မြို့သစ်ဧရိယာအတွင်း အရောင်း၊ အငှား ခေါ်ဈေး မြင့်မားနေ - Property News in Myanmar from iMyanmarHouse.com
968 Views

မြို့သစ်ဧရိယာအတွင်း အရောင်း၊ အငှား ခေါ်ဈေး မြင့်မားနေ

အိမ်ခြံမြေဈေးကွက်တစ်ခုလုံးကို ခြုံငုံကြည့်ရင် လတ်တလောမှာ အရောင်းအဝယ်ဖြစ်တာ
နည်းပါးသေးတယ်လို့ဆိုနိုင်ပေမဲ့ မြို့သစ်ဧရိယာအတွင်းမှာတော့ အရောင်းအဝယ်ဈေးကွက်ရော၊ အငှားဈေးကွက်မှာပါ ခေါ်ဈေးတွေက မြင့်မားနေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

မန္တလေးမြို့အတွင်း ဧရိယာတချို့မှာအိမ်ခြံမြေဈေးနှုန်း ပြောင်းလဲကျဆင်းတာတွေရှိနေပေမဲ့
ဈေးကွက်တောင်းဆိုမှုကောင်းတဲ့ နေရာတွေကတော့ သိသာတဲ့အပြောင်းအလဲမျိုး မတွေ့ရ
သေးပါဘူး။ အထူးသဖြင့် မြို့သစ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်ကြီးတွေ၊ မြရည်နန္ဒာ၊ သင်ပန်းကုန်း၊ ထန်းကိုးပင်၊ မဟာမြိုင်စတဲ့ ရပ်ကွက်ကြီးတွေဟာဈေးကွက်မှာ စိတ်ဝင်စား
သူ များကြတာကြောင့် အရောင်းအဝယ်ဖြစ်စေ၊ အငှားဈေးနှုန်းဖြစ်စေ နှုန်းထားတွေကမြင့်နေပါတယ်။

ဒီဧရိယာတွေထဲမှာ အိမ်ခြံမြေဈေးနှုန်းတွေကို အစားစား တွေ့နိုင်တာကလည်းဈေးကွက်
အတွက် အထောက်အပံ့ကောင်း ဖြစ်နေပါတယ်။ မြို့သစ်ဧရိယာထဲမှာ ကျပ်သိန်းရာဂဏန်းသာနိုင်နင်းသူတွေလည်း စဉ်းစားနိုင်သလို အလယ်အလတ်တန်းဖြစ်တဲ့ ကျပ်သိန်း ၁,ဝဝဝ
ကနေ ကျပ်သိန်း ၃,၅ဝဝ၊ ဈေးအမြင့်တန်းဖြစ်တဲ့ ကျပ်သိန်း ၈,ဝဝဝ ပတ်ချာလည်အထိ စိတ်ဝင်စားသူတွေအတွက်လည်း မြို့သစ်ဧရိယာဟာ အဆင်ပြေမှု ရှိနေပါတယ်။

အဓိက အားသာချက်ကတော့ မြို့သစ်ဟာ ရွှေ့ပြောင်း အခြေချလိုသူတွေ ဦးစားပေးစဉ်းစားဖို့ကောင်းတဲ့ နယ်ပယ်သစ် ဖြစ်နေတာကြောင့်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။ မြို့တွင်းမှာအိမ်မြေရောင်းချလိုက်လို့ပဲဖြစ်ဖြစ်၊ လက်ထဲစုဆောင်းထား
တဲ့ငွေနဲ့ပဲဖြစ်ဖြစ် မြို့သစ်မှာအလားအလာကောင်းတဲ့ နေရာကို ပြန်ရှာဖွေဝယ်ယူထားမယ်
ဆိုရင် ကိုယ့်လက်ထဲမှာထားရင်ထားနိုင်သလို အကျိုးအမြတ်က သေချာမှု ရှိနေပါတယ်။

တတ်နိုင်တဲ့ ငွေပမာဏနဲ့ စဉ်းစားကြတာများတာကြောင့် အခုအခါမှာ မြေကွက်ပြည့်မတတ်နိုင်သူတွေဟာ ပေ ၄ဝ x ပေ ၆ဝကွက်ပြည့်အစား ပေ ၂ဝ x ပေ ၆ဝလိုမြေတစ်ခြမ်းမျိုးကို ဝယ်ယူကြတာတွေ ရှိတာကြောင့်
မြို့သစ်ထဲမှာ ဒီလိုမြေကွက်တစ်ခြမ်းမှာပဲ
အဆောက်အအုံ ကောင်းကောင်းဆောက်ပြီး နေထိုင်မှုတွေ များပြားလာတာကိုလည်း အခုနောက်ပိုင်းမှာ တွေ့လာရပါတယ်။

ငွေကြေးအင်အားတောင့်တင်းသူ၊ ငွေပူမရှိသူတွေကတော့
နေရာကောင်းကို လက်လွှတ်ပြီးရင် ပြန်ရနိုင်ဖို့မလွယ်ဘူးဆိုတဲ့အတွေးမျိုးနဲ့
ပိုင်ဆိုင်မှုကို လက်ထဲဆုပ်ကိုင်ထားကြတာများတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

နေရာအကွက်အကွင်းသိပ်မကောင်းတဲ့ကျပ်သိန်းရာဂဏန်းဈေးနှုန်းတန်းတွေက အပြောင်းအလဲ အနည်းငယ်ရှိတာကအပ ခေါ်ဈေးတွေမာနေဆဲဖြစ်တဲ့ မြို့သစ်ဧရိယာအိမ်မြေဈေးကွက်ဟာ အငှားဈေးနှုန်းတွေကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပါတယ်။

၆၂ လမ်းလို၊ မနော်ဟရီလမ်းလို နေရာကောင်းတွေမှာ နေရာအကျယ်အဝန်း၊ အဆောက်အအုံအနေအထားတွေအလိုက် တစ်လကိုအောက်ထစ် ကျပ် ၁ဝ သိန်းပတ်ချာလည်အထိ ဈေးနှုန်းတွေရှိနေပါတယ်။
ဒီအနေအထားတွေကြောင့် မြို့သစ်မှာနေထိုင်ဖို့၊ ဒါမှမဟုတ်
ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးထားတယ်ဆိုရင် စောစော အလုပ်လုပ်လေ၊ ကောင်းလေဖြစ်မယ်လို့ အကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။

Credit: Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service