၀၀ ကို ချေးငွေထုတ်ပေးမည်ဟု သမ၀ါယမဦးစီးဌာန၏ ပြောရေး ဆိုခွင့်ရှိ သူ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။

သမ၀ါယမ ဦးစီးဌာနက လယ်ယာမြေအဆင့်မြှင့်တင်လို သည့် အသင်း သား များ ချေးငွေ လျှောက်ထားနိုင်ကြောင်း နိုင်ငံ ပိုင်သတင်းစာတွင် ကြော်ငြာခဲ့ ပြီး နောက် အသင်းသားများက ၎င်းတို့၏ လယ်မြေများအတွက် ချေးငွေေ တာင်းခံခြင်း ဖြစ်သည်။

လယ်ယာမြေ အဆင့်မြှင့် တင်မှုအတွက် ချေးငွေအမျိုးအ စားကို ပထမတန်း စားအတွက် ချေးငွေပမာဏကျပ် ၆ သိန်းမှ ၁၂ သိန်းထိကို ချေးငွေ ကာလ သုံး နှစ်မှ ငါးနှစ်အထိ သတ်မှတ်ထား ပြီး ဒုတိယတန်းစားအတွက် ကျပ် ၂ သိန်းနှင့် တတိယတန်းစားအ တွက် ကျပ် ၃ သိန်းဖြင့် ချေးငွေ ကာလ သုံးနှစ်ြ ဖစ်သည်။ လက်ရှိချေးငွေ လျှောက်ထားမှုသည် ဒုတိယတန်းစားနှင့် တတိယ တန်းစား အမျိုးအစားသာ များပြားသည်ဟု သမ၀ါယမဦးစီးဌာနမှ သိရသည်။

သမ၀ါယမဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ‘‘အခု လျှောက် ထားတဲ့ ဧကအားလုံးကိုချေးမှာ။ သူတို့လယ်မြေ အဆင့်မြှင့်ြ ပုပြင် မယ်ဆိုတာ သေချာမှုရှိ၊ မရှိ စစ် ဆေးပြီးတာနဲ့ ချေးမှာ။ အခုက တော့ မချေးရသေးဘူး။ သူတို့ လည်း လျှောက်လွှာတင်ထားတာ ပဲ ရှိသေးတယ်။ လယ်မြေအဆင့် မြှင့်တင်ဖို့လုပ်ငန်း သူတို့လည်း မစရသေးဘူး။ သူတို့ စပြီိဆို တာ နဲ့ ပေးမှာ။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း အားလုံးကိုချေးငွေပေး မှာ ပါ’’ဟု ပြောသည်။

လယ်ဧက ၂၈,၀၀၀ အ တွက် ချေးငွေထုတ်ချေးရမည့် ငွေ ပမာဏသည် ကျပ် ၉ ဘီလီယံခန့် ရှိပြီး ချေးငွေများအပေါ် တစ်ကျပ် ခွဲအတိုးနှုန်းယူ ကာြေ ခာက်လတစ် ကြိမ် အရင်းငွေဆပ်ရမည်ဖြစ်ပြီး အတိုးငွေကို ကျန်ငွေအပေါ် တွင် တွက်ချက်ကောက်ယူခြင်း ဖြစ် သည်။ အဆိုပါ လယ်ယာမြေ အ ဆင့်ြ မှင့်တင်မှုအတွက် ထုတ်ချေး ငွေကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ် က စတင်ခဲ့ပြီး လယ်မြေဧက သုံး သောင်းငါးထောင်ကျော်အတွက် မြန်မာငွေကျပ် ၁၁ ဘီလီ ယံကျော် ထုတ်ချေးပေးခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ သမ၀ါယမအသင်းဖွဲ့ပေါင်း လေး သော င်းခြောက် ရာကျော်ရှိပြီး အ သင်းသားအိမ်ထောင်စုပေါင်း ၄ ဒသမ ၂ သန်းရှိ၍ အိမ်ေ ထာင် စုတစ်စုလျှင် လူဦးရေ လေးဦးနှုန်းဖြင့်တွက်ပါက မြန်မာနိုင်ငံ လူဦးရေ ၏ ၁၆ သန်းကျော်သည် သမ၀ါယမအသင်းနှင့် ဆက်နွှယ်နေသည်။ သမ၀ါ ယမ အသင်း တစ်သင်းလျှင် အနည်းဆုံးလူငါးဦးရှိသည်။

သမ၀ါယမ အသင်းများကို နေပြည်တော်ကောင်စီ အပါအ၀င် တိုင်းဒေသ ကြီး ပြည်နယ် ၁၅ ခုရှိ မြို့နယ် ၃၀၇ ၌ ဖွဲ့စည်းထားသည်။

Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service