ရှန်ဟိုင်းအိမ်သစ်ရောင်းအား ဆက်လက်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
710 Views

ရှန်ဟိုင်းအိမ်သစ်ရောင်းအား ဆက်လက်ကျဆင်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေစည်းမျဉ်းထပ်မံတင်းကျပ်မည့် ကောလာဟလများဆက်လက်ထွက်ရှိခဲ့သဖြင့် အိမ်သစ်ဝယ်ယူမှုများသည် ဒုတိယမြောက်ဆက်တိုက်သီတင်းပတ်အဖြစ် ပြီးခဲ့သည့်သီတင်းပတ်တွင် ဆက်လက်ကျဆင်းခဲ့သည်။

အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ ဇွန် ၁၁ တွင် ကုန်ဆုံးခဲ့သောပြီးခဲ့သည့်သီတင်းပတ်အတွင်း ရောင်းချရသည့် အိမ်သစ်ဧရိယာသည် ၁၂၆၀၀၀စတုရန်းမီတာသာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့
ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property
Consultants Co က ယမန်နေ့ (ဇွန် ၁၂) တွင် ထုတ်ပြန်ခဲ့သည်။

ရောင်းချခဲ့ရသည့် အိမ်သစ်ဈေးနှုန်းမှာမူ ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၄၈,၂၆၅ ယွမ်(အမေရိကန်ဒေါ်လာ ၇,၀၈၃) ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်ထက် ၁၄ ဒသမ ၁ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

မြို့စွန်နယ်မြေများဖြစ်သော ချင်ပူနှင့် ကျားသင်းခရိုင်တို့တွင် စတုရန်းမီတာ ၂ သောင်းနှင့်၁ သောင်း ၉ ထောင်စီ ရောင်းချခဲ့ရပြီး အရောင်းရဆုံးခရိုင်များဖြစ်ခဲ့သည်။

"အရောင်းရဆုံးအိမ်ရာစီမံကိန်းမှာတောင် အခန်း ၁၀၀ ပြည့်အောင် မရောင်းခဲ့ရပါဘူး။
ဒါက ဈေးကွက်ဝယ်လိုအားအဟုန်အရမ်းကျနေတယ်ဆိုတာရဲ့ သက်သေပါပဲ" ဟုCentaline ၏ သုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ရောင်းလိုအားတွင်လည်း စီမံကိန်းငါးခု (စုစုပေါင်းဧရိယာအားဖြင့် စတုရန်းမီတာ ၁၅၅,၀၀၀) ရှိခဲ့ပြီး ပြီးခဲ့သည့်သီတင်းပတ်ကထက် ၂၄၉ ဒသမ ၃
ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service