ရွှေအခွန်တံဆိပ်ခေါင်းဝယ်ယူရာတွင် အခက်အခဲရှိနေ - Property News in Myanmar from iMyanmarHouse.com
1727 Views

ရွှေအခွန်တံဆိပ်ခေါင်းဝယ်ယူရာတွင် အခက်အခဲရှိနေ

ရွှေထည်ပစ္စည်းများရောင်းဝယ်ရာ၌ အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ရန်အ တွက် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အခွန်တံဆိပ်ခေါင်း ဝယ်ယူရာတွင် ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ဖြန့်ဝေရောင်းချသည့် ရွှေအခွန် တံဆိပ်ေ ခါင်း ဝယ်ယူရန်အတွက် ရွှေဆိုင်ပိုင်ရှင်များက ဝယ်ယူမည့် အရေအတွက် အ တိုင်း ကျသင့်တန်ဖိုးငွေကို ရှေးဦးစွာ ဘဏ်များတွင် ငွေသွင်းချလန် ပေးသွင်း ရမည်ဖြစ်ပြီး၊ ရရှိလာသည့်ချလန်ဖြင့် အခွန်ရုံး၌ တံဆိပ်ခေါင်း ပြန်လည် ထုတ်ယူနေရကြောင်း ရွှေလုပ်ငန်းရှင်တချို့က ပြောသည်။

ရန်ကုန်မြို့လယ်တွင် ရွှေဆိုင်ဖွင့်လှစ်ရောင်းချနေသည့် တိတ်စိန် ရွှေဆိုင်ပိုင် ရှင် ဦးဇော်အောင်က “ အခု တံဆိပ်ခေါင်းတွေကို အခွန်ရုံးက ရောင်းချပေး တယ်။ ဖြန့်ဝေတဲ့စနစ်က သိပ်မကောင်းဘူး။ တံဆိပ်ခေါင်းဝယ်ဖို့ အခွန်ရုံးကို စာရင်းပေးတော့ ချလန်ထုတ်ပေးတယ်။ ဘဏ်ကိုသွား ချလန်ပြငွေသွင်းပြီး၊ အဲဒီချလန်နဲ့ အခွန်ရုံးတခေါက်ပြန်လာ တံဆိပ်ခေါင်း ထုတ်ယူရတော့ အဆင် မပြေဘူး။ one stop service ရမယ်ဆိုရင် ပိုအဆင်ပြေမယ်’’ ဟု ပြောသည်။

ထို့အပြင် ရွှေဆိုင်ပိုင်ရှင်များက ဝယ်ယူလိုသည့် ပမာဏအတိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက တပြိုင်တည်း မရောင်းပေးချနိုင်သည့်အတွက် ထပ်ခါ ထပ်ခါ သွားရောက်ဝယ်ယူနေရကြောင်းနှင့် ထိုအခြေအနေများကြောင့် မိမိ တို့ဆိုင်များတွင် ရွှေလာရောက် ဝယ်ယူသူများကိုလည်း အခွန်တံဆိပ် ကပ်နှံေ ပးနိုင်ခြင်း မရှိကြောင်း ၎င်းတို့က ဆက်ပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် ဦးထုံ ရွှေဆိုင်ပိုင် ရှင် ဦးကျော်ဝင်းက “ အခုက အစဖြစ်တဲ့အတွက် အဆင်မပြေကြဘူး။ တံ ဆိပ်ခေါင်း တခါဝယ်ရင် ကျပ် ၈ သိန်းဖိုးကနေ ကျပ် ၁၀ သိန်းဖိုးအထိ ဝယ် တာကို တကြိမ်တည်း လိုသလောက်မရဘူး။ အခေါက်ခေါက်အခါခါ ပြေး ဝယ်ရတယ်။ complain လည်း တက်လို့မရဘူး။

နောက်ပိုင်းမှာ ဘဏ်မှာချလန်မယူရဘဲ အခွန်ရုံးကနေပဲ ဝယ်လို့ရရင် ပိုေ ကာင်းမယ်’’ ဟု ပြောသည်။

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရွှေအခွန်တံဆိပ်ခေါင်းများ စတင်ဖြန့်ဝေေ ပးနေပြီး အခြား တိုင်းနှင့် ပြည်နယ်များရှိ အခွန်ရုံးများသို့လည်း ဇူလိုင်လ ၁ ရက်မှ စတင်ဖြန့်ဝေ ပေးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန က ပြောသည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု အကောက်ခွန် ဥပဒေအရ ဧပြီလ ၁ ရက်မှ စ တင်ပြီး ရွှေထည်အခွန် ၁ ရာခိုင်နူန်း ကောက်ခံသွားမည်ဟု ယခုနှစ် ဖေဖော် ဝါရီလ ၂၄ ရက်က ပြည်ထောင်စုလွတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ် သည်။ ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူသူများသည် ဧပြီလ ၁ ရက် စတင် ပြီး အခွန် ၁ ရာခိုင်နူန်းကို တံဆိပ်ခေါင်းကပ် ပေးဆောင်ရမည် ဖြစ်သော် လည်း ပြည်တွင်းအခွန်များ ဦးစီးဌာနက တံဆိပ်ခေါင်း ပြင်ဆင်နေသည့်အ တွက် ယခုဇွန်လ ၁ ရက်မှသာ အခွန်စတင်ပေးဆောင် ဝယ်ယူရခြင်း ဖြစ် သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန် အမှတ်တံဆိပ် Commercial Tax Stamp Lael ကျပ် ၁၀၀ မှ ကျပ် ၁၀၀၀၀ တန် တံဆိပ်ေ ခါင်းများ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ရွှေဆိုင် များအား ဖြန့်ဖြူးရောင်းချပေးေ နကြောင်း အဆိုပါဌာနက ပြောသည်။

ယခုလပိုင်းအတွင်း ရွှေဈေးကွက်၌ ဝယ်လိုအား နည်းနေကြောင်းနှင့် အ ကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၉၁၀,၅၀၀ နှင့် ကမ္ဘာ့ရွှေတေ အာင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၆၆ ဒေါ်လာဖြင့် ရောင်း ဝယ်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရသည်။

Credit: Irrawaddy

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service