ရန်ကုန်မြို့မှာ အိမ်အငှားလိုင်စင် လုပ်ပေးတာ မရှိဘူးဟုဆို - Property News in Myanmar from iMyanmarHouse.com
2081 Views

ရန်ကုန်မြို့မှာ အိမ်အငှားလိုင်စင် လုပ်ပေးတာ မရှိဘူးဟုဆို

ရန်ကုန်မြို့မှာ အိမ်ငှားရမ်းသူတွေ အငှားလိုင်စင် ပြုလုပ်ရမယ်ဆိုတဲ့ သတင်း က အိမ်ငှားနေသူတွေအတွက် ထိတ်လန့်ဖွယ်သတင်းတစ်ခုဖြစ်ပါတယ် ။ အိမ်ရှင်တွေ အိမ်ငှားလိုင်စင်ပြုလုပ်ရင် အငှားနေထိုင်သူတွေအတွက် အိမ်ငှား စရိတ်ပိုပြီး မြင့်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အိမ်ငှားေ နထိုင်သူတွေဆီက သိရပါတယ် ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၊ စီမံရေးဌာနက ဒုတိယဌာန မှူး ဦးညီညီဦးက ‘အိမ်ငှားလိုင်စင်က မန္တလေးမှာ သူတို့ဘာသာသုတို့လုပ်တာ ၊ ကျွန်တော်တို့နဲ့အဆိုင်ဘူး ၊ တို့စည်ပင်ဥပဒေမှာ အိမ်ငှားလိုင်စင်ဆိုတာ မရှိ ဘူး ၊ အိမ်ငှားတဲ့ သူတွေကိုလဲ ငှားလိုက်တယ်ဆိုရင် ရာပြတ်ဌာနဆိုတာ ရှိ တယ် ၊ ရာပြတ်ဌာနကနေ ပစ္စည်းခွန်က တက်သွားရင် တက်သွားတဲ့ အပေါ် မှာ အခွန်ကောက်တာပဲရှိတယ် ၊ သီးခြားအိမ်ငှားလိုင်စင်လုပ်ပေးတာ မရှိပါ ဘူး’ လို့ ပြောပါတယ် ။

၂၀၁၇ မတ်လက မန္တလေးစည်ပင်သာယာရေးနယ်နိမိတ်အတွင်း အငှားချ ထားတဲ့ လူနေအိမ် ၊ ဘော်ဒါဆောင်နဲ့ တခြားအဆောက်အအုံတွေအတွက် အိမ်ငှားလုပ်ကိုင်သူအားလုံး အငှားလိုင်စင် လျှောက်ရမယ်လို့ ထုတ်ပြန်ခဲ့ တယ် ။

အဲသည်ထုတ်ပြန်ချက်မှာ အိမ်ငှားလိုင်စင်လျှောက်ရမယ်လို့ ထုတ်ပြန်ခဲ့တယ် ။ အဲသည်ထုတ်ပြန်ချက်မှာ အိမ်ငှားလိုက်စင် လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတဲ့သူတွေကို မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၇၆ နဲ့ အဆောက်အအုံဆိုင်ရာ နည်းဥပဒေ (၃) တို့အရ စစ်ဆေးတွေ့ရှိရင် တည် ဆဲဥပဒေ ၊ နည်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်တယ်လို့ လည်း ဖော်ြ ပထားပါတယ် ။ ဒါကြောင့် အဲသည်ထုတ်ပြန်ချက်အသက်ဝင်လာတဲ့ အချိန်က စပြီး အိမ်ငှားဈေးတွေလည်း မြင့်တက်လာခဲ့ပါတယ် ။

အရင်တစ်လကို ကျပ် ၁၅၀,၀၀၀ လောက် ငှားရမ်းတဲ့ အခန်းတစ်ခန်းကို လက်ရှိမှာဆိုရင် ကျပ် ၂၀၀,၀၀၀ ကနေ ၂၅၀,၀၀၀ လောက်ရှိနေပြီး ကျပ် ၈၀,၀၀၀ လောက်ရှိတဲ့ တိုက်ခန်းတွေဆိုရင်လည်း ကျပ် ၁၃၀,၀၀၀ ကနေ ၁၆၀,၀၀၀ အထိ မြင့်လာခဲ့ပါတယ် ။

ဒါပေမဲ့ ရန်ကုန်မြို့မှာ အဲသည်သတင်းပေါ်ပေါက်နေပေမဲ့ သက်ဆိုင်ရာ ဌာန က အတည်ပြုခြင်းမရှိသေးဘူးလို့ သိရပါတယ် ။

ရန်ကုန်မြို့မှာ သီးခြားအိမ်ဌားလိုင်စင်ထုတ်ပေးတာမျိုးမရှိသလို လိုင်စင်ရှိ မှ သာ အိမ်ငှားရမည်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက်မရှိပါဘူးလို့ ဦးညီညီဦး က ပြော ပါတယ် ။

အိမ်ငှားနေထိုင်သူတစ်ဦးက ‘ရန်ကုန်မြို့မှာဆိုရင် အိုးပိုင် အိမ်ပိုင်နဲပ နေထိုင် ဖို့ စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး ဓနိမိုး ၊ ထရံကာ ၊ ပျဉ်ထောင် ၊ သွပ်မိုးနဲ့ ကျောတစ်ခင်းစာနေထိုင်ဖို့ပင် မနည်းရုံးကန်နေကြရပါတယ်’ လို့ ဆိုပါတယ် ။

အိမ်ငှားနေထိုင်သူတွေဟာ အိမ်ငှားရမ်းခဈေးကြီးတာရယ် ၊ အိမ်ငှားခ ကို ခြောက်လစာ ၊ တစ်နှစ်စာ အပြတ်တင်ကြရသလို စပေါ်ဆိုလည်း ကျပ် ၁၀ သိန်းကနေ သိန်း ၃၀ အထိ တင်ရတာတွေကြောင့် အိမ်ငှားနေထိုင် သူ အဖြစ်ကနေ ကျူးကျော်အဖြစ်ပြောင်းလဲသွားကြပါတယ် ။ ပြီးတော့ အိမ်ငှားေ ဈးတွေက တစ်နှစ်ထက် တစ်နှစ် တိုးတက်လာပြီးတော့ အိမ်ပိုင်ဝယ်နိုင် တာမျိုးမရှိဘဲ အငှားဘဝထဲမှာသာ ကျင်လည်နေပါတော့တယ် ။

ဒါ့အပြင် အိမ်ငှားနေထိုင်သူတွေအနေနဲ့ ခြောက်လစာချုပ်နဲ့ ငှားနေရပေ မဲ့ ခြောက်လပြည့်ရင် အိမ်ရှင်တွေက လစာတိုးတောင်းတာတွေလည်း ကြုံေ တွ့ကြရပြန်တယ် ။

ဒါကြောင့် အဲသည်လို ကျယ်ပြန့်လာတဲ့ အိမ်ငှားဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ လက်ရှိအစိုးရအနေနဲ့ ဗန္ဓုလအငှားအိမ်ရာလို အိမ်ငှားတွေအတွက် အိမ်ရာ များ စွာ ဖော်ဆောင်ပေးစေလိုကြောင်း အိမ်ငှားနေထိုင်သူတွေဆီက သိရပါတယ် ။

Credit: The Kumudra

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service