ကမ္ဘာ့ဈေးအကြီးဆုံးမြို့ကြီး ၂၀ စာရင်းမှ စင်္ကာပူ လျှောကျ - Property News in Myanmar from iMyanmarHouse.com
2345 Views

ကမ္ဘာ့ဈေးအကြီးဆုံးမြို့ကြီး ၂၀ စာရင်းမှ စင်္ကာပူ လျှောကျ

စင်္ကာပူသည် ကမ္ဘာ့ဈေးအကြီးဆုံးမြို့ကြီး ၂၀ စာရင်းတွင် မပါဝင်တော့ပြီဖြစ်သည်။
ECA International မှ ထုတ်ပြန်ခဲ့သော ယမန်နှစ်၏ နေထိုင်မှုကုန်ကျစရိတ်အကြီးဆုံး
မြို့ကြီးများစာရင်းတွင် စင်္ကာပူက နံပါတ် ၁၈ နေရာ၌ ရှိခဲ့ရာမှ ယခုနှစ်စာရင်းတွင် ၂၄ နေရာသို့ ကျဆင်းခဲ့သည်။

ယခုနှစ်စာရင်း၏ ထိပ်ဆုံးတွင် အန်ဂိုလာနိုင်ငံ၏မြို့တော် လူအန်ဒါမြို့က ရပ်တည်ခဲ့ပြီး ၎င်းနောက်တွင် ဟောင်ကောင်၊ ဇူးရစ်ခ်ျ၊ ဂျီနီဗာနှင့် ဘာဆယ်တို့က အစဉ်လိုက်ရပ်တည်ခဲ့သည်။

သို့သော်လည်း စင်္ကာပူသည် အာရှပစိဖိတ်ဒေသတွင်း၌မူ ဈေးအကြီးဆုံးမြို့ကြီး ၁၀ မြို့တွင် ပါဝင်နေဆဲဖြစ်သည်။ ထို ၁၀ မြို့တွင် ဟောင်ကောင်(တရုတ်)ကဈေးအကြီးဆုံးမြို့ကြီး ဖြစ်ဆဲဖြစ်ကာ တိုကျို(ဂျပန်) က ဒုတိယဈေးအကြီးဆုံး၊ ဆိုးလ်(တောင်ကိုရီးယား) က တတိယဈေးအကြီးဆုံးနှင့် ၎င်းနောက် ရှန်ဟိုင်း(တရုတ်)နှင့် ယိုကိုဟားမား(ဂျပန်)၊ နာဂိုယာ(ဂျပန်)၊ အိုဆာကာ(ဂျပန်)၊ ပေကျင်း(တရုတ်)၊ ဘူဆန်(တောင်ကိုရီးယား)နှင့် စင်္ကာပူတို့က အစဉ်လိုက်ဖော်ပြခံခဲ့ကြရသည်။

ယမန်နှစ်က အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် စင်္ကာပူဒေါ်လာဈေး အားပျော့ခဲ့ခြင်းကြောင့် ကမ္ဘာ့ဈေးအကြီးဆုံးမြို့ကြီး ၂၀ စာရင်းတွင် စင်္ကာပူ မပါဝင်တော့ဘဲ အဆင့်ကျခဲ့ခြင်းဖြစ်ကြောင်း အာရှဒေသဆိုင်ရာ ECA ဒါရိုက်တာ လီကွမ်က ပြောကြားခဲ့သည်။

ECA International သည် ကမ္ဘာ့မြို့ကြီး ၄၆၀ ကို ၎င်းတို့၏ အခြေခံစားဝတ်နေရေးစရိတ်များကို ဆန်းစစ်လေ့လာကာ ထိုစာရင်းကို နှစ်စဉ်ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service