အစိုးရ ၏ ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ လူထုကို ချပြရန် လွှတ်တော်တွင် တောင်းဆို - Property News in Myanmar from iMyanmarHouse.com
1183 Views

အစိုးရ ၏ ဆောက်လုပ်ရေးလုပ်ငန်းစဉ်များ လူထုကို ချပြရန် လွှတ်တော်တွင် တောင်းဆို

အစိုးရ ၏ လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ စသည့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းစဉ် အားလုံးကို ပြည်သူလူထုအား ချ ပြရန် အစီအ စဉ်ရှိ၊ မရှိ ပဲခူးတိုင်းဒေသကြီး အမှတ် ၈ မဲဆန္ဒနယ် မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်က ယနေ့ လွှတ်တော် အစည်းအဝေး တွင် မေးမြန်းခဲ့သည်။

ယခင်ကာလများက မြို့နယ် အလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တည်ေ ဆာက်ရာတွင် ဒေသခံအနေဖြင့် သိရှိခြင်း မရှိပဲ သက်ဆိုင်ရာ ဒေသ တာ ဝန်ရှိသူများသာ အရည်အသွေး စစ်ဆေးခြင်း အပါအဝင် လုပ်ငန်းစဉ် အား လုံး ဆောင်ရွက်ခဲ့ကြသဖြင့် လျာထားပေးသည့် ဘဏ္ဍာငွေနှင့် ထိုက်တန် သည့် လုပ်ငန်းများ စံ ကိုက်၊ မကိုက် ဆိုသည်မှာ မေးမြန်း စရာ ဖြစ်နေေ ကြာင်း သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်က “တိုင်းပြည် ရဲ့ဘဏ္ဍာငွေ အလေအလွင့်၊ အဖိတ်အစင် နည်းပါးသထက် နည်းပါးေ အာင် ဆောင်ရွက်နေချိန် ဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်လို့ ခွင့်ပြုပေးထားရတဲ့ ဘတ်ဂျက်နဲ့ ထိုက်တန်တဲ့ လုပ်ငန်းများ ဖြစ်ရန် အထူး အရေးကြီးပါတယ်” ဟု ပြောဆိုသည်။

လူထု နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လုပ်ငန်း ဆိုင်ရာ အချက်အလက်များကို သိရှိလို၍ မေးမြန်းေ တာင်းခံလာပါကေ ဆာက်လုပ်ရေးဝန်ကြီးဌာန က ရှင်းလင်းဖြေကြားပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဖြေကြားခဲ့သည်။

ဒုတိယဝန်ကြီး ဦးကျော်လင်းက “ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ တိုင်းဒေ သကြီးနှင့်ပြည်နယ် အလိုက် တင်ဒါ စိစစ်ရေး ကော်မတီများနှင့်အတူ လုပ် ငန်ကြီးကြပ် စစ်ဆေးသည့် ကော်မတီများဖြင့် ကြီးကြပ်ဆောင်ရွက် သွားရ န်နှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ကြားကာ လုပ် ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသွားရန် ညွှန်ကြားထား ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် နိင်ငံတော် ဘဏ္ဍာရေးဖြင့် ဆောင် ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးပစ္စည်းများကို တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ခန့်မှန်းခြေ စာရင်းများကို လည်း တည်ဆောက်ရေးကော်မတီ သို့ တင်ပြ၍ အတည်ပြုချက် ရယူပြီးမှ ဆောင် ရွက်ကြောင်း၊ လုပ်ငန်းခွင်တွင်လည်း လုပ်ငန်းအမည်၊ အတိုင်းအတာ၊ ခွင့်ပြု ရန်ပုံငွေ၊ ပုံစံ၊ ဌာန၊ ဆောင်ရွက်မည့် အဖွဲ့၊ ကုမ္ပဏီ စသည့် အမျိုးအမည် တို့ကို ဆိုင်းဘုတ်စိုက်ထူ ဆောင်ရွက်စေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိက ကဏ္ဍ မှ တည်ဆောက်သည့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများက စိစစ်ခြင်း ဖြစ်ပြီး အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက် အနည်းငယ်ကွဲလွဲနိုင်ကြောင်း ဒုဝန်ကြီး ဦးကျော်လင်းက ရှင်းပြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် အိမ်နီးချင်းနိုင်ငံများကဲ့ သို့ တနိုင်ငံလုံး ရှိ အခြေခံအဆောက်အအုံများ၏ အရည်အသွေး သတ်မှတ်ချက် တူညီနိုင်ရန် အတွက် ဆောက်လုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းေ ဆာင်ရွက်သွားရန် ဥပဒေရေးဆွဲနေသည်။

ဦးကျော်လင်းက “ဒီဥပဒေကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြု ပြီး သွားရင် ကျနော်တို့ board အဖွဲ့ ထူထောင်ရပါမယ် ။ အဲဒါ ထူထောင်ပြီး သွားရင်တော့ တနိုင်ငံလုံး မှာ စံချိန် စံညွှန်းက တပြေးညီ ဖြစ်လာပါလိမ့်မယ် ။” ဟု ပြောသည်။

မေးခွန်း မေးမြန်းသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့် ချစ် က တည်ဆောက်မှုလုပ်ငန်းစဉ်များတွင် ဌာနဆိုင်ရာ ပညာရှင်များက ဒေ သခံ ပြည်သူလူထုနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော ကြပ်မတ်ေ စာင့်ကြည့်ရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှင် အရည်အသွေးမှီ စံချိန် စံညွှန်းမှီ အဆောက်အအုံများ ရရှိနိုင်မည်ဖြစ်ကြောင်း အကြံပြုပြောဆိုခဲ့သည်။

၂၀၁၇ ဧပြီလ ၅ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ကျေးလက် လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ညွှန် ကြား ခဲ့သဖြင့် တနိုင်ငံလုံးရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်း အားလုံး ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မှ တာဝန်ယူ ဆောင်ရွက်ရန်လည်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန သို့ တင်ပြထား ကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service